သုက်ရည်ပြွန် ရောင်ရမ်းခြင်း (Epididymitis) အကြောင်း သိကောင်းစရာများ
- 16 Dec, 2019
- မျိုးဆက်ပွားကျန်းမာရေး
သုက်ရည်ပြွန် ဆိုတာကတော့ ဝှေးစေ့အတွင်းမှာ သိမ်းဆည်းထားတဲ့ သုက်ရည်တွေကို ဆီးထုတ်ပြွန်ဆီကို ပို့ဆောင်ပေးရဲ့ ပြွန်တစ်မျိုးပဲ ဖြစ်ပါတယ်။ သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ နာကျင်ခြင်း၊ ဝှေးစေ့ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သုက်ရည်ပြွန် ဆိုတာကတော့ ဝှေးစေ့အတွင်းမှာ သိမ်းဆည်းထားတဲ့ သုက်ရည်တွေကို
ဆီးထုတ်ပြွန်ဆီကို ပို့ဆောင်ပေးရဲ့ ပြွန်တစ်မျိုးပဲ ဖြစ်ပါတယ်။ သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို
ခံစားရတဲ့ အခါမှာ နာကျင်ခြင်း၊ ဝှေးစေ့ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို သတ်လတ်ပိုင်းအရွယ်တွေ အနေနဲ့
ပိုမိုခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ အနေနဲ့လည်း သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို
ခံစားရလေ့ ရှိကြပါတယ်။ သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့
လိင်ဆက်ဆံရမှ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါများ ခံစားရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းများကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- ပါးချိတ်ရောင်ရောဂါ ဖြစ်ပွားခြင်း
- တီဘီရောဂါ ဖြစ်ပွားခြင်း
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- လိင်တူဆက်ဆံခြင်း
- ဆီးကျိတ်ကြီးခြင်း
- ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
- ဆီးပိုက်ထည့်သွင်းဖူးခြင်း
- ပေါင်ခြံတစ်ဝိုက် ဒဏ်ရာရရှိဖူးခြင်း
- Behcet’s ရောဂါ ခံစားနေရခြင်း
- ကျောက်ကပ်ဝေဒနာများ ခံစားနေရခြင်း
သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို ခံစားရတဲ့အခါမှာ ဖျားနာခြင်း၊
ချမ်းတုန်ခြင်း၊ ဆီးအိမ်တစ်ဝိုက် နာကျင်ခြင်း၊ ဝှေးစေ့နာကျင်ခြင်း၊ ကပ္ပယ်အိတ်ရောင်ရမ်းခြင်း၊
ပေါင်ခြံတစ်ဝိုက် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ ဆီးသွားစဥ် နာကျင်ခြင်း၊ မကြာခဏ
ဆီးသွားချင်စိတ်ဖြစ်ခြင်း၊ လိင်တံမှ အကျိအချွဲများထွက်ခြင်း၊ သုက်ရည်မှာ သွေးပါခြင်း၊
ဆီးသွားရမှာ သွေးပါခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်း၊ သုက်လွှတ်ရာမှာ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး စမ်းသပ်
စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။ သုက်ရည်ပြွန် ရောင်ရမ်းခြင်းကို ကုသနိုင်မယ့်/ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများသောက်သုံးခြင်း
- ခွဲစိတ်ကုသခြင်း
- ရေခဲကပ်ခြင်း
- အလေးအပင်မခြင်းကို ရှောင်ကြဥ်ခြင်း
- အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- ကောင်းမွန်စွာ အနားယူခြင်း
- ရေနွေးဖြင့် ရေချိုးပေးခြင်း
REF: MedicalNewsToday, HealthLine
