သွေးလည်ပတ်မှု ကောင်းမွန်အောင် လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းများ
- 16 Dec, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ် ကောင်းမွန်နေဖို့ဆိုတာ တကယ်ကို အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု ဆိုတာကတော့ နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့ သွေးတွေကို သွေးကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့ ပို့ဆောင်ပေးခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ တကယ်လို့ သွေးလည်ပတ်မှု စနစ် ကောင်းမွန်ခြင်း မရှိတဲ့ အခါမှာ နာကျင်ကိုက်ခဲခြင်း၊ ယားယံခြင်း၊ ကြွက်တက်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှု စနစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ် ကောင်းမွန်နေဖို့ဆိုတာ တကယ်ကို
အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ သွေးလည်ပတ်မှု ဆိုတာကတော့ နှလုံးကနေ ထုတ်လွှတ်လိုက်တဲ့
သွေးတွေကို သွေးကြောတွေကနေ တစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့ ပို့ဆောင်ပေးခြင်းကို ဆိုလိုတာပဲ
ဖြစ်ပါတယ်။ တကယ်လို့ သွေးလည်ပတ်မှု စနစ် ကောင်းမွန်ခြင်း မရှိတဲ့ အခါမှာ နာကျင်ကိုက်ခဲခြင်း၊
ယားယံခြင်း၊ ကြွက်တက်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို အခြားသော
ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှု
စနစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
- ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
သွေးလည်ပတ်မှုစနစ် ကောင်းမွန်စေဖို့ အတွက် အဓိက လုပ်ဆောင်ပေးသင့်တဲ့
အချက်ကတော့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ အဝလွန်နေခဲ့မယ်
ဒါမှမဟုတ် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းနေခဲ့မယ်ဆိုရင် သွေးလည်ပတ်မှု စနစ်မှာ အနှောင့်အယှက်တွေနဲ့
ရင်ဆိုင်ရမှာဖြစ်ပြီး ကောင်းမွန်စွာ သွေးမစီးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- လမ်းလျှောက်ခြင်း
နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေဖို့ အတွက် ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းတွေ အထဲမှာ လမ်းလျှောက်ခြင်းကတော့ နှလုံးသွေးလည်ပတ်မှုစနစ်ကို အများဆုံး
အထောက်အကူ ပေးနိုင်တဲ့ စနစ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
- ယောဂ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
ယောဂ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးကြောတွေအပေါ်
ဖိလိုက် လျော့လိုက် လှုပ်ရှားမှုကို ဖြစ်ပေါ်စေမှာ ဖြစ်တာကြောင့် နှလုံးသွေးလည်ပတ်မှုစနစ်ကို
ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- ငါးစားပေးခြင်း
ငါးတွေမှာ ပါဝင်တဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်ဟာ နှလုံးကျန်းမာရေးကို
အထောက်အကူဖြစ်စေသလို သွေးလည်ပတ်မှု စနစ်ကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်
အိုမီဂါ (၃) ဖက်တီးအက်စစ် ပါဝင်တဲ့ ဆဲလ်မွန်၊ ဆာဒင်း၊ တူနာငါးတွေကို စားသုံးပေးသင့်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ငါးများကို စားသုံးရတာ ကြိုက်နှစ်သက်ခြင်း မရှိဘူး ဆိုရင်လည်း
အိုမီဂါ (၃) ဖက်တီးအက်စစ် ပါဝင်တဲ့ ဖြည့်စွက်အားဆေးများကို သောက်သုံးပေးသင့်ပါတယ်။
- ရေနွေးကြမ်း သောက်သုံးပေးခြင်း
ရေနွေးကြမ်းမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေမယ့် ဓာတ်ပေါင်းများစွာ
ပါဝင်တဲ့အပြင် နှလုံးကျန်းမာရေး၊ သွေးလည်ပတ်မှု စနစ်တို့ကို အထောက်အကူဖြစ်စေတဲ့ အန်တီအောက်ဆီဒန့်တွေလည်း
ပါဝင်ပါတယ်။
- သံဓာတ်ထိန်းညှိပေးခြင်း
ခန္ဓာကိုယ် သွေးလည်ပတ်မှုစနစ် ကောင်းမွန်စေဖို့ အတွက် သံဓာတ်ကို
မဖြစ်မနေ လိုအပ်ပါတယ်။ သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ဖို့ အတွက် သံဓာတ်မှာ ပါဝင်တဲ့ ဟီမိုဂလိုဘင်ဓာတ်ကို
လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးနီဥဆဲလ်တွေ နည်းပါးသွားတဲ့ အခါမှာ အောက်ဆီဂျင်ပို့လွှတ်ရာမှာ
အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် သံဓာတ်ပမာဏကို မျှတနေအောင် ထိန်းညှိပေးဖို့
လိုအပ်ပါတယ်။
ဒါ့အပြင် သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေဖို့ အတွက် ဆေးလိပ်ဖြတ်ခြင်း၊
အရက်အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း၊ အဆီများတဲ့ အစားအစာများ စားသုံးမှုကို
ရှောင်ကြဥ်ခြင်း၊ အချိန်ကြာမြင့်စွာ ကိုယ်လက်လှုပ်ရှားမှု မရှိပဲ ငြိမ်သက်နေခြင်းကို
ရှောင်ကြဥ်ခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
REF: MedicalNewsToday