အအိပ်လွန်ရောဂါ (Hypersomnia) အကြောင်း သိကောင်းစရာများ
- 13 Dec, 2019
- အဖြစ်များသောရောဂါများ
အအိပ်လွန်ရောဂါ ဆိုတာကတော့ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဖြစ်ပြီး နေ့ဘက်တွေမှာပါ အိပ်ချင်စိတ်ကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အအိပ်လွန်ရောဂါကို ခံစားနေရတဲ့ အခါမှာ ညအခါတွေမှာ အချိန်ကြာမြင့်စွာ အိပ်စက်ထားပေမယ့် နိုးထလာပြီး သိပ်မကြာခင်အချိန်အတွင်းမှာ ပြန်လည် အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အအိပ်လွန်ရောဂါ ဆိုတာကတော့ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဖြစ်ပြီး
နေ့ဘက်တွေမှာပါ အိပ်ချင်စိတ်ကို ဖြစ်ပွားစေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အအိပ်လွန်ရောဂါကို
ခံစားနေရတဲ့ အခါမှာ ညအခါတွေမှာ အချိန်ကြာမြင့်စွာ အိပ်စက်ထားပေမယ့် နိုးထလာပြီး သိပ်မကြာခင်အချိန်အတွင်းမှာ
ပြန်လည် အိပ်ချင်စိတ်တွေ ဖြစ်ပေါ်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အအိပ်လွန်ရောဂါကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- ပင်မ အအိပ်လွန်ရောဂါ (Primary Hypersomnia)
ပင်မ အအိပ်လွန်ရောဂါကို ဖြစ်ပွားစေတဲ့ အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့
အလွန်အမင်း ပင်ပန်းနွမ်းနယ်စေတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေရခြင်းကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးလိုက်ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း
ပင်မ အအိပ်လွန်ရောဂါကို ခံစားရလေ့ ရှိကြပါတယ်။
- ဆင့်ပွား အအိပ်လွန်ရောဂါ (Secondary Hypersomnia)
ဆင့်ပွား အအိပ်လွန်ရောဂါ ဆိုတာကတော့ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များကြောင့်
ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆင့်ပွားအအိပ်လွန်ရောဂါကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အိပ်ပျော်နေစဥ် အသက်ရှူရပ်ခြင်း (Sleep Apnea)
- နေ့အခါမှာ အိပ်ချင်စိတ် ဖြစ်ပွားခြင်း (Narcolepsy)
- ညအခါမှာ အိပ်မပျော်ြခင်း
- အယ်လ်ဇိုင်းမားရောဂါ ခံစားနေရခြင်း
- ဗိုင်းရပ်ပိုး ကူးစက်ခံဖူးခြင်း
- စိတ်ဖိစီးမှု လွန်ကဲခြင်း
- အဝလွန်ခြင်း
- ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်း
- အချို့သော ဆေးဝါးများ သောက်သုံးနေရခြင်း
- စိတ်ကျဝေဒနာ ခံစားနေရခြင်း
အအိပ်လွန်ရောဂါကို ခံစားရတဲ့ အခါမှာ အားအင်နည်းပါးခြင်း၊ နေ့ဘက်တွေမှာ အိပ်ပျော်ခြင်း၊ အိပ်ရာကနေ နိုးထလာပေမယ့် လန်းဆန်းတက်ကြွမှုမရှိခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ စဥ်းစားတွေးခေါ်နိုင်စွမ်း ကျဆင်းခြင်း၊ သတိမေ့လွယ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်း၊ အိပ်ရာကနေ နိုးထရန် ခက်ခဲခြင်း၊ ရုတ်တရက် အိပ်ပျော်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အအိပ်လွန်ရောဂါကို ခံစားရခြင်းကြောင့် နေ့စဥ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ဘဲ လုပ်ငန်းခွင်၊ ကျောင်းခွင်တွေမှာ ထိခိုက် နစ်နာမှုတွေနဲ့လည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အအိပ်လွန်ရောဂါကို ကာကွယ်နိုင်မယ့်
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အိပ်ခါနီးအချိန်မှာ ကဖိန်း၊ နီကိုတင်းပါဝင်တဲ့
အစားအစာများ သုံးစွဲခြင်းကို ရှောင်ကြဥ်ခြင်း
- အရက်အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
- အစာချေရခက်ခဲတဲ့ အစားအစာများ ညအခါမှာ
စားသုံးမှုကို ရှောင်ကြဥ်ခြင်း
- ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း
- ညဥ့်နက်သန်းခေါင်ယံ အချိန်ထိ မအိပ်ဘဲ
နေထိုင်ခြင်းကို ရှောင်ကြဥ်ခြင်း
- အိပ်မပျော်ခြင်းကို ဖြစ်ပွားစေတဲ့ ဆေးဝါးများ
သုံးစွဲမှုကို တတ်နိုင်သလောက် ရှောင်ကြဥ်ခြင်း
REF: HealthLine