အရိုးကျူမာအကြောင်း သိကောင်းစရာများ
- 13 Dec, 2019
- ကင်ဆာရောဂါများ
အရိုးတွင်း ဆဲလ်များ အထိန်းအကွပ်မဲ့ ပြန့်ပွားလာပြီး တစ်သျှူးအစိုင်အခဲများ အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ အရိုးကျူမာရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အရိုးကျူမာ ဖြစ်ပွားခြင်းကြောင့် ကင်ဆာရောဂါကို ခံစားရမှာ မဟုတ်သလို အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကျူမာကျိတ်တွေ ပြန့်ပွားခြင်းကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အရိုးကျူမာ ခံစားရတဲ့အခါမှာ အရိုးအားနည်းခြင်း၊ အရိုးကျိုးလွယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အရိုးတွင်း ဆဲလ်များ အထိန်းအကွပ်မဲ့ ပြန့်ပွားလာပြီး တစ်သျှူးအစိုင်အခဲများ
အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ အရိုးကျူမာရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်
အရိုးကျူမာ ဖြစ်ပွားခြင်းကြောင့် ကင်ဆာရောဂါကို ခံစားရမှာ မဟုတ်သလို အခြားသော ခန္ဓာကိုယ်
အစိတ်အပိုင်းတွေကို ကျူမာကျိတ်တွေ ပြန့်ပွားခြင်းကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း
အရိုးကျူမာ ခံစားရတဲ့အခါမှာ အရိုးအားနည်းခြင်း၊ အရိုးကျိုးလွယ်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
အရိုးကျူမာကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကို လက်ရှိအချိန်ထိ
သိရှိကြခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မျိုးရိုးလိုက်ခြင်း၊ ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း၊
အရိုးမှာ ထိခိုက်ဒဏ်ရာရရှိဖူးခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့် အရိုးကျူမာ ဝေဒနာကို
ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကင်ဆာဆေးတွေ သုံးစွဲခြင်းကြောင့်လည်း အရိုးကျူမာကို
ဖြစ်ပွားစေနိုင်ပါတယ်။
အရိုးကျူမာရောဂါကို ခံစားရတဲ့ အခါမှာ -
- အရိူးများ နာကျင်ကိုက်ခဲခြင်း
- အရိုးအားနည်းခြင်း
- အရိုးကျိုးလွယ်ခြင်း
- အရိုးများ ရောင်ရမ်းခြင်း
- မောပန်းနွမ်းနယ်ခြင်း
- အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်ကျဆင်းခြင်း
- အဖျားကြီးခြင်း
- ညအခါမှာ ချွေးထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အရိုးကျူမာရောဂါကို ခံစားနေရပြီး သက်သာ
ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ကင်ဆာကျိတ်များ အဖြစ် ပြောင်းလဲသွားနိုင်တာကြောင့်
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။ အရိုးကင်ဆာရောဂါကို
ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
အရိုးကင်ဆာရောဂါကို ကုသရာမှာ ခွဲစိတ်ကုသခြင်း နည်းလမ်းကို အသုံးပြုလေ့
ရှိကြပါတယ်။ အရိုးအတွင်းမှာ ပြန့်ပွားနေတဲ့ ကျူမာကျိတ်တွေကို ခွဲစိတ်ပြီး ဖယ်ရှားပစ်ခြင်းဖြင့်
အရိုးကင်ဆာကို ကုသနိုင်မှာ ဖြစ်ပါတယ်။
- ဓာတ်ကင်ကုသခြင်း
ပြင်းထန်ဓာတ်ရောင်ခြည်များကို အသုံးပြုကာ အရိုးအတွင်းမှာ ပျံ့နှံ့နေတဲ့
ကင်ဆာကျိတ်တွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ကင်ကုသခြင်းကြောင့် အရိုးကျူမာတွေကြောင့်
ခံစားနေရတဲ့ နာကျင်မှုတွေကို လျော့ချပစ်နိုင်မှာ ဖြစ်သလို အရိုးကွဲအက်လွယ်ခြင်းကိုလည်း
ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ကီမိုဆေးသွင်း ကုသခြင်း
ကီမိုဆေးသွင်း ကုသခြင်းဆိုတာကတော့ ကင်ဆာတိုက်ဖျက်ရေး ဆေးဝါးတွေကို
အသုံးပြုပြီး အရိုးအတွင်းမှာ ပျံ့နှံ့နေတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုသနည်းတစ်မျိုးပဲ
ဖြစ်ပါတယ်။ ဒါပေမယ့် ကီမိုဆေးသွင်း ကုသခြင်းကြောင့် မူးဝေခြင်း၊ အမောမခံနိုင်ခြင်း၊
ဆံပင်ကျွတ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
REF: HealthLine
