ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ရောဂါ

  • 13 Dec, 2019
  • အဖြစ်များသောရောဂါများ

ဦးနှောက်အမြှေးရောင်ခြင်း ဆိုတာကတော့ ဦးနှောက်အပြင်ပိုင်းနဲ့ ကျောရိုးမကြီး ပတ်လည်မှာ တည်ရှိနေတဲ့ အမြှေးပါးတွေ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်းကို ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်လည်း ခံစားရနိုင်သလို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းကြောင့်လည်း ခံစားရနိုင်ပါတယ်။ ဦးနှောက်မြှေးရောင်ခြင်းကို ဗိုင်းရပ်စ်ပိုးကြောင့် အများအားဖြင့် ခံစားရလေ့ ရှိပေမယ့်လည်း ဘက်တီးရီးယားကြောင့် ဦးနှောက်မြှေးရောင်ခြင်းကို ခံစားရတဲ့ အခါမှာ အသက် သေဆုံးစေတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဦးနှောက်အမြှေးရောင်ခြင်း ဆိုတာကတော့ ဦးနှောက်အပြင်ပိုင်းနဲ့ ကျောရိုးမကြီး ပတ်လည်မှာ တည်ရှိနေတဲ့ အမြှေးပါးတွေ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်းကို ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့်လည်း ခံစားရနိုင်သလို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းကြောင့်လည်း ခံစားရနိုင်ပါတယ်။ ဦးနှောက်မြှေးရောင်ခြင်းကို ဗိုင်းရပ်စ်ပိုးကြောင့် အများအားဖြင့် ခံစားရလေ့ ရှိပေမယ့်လည်း ဘက်တီးရီးယားကြောင့် ဦးနှောက်မြှေးရောင်ခြင်းကို ခံစားရတဲ့ အခါမှာ အသက် သေဆုံးစေတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။  

ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို ခံစားရတဲ့အခါမှာ အပြင်းအထန် ဖျားနာခြင်း၊ အုန်းလွဲခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အရေပြားမှာ ခရမ်းရောင် အကွက်များ ထွက်ပေါ်လာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ နားမကြားရခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်း၊ သတိလစ်ခြင်း၊  ဦးနှောက်ထိခိုက်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် တစ်ခါတရံမှာ အသက်သေဆုံးတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ ဘက်တီးရီးယား အမြှေးရောင်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ‌ရောဂါ ဝေဒနာတွေကို  ခံစားနေရမယ်ဆိုရင် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် ကုသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးတွေကတေ့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Streptococcus Pneumoniae
  • Neisseria Meningitidis
  • Haemophilus Influenzae
  • Listeria Monocytogenes
  • Group B Strep
  • E. Coli

ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို ဖြစ်ပွားစေနိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေ အနေနဲ့ လူ့ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေနိုင်သလို ဘေးပတ်ဝန်ကျင်မှာလည်း တည်ရှိနေနိုင်ပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးတွေကြောင့် များသောအားဖြင့် ကျန်းမာရေးကို ထိခိုက်စေမှာ မဟုတ်ပေမယ့်လည်း ဘက်တီးရီးယားပိုးတွေ သွေးလွှတ်ကြောကနေ တစ်ဆင့် ဦးနှောက်နဲ့ ကျောရိုးမကြီးကို ရောက်ရှိသွားတဲ့ အခါမှာ ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို နမ်းရှုံ့ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကနေ တစ်ဆင့်လည်း ကူးစက်နိုင်သလို ဘက်တီးရီးယားပိုး တွယ်ကပ်နေတဲ့ ဒိန်ခဲတွေ၊ ပေါင်မုန့်အသားညှပ်တွေ၊ ဟော့ဒေါ့တွေ စားသုံးခြင်းကနေ တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒါ့အပြင် ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ အနေနဲ့ များသောအားဖြင့် ခံစားရလေ့ရှိသလို ဦးခေါင်းခွံ ကွဲအက်ခြင်း၊ ဦးခေါင်း ခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊ (Sinus Infection) ကူးစက်ရောဂါ ခံစားနေရခြင်း၊ ခုခံအားကျဆင်းခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ခံစားရနိုင်ပါတယ်။

ဘက်တီးရီးယား ဦးနှောက်မြှေးရောင်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • လက်ကိုစင်ကြယ်စွာဆေးကြောခြင်း
  • တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း
  • ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အစားအစာများ စားသုံးပေးခြင်း
  • ဘက်တီးရီးယားပိုး ကာကွယ်ဆေးများထိုးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း
REF: Healthline

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.