သည်းခြေအိတ်ရောင်ရမ်းခြင်း အကြောင်း သိကောင်းစရာများ

  • 12 Dec, 2019
  • အဖြစ်များသောရောဂါများ

သည်းခြေအိတ် ဆိုတာကတော့ အသည်းအောက်ပိုင်းမှာ တည်ရှိနေတဲ့ သေးငယ်တဲ့ အိတ်ပုံစံ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ုခပဲ ဖြစ်ပါတယ်။ အဆိုပါ သည်းခြေအိတ် အတွင်းမှာ အသည်းမှ ထုတ်လွှတ်ပေးလျက်ရှိတဲ့ သည်းခြေရည်များကို သိမ်းစည်းပေးထားပြီး အစာချေဖျက်ဖို့ လိုအပ်လာတဲ့ အခါမှာ အူသိမ်အတွင်းကို သည်းခြေရည်များကို ပို့လွှတ်ပေးလျက် ရှိပါတယ်။

သည်းခြေအိတ် ဆိုတာကတော့ အသည်းအောက်ပိုင်းမှာ တည်ရှိနေတဲ့ သေးငယ်တဲ့ အိတ်ပုံစံ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ုခပဲ ဖြစ်ပါတယ်။ အဆိုပါ သည်းခြေအိတ် အတွင်းမှာ အသည်းမှ ထုတ်လွှတ်ပေးလျက်ရှိတဲ့ သည်းခြေရည်များကို သိမ်းစည်းပေးထားပြီး အစာချေဖျက်ဖို့ လိုအပ်လာတဲ့ အခါမှာ အူသိမ်အတွင်းကို သည်းခြေရည်များကို ပို့လွှတ်ပေးလျက် ရှိပါတယ်။  

တယ်လို့ သည်းခြေအိတ်အတွင်းမှ သည်းခြေရည်တွေကို အူသိမ်အတွင်း ပို့လွှတ်ရာလမ်းကြောင်းမှာ ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် သည်းခြေအိတ်ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သည်းခြေအိတ် ရောင်ရမ်းခြင်းကို ကုသခဲ့ခြင်း မရှိဘူးဆိုရင် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကို ခံစားရမှာ ဖြစ်ပါတယ်။  

သည်းခြေအိမ်ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အချက်ကတော့ သည်းခြေကျောက်တည်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ သည်းခြေကျောက်တွေ အနေနဲ့ သည်းခြေအိတ်ကနေ အူသိမ်ကို သည်းခြေရည် ပို့လွှတ်ရာ လမ်းကြောင်းမှာ ပိတ်ဆို့မှုတွေကို ဖြစ်ပွားစေနိုင်ပြီး သည်းခြေအိတ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

သည်းခြေအိမ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အကျိတ်ဖြစ်ခြင်း

သည်းခြေအိတ်မှာ အကျိတ်ဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ သည်းခြေအိတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေမှာ ဖြစ်တဲ့အပြင် သည်းခြေအိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • သည်းခြေပြွန် ပိတ်ဆို့ခြင်း

သည်းခြေပြွန်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့အခါမှာ သည်းခြေပြွန် ပိတ်ဆို့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ သည်းခြေပြွန် ပိတ်ဆို့သွားခြင်းကြောင့် သည်းခြေရည် ပို့ဆောင်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို သည်းခြေအိတ် ရောင်ရမ်းခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • ရောဂါပိုးဝင်ခြင်း

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ အီဘိုလာရောဂါ၊ ကျောက်ကြီးရောဂါစတဲ့ ကူးစက်ရောဂါ‌တွေကို ခံစားရတဲ့ အခါမှာလည်း သည်းခြေအိတ် ရောင်ရမ်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • သွေးကြောဆိုင်ရာ ရောဂါများ ခံစားနေရခြင်း

သွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရတဲ့ အခါမှာ သည်းခြေအိတ်ကို သွေးပို့လွှတ်မှု နည်းပါးသွားမှာ ဖြစ်ပါတယ်။ အခုလို သွေးပို့လွှတ်မှု နည်းပါးသွားခြင်းကြောင့် သည်းခြေအိတ် အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်တဲ့အပြင် သည်းခြေအိတ် ရောင်ရမ်းခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်း၊ အသက်အရွယ် ကြီးမြင့်ခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ သည်းခြေအိတ် တစ်သျှူးများ ပျက်ဆီးခြင်း၊ သည်းခြေအိတ် စုတ်ပြဲခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း၊ အဆီများတဲ့ အစားအစာများ စားသုံးခြင်း၊ သည်းခြေအိတ် ပိုးဝင်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ကျောက်ကပ်ဝေဒနာများ ခံစားရခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း သည်းခြေအိတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။

သည်းခြေအိတ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ရင်ဘတ်အပေါ်ပိုင်း နာကျင်ခြင်း၊ ဖျားနာခြင်း၊ သွေးဖြူဥ ပမာဏ များပြားခြင်း၊ သည်းခြေအိတ် တစ်ဝိုက် နာကျင်ခြင်း၊ ဝမ်းဗိုက် ညာဘက် အပေါ်ပိုင်း နာကျင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ချမ်းတုန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

သည်းခြေအိတ် ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အဆီများတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အချိန်မှန်မှန် အစာ စားသုံးပေးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးခြင်း
  • ကိုယ်အလေးချိန် ထိန်းညှိခြင်း
REF: MedicalNewsTodayWebMDMayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.