ရာသီထိမ်ခြင်း (Amenorrhea)
- 12 Dec, 2019
- အမျိုးသမီးကျန်းမာရေး
အမျိုးသမီးတွေ အနေနဲ့ ပျိုဖော်ဝင်စဥ် ကာလက စတင်ပြီး တစ်လတစ်ကြိမ် ရာသီသွေးဆင်းခြင်းကို ပြုလုပ်လေ့ ရှိကြပါတယ်။ ရာသီထိမ်ခြင်းဆိုတာကတော့ သတ်မှတ်ကာလမှာ ရာသီသွေးမဆင်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ဒါမှမဟုတ် သွေးဆုံးပြီးချိန်မှာ ရာသီသွေးမဆင်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေကြောင့် မဟုတ်ပဲ အကြောင်းပြချက်မရှိ ရာသီသွေးမဆင်းခြင်းကို ခံစားရနေမယ် ဆိုရင်တော့ ရာသီထိမ်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ ပျိုဖော်ဝင်စဥ် ကာလက စတင်ပြီး တစ်လတစ်ကြိမ်
ရာသီသွေးဆင်းခြင်းကို ပြုလုပ်လေ့ ရှိကြပါတယ်။ ရာသီထိမ်ခြင်းဆိုတာကတော့ သတ်မှတ်ကာလမှာ
ရာသီသွေးမဆင်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်နေစဥ်
ကာလမှာ ဒါမှမဟုတ် သွေးဆုံးပြီးချိန်မှာ ရာသီသွေးမဆင်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေကြောင့် မဟုတ်ပဲ အကြောင်းပြချက်မရှိ ရာသီသွေးမဆင်းခြင်းကို
ခံစားရနေမယ် ဆိုရင်တော့ ရာသီထိမ်ခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
ရာသီထိမ်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- ပင်မရာသီထိမ်ခြင်း (Primary Amenorrhea)
ပင်မရာသီထိမ်ခြင်း ဆိုတာကတော့ ပျိုဖော်ဝင်လာခဲ့ပေမယ့် ရာသီသွေးဆင်းခြင်း
လုပ်ငန်းဆောင်စဥ်ကို လုပ်ဆောင်ရန် ပျက်ကွက်နေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ပင်မရာသီထိမ်ခြင်းကို
များသောအားဖြင့် (Turner Syndrome) ဝေဒနာကို ခံစားနေရခြင်း၊ ခန္ဓာကိုယ်တွင်း
ကျားဟော်မုန်းတွေ (Testosterone) များပြားနေခြင်း၊ မျိုးပွားအင်္ဂါများ
ဖွံ့ဖြိုးနှုန်း နိမ့်ကျခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။
ပင်မရာသီထိမ်ခြင်းဆိုတာ အဖြစ်နည်းတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး
တကယ်လို့ သင့်အနေနဲ့ ပင်မရာသီထိမ်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး ကုသမှုတွေ ခံယူသင့်ပါတယ်။
- ဆင့်ပွားရာသီထိမ်ခြင်း (Secondary Amenorrhea)
ဆင့်ပွားရာသီထိမ်ခြင်းဆိုတာကတော့ ရာသီထိမ်ခြင်း အမျိုးအစားတွေ
အထဲမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း ရာသီသွေးဆင်းနေရာကနေ
ရုတ်တရက် ရာသီသွေးမဆင်းခြင်းကို ခံစားရတဲ့ အခါမှာ ဆင့်ပွားရာသီထိမ်ခြင်းကို ခံစားနေရပြီ
ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ဆင့်ပွားရာသီထိမ်ခြင်းကို အဝလွန်ခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်း၊
ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း၊ လေ့ကျင့်ခန်းများ အလွန်အကျွံ လုပ်ဆောင်ခြင်း၊
သားဥအိမ်ကင်ဆာ ခံစားနေရခြင်း၊ သားအိမ်ထုတ်ထားခြင်း၊ ဟော်မုန်း မျှတမှုမရှိခြင်း၊ ကီမိုဆေးသွင်း
ကုသမှု ခံယူဖူးခြင်း၊ သန္ဓေတားဆေးများ အသုံးပြုမှုကို ရုတ်တရက် ရပ်တန့်လိုက်ခြင်း၊
စိတ်ကျခြင်း၊ အချို့သော ဆေးဝါးများ သောက်သုံးခြင်း၊ မျိုးရိုးလိုက်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်
ခံစားရလေ့ ရှိကြပါတယ်။
ရာသီထိမ်ခြင်းကို ခံစားနေရတဲ့ အခါမှာ အောက်ပါရောဂါ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
- သားမြတ်ခေါင်းမှ အရည်ထွက်ခြင်း
- ရာသီသွေးမဆင်းခြင်း
- ခေါင်းကိုက်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
- အမွှေးအမျှင်များ ထူထပ်လာခြင်း
- ဆီးအိမ်နာကျင်ခြင်း
- ဝက်ခြံများ အလွန်အကျွံ ထွက်ပေါ်လာခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရတဲ့အပြင် ရာသီထိမ်ခြင်းကို နှစ်လထက်ပိုပြီး ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ
ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆေးဝါးကုသမှုတွေကို ခံယူသင့်ပါတယ်။
ရာသီမထိမ်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို
လိုက်နာဆောင့်ရွက်သင့်ပါတယ်။
- ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
- အစာအစားများကို အာဟာရ မျှတအောင် စားသုံးခြင်း
- လေ့ကျင့်ခန်း အလွန်အကျွံ လုပ်ဆောင်မှုကို ရှောင်ကြဥ်ခြင်း
- စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျော့ချခြင်း
REF: HealthLine, MayoClinic