အက်ဒီဆင်ရောဂါအကြောင်း သိကောင်းစရာများ

  • 12 Dec, 2019
  • အဖြစ်များသောရောဂါများ

ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ ကျောက်ကပ်တွေရဲ့ ထိပ်ပိုင်းနားမှာ အက်ဒရီနယ်ဂလင်းတွေ (Adrenal Glands) တည်ရှိနေပါတယ်။ အဆိုပါ အက်ဒရီနယ်ဂလင်းတွေကနေ ခန္ဓာကိုယ်အတွက် ဟော်မုန်းပေါင်း များစွာကို ထုတ်လွှတ်ပေးလျက် ရှိပါတယ်။ အက်ဒီဆင်ရောဂါ ဆိုတာကတော့ အက်ဒရီနယ်ဂလင်း အပြင်လွှာ ပျက်စီးခြင်းသွားခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ (Cortisol) ဟော်မုန်း၊ (Aldosterone) ဟော်မုန်းစတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်နိုင်ခြင်း မရှိတော့တဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ ကျောက်ကပ်တွေရဲ့ ထိပ်ပိုင်းနားမှာ အက်ဒရီနယ်ဂလင်းတွေ (Adrenal Glands) တည်ရှိနေပါတယ်။ အဆိုပါ အက်ဒရီနယ်ဂလင်းတွေကနေ ခန္ဓာကိုယ်အတွက် ဟော်မုန်းပေါင်း များစွာကို ထုတ်လွှတ်ပေးလျက် ရှိပါတယ်။ အက်ဒီဆင်ရောဂါ ဆိုတာကတော့ အက်ဒရီနယ်ဂလင်း အပြင်လွှာ ပျက်စီးခြင်းသွားခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ (Cortisol) ဟော်မုန်း၊ (Aldosterone) ဟော်မုန်းစတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်နိုင်ခြင်း မရှိတော့တဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

(Cortisol) ဟော်မုန်းဆိုတာကတော စိတ်ဖိစီးမှုတွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ (Aldosterone) ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တို့ လျော့ကျသွားခြင်း၊ မြင့်တက်သွားခြင်းမရှိအောင် ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အက်ဒရီနယ်ဂလင်း အပြင်လွှာကနေ လိင်စိတ်ကို ဖြစ်ပေါ်စေတဲ့ (Androgens) ဟော်မုန်းကိုလည်း ထုတ်လွှတ်ပေးလျက် ရှိတာကြောင့် အက်ဒီဆင်ရောဂါကို ခံစားရတဲ့ အခါမှာ လိင်စိတ်ပြင်းပြမှုတွေလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

အက်ဒီဆင်ရောဂါကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကင်ဆာရောဂါ ခံစားနေရခြင်း
  • သွေးကျဲဆေးများ သုံးစွဲဖူးခြင်း
  • တီဘီရောဂါ ခံစားနေရခြင်း
  • အက်ဒရီနယ်ဂလင်း အစိတ်အပိုင်း အချို့ကို ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
  • ဆီးချိုအမျိုးအစား (၁) ခံစားနေရခြင်း

အက်ဒီဆင်ရောဂါကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • မူလအက်ဒရီနယ် မလုံလောက်ခြင်း (Primary Adrenal Insufficiency)

မူလအက်ဒရီနယ် မလုံလောက်ခြင်း ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းမှ အက်ဒရီနယ်ဂလင်းတွေ ပျက်စီးသွားပြီး ဟော်မုန်းတွေ ထုတ်လွှတ်နိုင်ခြင်း မရှိတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ဝေဒနာတစ်မျိုးပဲ ဖြစ်ပါတယ်။ မူလအက်ဒရီနယ် မလုံလောက်ခြင်းကို (Autoimmune) ရောဂါ ခံစားရခြင်းကြောင့် အဓိကအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။ (Autoimmune) ရောဂါ ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ အစိတ်အပိုင်းတွေကို ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးများ အဖြစ် အမြင်မှားကာ တိုက်ခိုက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ မူလအက်ဒရီနယ် မလုံလောက်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • (Glucocorticoids) ဆေးဝါးများကို ကာလရှည် သုံးစွဲခဲ့ခြင်း
  • ရောဂါပိုးဝင်ခြင်း
  • ကင်ဆာရောဂါ ဖြစ်ပွားခြင်း
  • သွေးကျဲဆေးများ သောက်သုံးခြင်း


  • ဆင့်ပွားအက်ဒရီနယ် မလုံလောက်ခြင်း (Secondary Adrenal Insufficiency)

ဆင့်ပွားအက်ဒရီနယ် မလုံလောက်ခြင်း ဆိုတာကတော့ ဦးနှောက်အတွင်းမှာ တည်ရှိနေတဲ့ (Pituitary) ဂလင်း အနေနဲ့ (ACTH) ဟော်မုန်းကို ထုတ်လွှတ်နိုင်ခြင်း မရှိတဲ့ အခါမှာ ခံစားရမှာဖြစ်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ (ACTH) ဟော်မုန်း အနေနဲ့ အက်ဒရီနယ်ဂလင်းတွေကို ဘယ်အချိန်မှာ ဟော်မုန်းထုတ်လွှတ်ရမယ် ဆိုတာကို ထိန်းချုပ်ထားတာ ဖြစ်တာကြောင့် (ACTH) ဟော်မုန်း ထုတ်လွှတ်နိုင်ခြင်း မရှိတဲ့ အခါမှာလည်း အက်ဒီဆင်ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။

ဆင့်ပွားအက်ဒရီနယ် မလုံလောက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဦးနှောက်တွင်း အကျိတ်ဖြစ်ခြင်း
  • အချို့သော ဆေးဝါးများ သုံးစွဲခြင်း
  • မျိုးရိုးလိုက်ခြင်း
  • ဦးနှောက် ထိခိုက်ဒဏ်ရာရခြင်း

အက်ဒီဆင်ရောဂါကို ခံစားရတဲ့ အခါမှာ အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ကြွက်သားများ အားနည်းခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အသားအ‌ရေ ညိုညစ်လာခြင်း
  • ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • နှလုံးခုန်နှုန်း နိမ့်ကျခြင်း
  • သွေးတွင်း သကြားဓာတ် လျော့နည်းခြင်း
  • ပါးစပ်တွင်း အနာဖြစ်ခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • စိတ်ကျခြင်း
  • အိပ်မပျော်ခြင်း

တကယ်လို့ အက်ဒီဆင်ရောဂါကို အချိန်ကြာမြင့်စွာ ခံစားနေရပြီး သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် (Addisonian Crisis) ရောဂါ အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ (Addisonian Crisis) ရောဂါဆိုတာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ (Addisonian Crisis) ရောဂါကို ခံစားရတဲ့ အခါမှာ -

  • အပြင်းအထန် ဖျားနာခြင်း
  • သတိလစ်ခြင်း
  • ခါး၊ ဝမ်းဗိုက်၊ ခြေထောက်များ အလွန်အမင်း နာကျင်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနဲ့ ရင်ဆိုင်ရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်ပြသပြီး အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.