စိတ်ဖိစီးမှုတွေ များပြားနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်များ

  • 11 Dec, 2019
  • အဖြစ်များသောရောဂါများ

စိတ်ဖိစီးခြင်းဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ များပြားလာတဲ့ အခါမှာ ကိုယ်ကျန်းမာရေးကိုရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတရံမှာ လူသားတွေ အနေနဲ့ စိတ်ဖိစီးမှုတွေ များပြားလွန်းတဲ့ အခါမှာ ကိုယ့်ကိုယ်ကို သတ်သေမိတဲ့အထိ ပြုလုပ်မိလေ့ ရှိကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များပြားနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

စိတ်ဖိစီးခြင်းဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ အထဲမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ များပြားလာတဲ့ အခါမှာ ကိုယ်ကျန်းမာရေးကိုရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ တစ်ခါတရံမှာ လူသားတွေ အနေနဲ့ စိတ်ဖိစီးမှုတွေ များပြားလွန်းတဲ့ အခါမှာ ကိုယ့်ကိုယ်ကို သတ်သေမိတဲ့အထိ ပြုလုပ်မိလေ့ ရှိကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များပြားနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဝက်ခြံများ ထွက်ပေါ်လာခြင်း

ဝက်ခြံများ ထွက်ပေါ်လာခြင်းကတော့ စိတ်ဖိစီးမှုတွေ များပြားနေပြီဖြစ်ကြောင်း ရုပ်ပိုင်းဆိုင်ရာအရ အလွယ်တကူ သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ လူသားတွေ အနေနဲ့ စိတ်ဖိစီးစရာ အကြောင်းကိစ္စတွေနဲ့ ကြုံတွေ့ရတဲ့ အခါမှာ မျက်နှာကို လက်ဖြင့် ပွတ်သပ်ခြင်း အပြုအမူကို မကြာခဏ လုပ်ဆောင်မိလေ့ ရှိကြပါတယ်။ အခုလို လက်ဖြင့်ပွတ်သပ်ခြင်းကြောင့် လက်မှာတွယ်ကပ်နေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေ မျက်နှာပေါ်ကို ကူးသန်းသွားပြီး ဝက်ခြံများကို ထွက်ပေါ်စေမှာ ဖြစ်ပါတယ်။

  • အပြင်းအထန် ခေါင်းကိုက်ခြင်း

စိတ်ဖိစီးမှုတွေ များပြားနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ် တစ်ချက်ကတော့ အပြင်းအထန် ခေါင်းကိုက်ခြင်းကို မကြာခဏ ခံစားရခြင်းပဲ ဖြစ်ပါတယ်။

  • ကြွက်သားများ၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း

စိတ်ရှုပ်စရာ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်းမှာ Cortisol ဟော်မုန်းတွေ အများအပြား ထွက်ပေါ်လာလေ့ ရှိပါတယ်။ အခုလို Cortisol ဟော်မုန်းတွေ အများအပြား ထွက်ပေါ်လာခြင်းကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မကြာခဏ ဖျားနာခြင်း

စိတ်ဖိစီးမှုတွေ များပြားလာတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအား စနစ်လည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ခုခံစွမ်းအားစနစ် ကျဆင်းသွားခြင်းကြောင့် ရောဂါပိုး ကူးစက်မှုတွေကို အလွယ်တကူ ခံစားရမှာ ဖြတာကြောင့် မကြာခဏ ဖျားနာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • အိပ်မပျော်ခြင်း

စိတ်ဖိစီးမှု များပြားလာခြင်းရဲ့ နောက်ထပ် ဆိုးကျိုးတစ်ခုကတော့ ညအခါတွေမှာ အိပ်မပျော်ခြင်းပဲ ဖြစ်ပါတယ်။ ညအခါတွေမှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခြင်း မရှိတာကြောင့် နောက်တစ်နေ့ အိပ်ရာကနေ နိုးထလာတဲ့ အခါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ချိနဲ့ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • လိင်စိတ်ပြင်းပြမှု မရှိခြင်း

လူသား အများစု အနေနဲ့ စိတ်ဖိစီးမှုတွေ များလာတဲ့ အခါမှာ လိင်စိတ်ပြင်းပြမှုတွေလည်း ကျဆင်းသွားလေ့ ရှိကြပါတယ်။

  • အစာချေစနစ် ချို့ယွင်းခြင်း

စိတ်ဖိစီးမှုတွေ များလာတဲ့ အခါမှာ အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်းစတဲ့‌ ဝေဒနာတွေကို ခံစားရနိုင်သလို စိတ်ဖိစီးမှုတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အူရောင်ရောဂါတွေကို ခံစားရနိုင်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.