မိန်းမကိုယ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 11 Dec, 2019
- မျိုးဆက်ပွားကျန်းမာရေး
အမျိုးသမီး အများစု အနေနဲ့ တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ မိန်းမကိုယ် ယားယံခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ မိန်းမကိုယ် ယားယံခြင်းကို ခံစားရတဲ့ အခါမှာ အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ယားယံသကဲ့သို့ အလွယ်တကူ ကုတ်ရန် မလွယ်ကူတာကြောင့် အတော်ကို ခံစားရခက်မှာ အသေအချာပါပဲ။ ဒါကြောင့် မိန်းမကိုယ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အမျိုးသမီး အများစု အနေနဲ့ တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ မိန်းမကိုယ်
ယားယံခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ မိန်းမကိုယ် ယားယံခြင်းကို ခံစားရတဲ့ အခါမှာ အခြားသော
ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ယားယံသကဲ့သို့ အလွယ်တကူ ကုတ်ရန် မလွယ်ကူတာကြောင့် အတော်ကို
ခံစားရခက်မှာ အသေအချာပါပဲ။ ဒါကြောင့် မိန်းမကိုယ် ယားယံခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- မှိုပိုးကူးစက်ခြင်း
မိန်းမကိုယ် ယားယံခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အချက်ကတော့ မှိုပိုးကူးစက်ခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီးတွေရဲ့ လိင်အင်္ဂါအတွင်းမှာ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေတဲ့
ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေ အတူတကွ ယှဥ်တွဲ နေထိုင်လျက် ရှိကြပါတယ်။ အကျိုးပြု
ဘက်တီးရီးယားတွေ အနေနဲ့ မှိုပိုးများ အလွန်အမင်း ပြန့်ပွားလာခြင်း မရှိအောင် ထိန်းထားပေးလေ့
ရှိကြပါတယ်။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အကျိုးပြု ဘက်တီးရီးယားတွေ
နည်းပါးသွားပြီး မှိုပိုးတွေ အလွန်အမင်း ပြန့်ပွားလာတဲ့ အခါမှာ မှိုပိုးကူးစက်ခြင်းကို
ခံစားရမှာ ဖြစ်ပါတယ်။ မိန်းမကိုယ် မှိုပိုးကူးစက်ခြင်းကြောင့် မိန်းမကိုယ် ယားယံခြင်း၊
မိန်းမကိုယ်နာကျင်ခြင်း၊ အရောင်အသွေးမဲ့ အကျိအချွဲများထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- ဓာတ်မတည့်ခြင်း
ဓါတုပစ္စည်းတွေ ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့
အခါမှာလည်း မိန်းမကိုယ် ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့် ဆပ်ပြာတွေ၊
အသားလှဆီတွေ၊ အနံမွှေးတဲ့ တစ်သျှူးတွေ၊ လိုးရှင်းတွေမှာ ဓါတုပစ္စည်းတွေ ပါဝင်လေ့ ရှိကြပြီး
အဆိုပါ ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ အခါမှာ မိန်းမကိုယ် ယားယံခြင်း၊ မိန်းမကိုယ် နာကျင်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဘက်တီးရီးယား ပိုးမွှားများကြောင့် မိန်းမကိုယ် ရောင်ရမ်းခြင်း
မိန်းမကိုယ် အတွင်းမှာ သဘာဝအလျောက် တည်ရှိနေတဲ့ ဘက်တီးရီးယား
ပိုးမွှားတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာလည်း မိန်းမကိုယ် ရောင်ရမ်းခြင်း၊ မိန်းမကိုယ်
ယားယံခြင်း၊ အနံ့ဆိုးသော အကျိအချွဲများ ထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- လိင်ဆက်ဆံရာကနေ ကူးစက်လေ့ရှိတဲ့ ရောဂါများ ခံစားနေရခြင်း
လိင်ဆက်ဆံရာကနေ ကူးစက်လေ့ရှိတဲ့ ရောဂါများကို အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊
လိင်ဆက်ဆံဖော် တစ်ဦးထက် ပိုခြင်းတို့ကြောင့် များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ကလမိုင်ဒီးယ
ကူးစက်ရောဂါ (Chlamydia) ၊ လိင်အင်္ဂါ ကြွက်နို့ဖြစ်ခြင်း၊
ဆီးပူညောင်းကျရောဂါစတဲ့ လိင်ဆက်ဆံရာကနေ ကူးစက်လေ့ရှိတဲ့ ရောဂါတွေကို ခံစားရတဲ့ အခါမှာလည်း
မိန်းမကိုယ် ယားယံခြင်း၊ မိန်းမကိုယ်မှ အဝါရောင်၊ အစိမ်းရောင် အကျိအချွဲများထွက်ခြင်း၊
ဆီးသွားရာမှာ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- သွေးဆုံးခြင်း
သွေးဆုံးခြင်းကို ခံစားရတဲ့ အခါမှာ ဒါမှမဟုတ် သွေးဆုံးပြီးတဲ့
အခါမှာလည်း အမျိုးသမီးတွေ အနေနဲ့ မိန်းမကိုယ် ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေ
အနေနဲ့ သွေးဆုံးပြီးသွားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း အီစထရိုဂျင်ဟော်မုန်း ထုတ်လွှတ်မှု
နည်းပါးသွားလေ့ ရှိကြပါတယ်။ အီစထရိုဂျင်ဟော်မုန်း နည်းပါးသွားခြင်းကြောင့် မိန်းမကိုယ်
ခြောက်သွေ့ခြင်း၊ မိန်းမကိုယ် ယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- စိတ်ဖိစီးမှုများခြင်း
ခန္ဓာကိုယ်မှာ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေခြင်းကြောင့်
မိန်းမကိုယ် ယားယံခြင်းကို ဖြစ်ပွားစေနိုင်သလို စိတ်ဖိစီးမှုတွေ များပြားလာတဲ့ အခါမှာလည်း
မိန်းမကိုယ် ယားယံခြင်းကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ များလာတဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့
ခုခံစွမ်းအား ကျဆင်းသွားလေ့ရှိပြီး ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခြင်းကို ခံစားရနိုင်ပါတယ်။
အခုလို ရောဂါပိုးတွေ ကူးစက်ခံရတဲ့ အခါမှာ မိန်းမကိုယ် ယားယံခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- မအင်္ဂါကင်ဆာဖြစ်ခြင်း
မအင်္ဂါကင်ဆာ ဆိုတာကတော့ မိန်းမကိုယ်နှုတ်ခမ်း အကြီးအသေး၊ မအင်္ဂါစေ့၊
မိန်းမကိုယ်အဝစတဲ့ နေရာတွေမှာ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့
ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ မအင်္ဂါကင်ဆာကို စတင် ခံစားရတဲ့ အခါမှာ ရောဂါလက္ခဏာတွေကို
ခံစားရမှာ မဟုတ်ပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ မိန်းမကိုယ် ယားယံခြင်း၊ မိန်းမကိုယ်မှ
သွေးယိုစိမ့်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
REF: HealthLine