Human Papillomavirus (HPV) ရောဂါပိုးအကြောင်း သိကောင်းစရာများ
- 11 Dec, 2019
- မျိုးဆက်ပွားကျန်းမာရေး
Human Papillomavirus (HPV) ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေထဲမှာ ကူးစက်မှု အများဆုံး ရောဂါပိုး တစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ ဒါမှမဟုတ် မကြာခဏ လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ အနေနဲ့ HPV ရောဂါပိုး ကူးစက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
Human Papillomavirus (HPV) ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေထဲမှာ ကူးစက်မှု အများဆုံး ရောဂါပိုး တစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ ဒါမှမဟုတ် မကြာခဏ လိင်ဆက်ဆံလေ့ရှိတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ အနေနဲ့ HPV ရောဂါပိုး ကူးစက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အခါမှာ အမျိုးသားတွေ အနေနဲ့ ဖိုအင်္ဂါ
ကြွက်နို့ဖြစ်ခြင်း၊ ဖိုအင်္ဂါကင်ဆာ၊ လည်ချောင်းကင်ဆာ၊ စအိုကင်ဆာစတဲ့ ရောဂါတွေကို ခံစားရမှာ
ဖြစ်ပါတယ်။ HPV ပိုးကူးစက်ခြင်း ခံစားရတဲ့ အခါမှာ အမျိုးသားတွေ
အနေနဲ့ ဖိုအင်္ဂါ၊ ကပ္ပာယ်အိတ်၊ စအိုဝတို့မှာ အနာများဖြစ်ခြင်း၊ ကွဲအက်ခြင်း၊ သွေးထွက်ခြင်း၊
အသားမာဖြစ်ခြင်း၊ ယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို နားကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊
ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အစာစားရခက်ခဲခြင်း၊ ဖျားနာခြင်း၊ ခုခံအားကျဆင်းခြင်းစတဲ့
ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။
HPV ဗိုင်းရပ်ပိုး ကူးစက်ခံရတဲ့ အခါမှာ အမျိုးသမီးတွေ အနေနဲ့ မအင်္ဂါ
ကြွက်နို့ဖြစ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ မအင်္ဂါကင်ဆာ၊ စအိုကင်ဆာ၊
လျှာကင်ဆာစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ HPV ပိုးကူးစက်ခြင်း ခံစားရတဲ့ အခါမှာ မအင်္ဂါမှာ အနာဖြစ်ခြင်း၊ မအင်္ဂါတစ်ဝိုက်
ယားယံခြင်း၊ ဗိုက်အောင့်ခြင်း၊ မအင်္ဂါ ရောင်ရမ်းခြင်း၊ မအင်္ဂါမှ အနံ့ဆိုးသော အကျိအချွဲများထွက်ခြင်း၊
စအိုတစ်ဝိုက် အနာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို နားကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊
အစာမြိုရခက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ လည်ပင်းပြန်ရည်ကျိတ် ရောင်ရမ်းခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ် စစ်ဆေးပြီး အမြန်ဆုံး ကုသမှုတွေ
ခံယူသင့်ပါတယ်။
HPV ဗိုင်းရပ်ပိုး ကူးစက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
- လိင်တူဆက်ဆံခြင်း
- စအိုဖြင့် လိင်ဆက်ဆံခြင်း
- HIV ရောဂါပိုး ကူးစက်ခံနေရခြင်း
- HPV ရောဂါပိုး ကူးစက်ခံနေရသူနဲ့ လိင်ဆက်ဆံခြင်း
- ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုး ကုသမှု ခံယူဖူးခြင်း
- လိင်အင်္ဂါတစ်ဝိုက် ထိခိုက်ဒဏ်ရာရခြင်း
- ခုခံအားကျဆင်းခြင်း
- လိင်ဆက်ဆံရာကနေ ကူးစက်လေ့ရှိတဲ့ ရောဂါများ ခံစားနေရခြင်း
- ဆေးရွက်ကြီးသုံးစွဲခြင်း
HPV ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ
နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- HPV ကာကွယ်ဆေးထိုးခြင်း
- အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
- လိင်အင်္ဂါမှာ အနာဖြစ်နေသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ခြင်း
- တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း
REF: MedicalNewsToday, Healthline
