လက်ဘက်ရည် အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးများ

  • 10 Dec, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

လက်ဘက်ရည်ဆိုတာကတော့ ကမ္ဘာပေါ်မှ လူကြိုက်အများဆုံး အစားအသောက်တွေ အထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ လက်ဘက်ရည်ကို ရှေးယခင် အချိန်ကတည်းက တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ လက်ဘက်ရည်ကို သောက်သုံးပေးခြင်းဖြင့် ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ ဆီးချိုဝေဒနာ၊ နှလုံးရောဂါစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ဘက်ရည်ဆိုတာကတော့ ကမ္ဘာပေါ်မှ လူကြိုက်အများဆုံး အစားအသောက်တွေ အထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ လက်ဘက်ရည်ကို ရှေးယခင် အချိန်ကတည်းက တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ လက်ဘက်ရည်ကို သောက်သုံးပေးခြင်းဖြင့် ကင်ဆာရောဂါ၊ အဝလွန်ခြင်း၊ ဆီးချိုဝေဒနာ၊ နှလုံးရောဂါစတဲ့ ဝေဒနာတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ဘက်ရည်ကို အလွန်အကျွံ သောက်သုံးခဲ့မယ် ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်တာကြောင့် လက်ဘက်ရည် အလွန်အကျွံ သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်တွင်း သံဓာတ် လျော့နည်းခြင်း

လက်ဘက်ရည်မှာ (Tannins) လို့ အမည်ရတဲ့ ဒြပ်ပေါင်း တစ်မျိုး ကြွယ်ဝစွာ ပါဝင်တဲ့။ အဆိုပါ (Tannins) ဒြပ်ပေါင်း အနေနဲ့ ခန္ဓာကိုယ်တွင်း သံဓာတ်စုပ်ယူခြင်း လုပ်ငန်းစဥ်မှာ အနှောင့်အယှက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် လက်ဘက်ရည်ကို အလွန်အကျွံ သောက်သုံးတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း သံဓာတ် လျော့နည်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကို မြင့်တက်စေခြင်း

ကော်ဖီတွေမှာလိုပဲ လက်ဘက်ရည်မှာလည်း ကဖိန်းဓာတ် ပါဝင်ပါတယ်။ ဒါကြောင့် လက်ဘက်ရည်ကို အလွန်အကျွံ သောက်သုံးတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ကဖိန်းဓာတ် ပမာဏ မြင့်တက်လာမှာဖြစ်ပြီး စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်းစတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အိပ်မပျော်ခြင်း

လက်ဘက်ရည်မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့် ကျွန်တော်တို့ လူသားတွေမှာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ (Melatonin) ဟော်မုန်း ထုတ်လွှတ်မှုမှာ အနှောင့်အယှက်တွေ ဖြစ်ပွားစေမှာ ဖြစ်တာကြောင့် ကောင်းမွန်စွာ အိပ်မပျော်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • မူးဝေခြင်း

လက်ဘက်ရည်ကို အစာအိမ် အတွင်းမှာ အစာမရှိတဲ့ အချိန်မှာ သောက်သုံးလိုက်မယ် ဒါမှမဟုတ် တစ်ကြိမ်တည်းနဲ့ အလွန်အကျွံ သောက်သုံးလိုက်မယ်ဆိုရင် မူးဝေခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ဘက်ရည်မှာ ပါဝင်တဲ့ (Tannins) ဒြပ်ပေါင်းကြောင့် အစာအိမ်အောင့်ခြင်း၊ ဗိုက်နာခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစးာရနိုင်ပါတယ်။

  • နှလုံးအောင့်ခြင်း

လက်ဘက်ရည်ကို အလွန်အကျွံ သောက်သုံးခြင်းရဲ့ နောက်ထပ် ဆိုးကျိုးတစ်ခုကတော့ အစာအိမ်တွင်း အက်စစ် ပမာဏ မြင့်တက်လာခြင်းပဲ ဖြစ်ပါတယ်။ အခုလို အစာအိမ်တွင်း အက်စစ်ပမာဏ မြင့်တက်လာခြင်းကြောင့် အက်စစ်ပြန်စီးခြင်း (Acid Reflux) ကို ခံစားရမှာ ဖြစ်သလို နှလုံးအောင့်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

  • မွေးလာတဲ့ကလေး ပေါင်ချိန်မပြည့်ခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ မိခင်လောင်းတွေ အနေနဲ့ လက်ဘက်ရည်ကို အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် မွေးလာတဲ့ကလေး ပေါင်ချိန်မပြည့်ခြင်း၊ သတ်မှတ်ချိန်မတိုင်ခင် မွေးဖွားခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်သလို တစ်ခါတရံမှာ ကိုယ်ဝန်ပျက်ကျခြင်း အထိ ဖြစ်ပွားစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ လက်ဘက်ရည် သောက်သုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.