ခံတွင်းခြောက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းများ

  • 10 Dec, 2019
  • သွားနှင့်ခံတွင်း

ခံတွင်းခြောက်ခြင်း ဆိုတာကတော့ ပါးစပ်အတွင်းမှာ တံတွေး အလုံအလောက် ထွက်ရှိခြင်း မရှိတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုး မဟုတ်ပေမယ့်လည်း တကယ်ကို နေမထိထိုင်မသာ ဖြစ်စေမယ့် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းခြောက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ခံတွင်းခြောက်ခြင်း ဆိုတာကတော့ ပါးစပ်အတွင်းမှာ တံတွေး အလုံအလောက် ထွက်ရှိခြင်း မရှိတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုး မဟုတ်ပေမယ့်လည်း တကယ်ကို နေမထိထိုင်မသာ ဖြစ်စေမယ့် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းခြောက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ရေသောက်ပေးခြင်း

ခံတွင်းခြောက်ခြင်းကို အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး သက်သာ ပျောက်ကင်းစေမယ့် နည်းလမ်းကတော့ ရေများများ သောက်ပေးခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် အတွင်းမှာ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပုံမှန် ပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် ခံတွင်းခြောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ခံတွင်းသန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ပေးခြင်း

ခံတွင်းသန့်ရှင်းမှု မရှိတဲ့ အခါမှာ ခံတွင်းခြောက်ခြင်းကို ဖြစ်ပွားစေနိုင်သလို ခံတွင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ တစ်နေ့ နှစ်ကြိမ် သွားပုံမှန် တိုက်ပေးခြင်း၊ အစာစားပြီးတိုင်း ပါးစပ်ဆေးခြင်း၊ လျှာပွတ်တံဖြင့် ပွတ်တိုက်ပေးခြင်းစတဲ့ နည်းလမ်းတွေကို နေ့စဥ် ပုံမှန် ပြုလုပ်ပေးမယ်ဆိုရင် ခံတွင်း‌ခြောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်သလို ခံတွင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

  • အယ်လ်ကိုဟော မပါဝင်တဲ့ ပါးစပ်ဆေးရည်ကို အသုံးပြုခြင်း

အယ်လ်ကိုဟော ပါဝင်တဲ့ ပါးစပ်ဆေးရည်တွေ အသုံးပြုခြင်းဖြင့် ခံတွင်း အတွင်းမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို သေဆုံးစေမှာ ဖြစ်ပေမယ့် ခံတွင်းခြောက်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟော ပါဝင်ခြင်း မရှိတဲ့ ပါးစပ်ဆေးရည်တွေ အသုံးပြုခြင်းဖြင့် ခံတွင်းခြောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • သကြားမပါတဲ့ ချိုချဥ်များ/ ပီကေများ စားသုံးပေးခြင်း

သကြားဓာတ် မပါဝင်တဲ့ ချိုချဥ်တွေ၊ ပီကေတွေ စားသုံးပေးခြင်းဖြင့် ပါးစပ်အတွင်း တံတွေးထွက်ရှိမှုကို မြှင့်တင်နိုင်မှာ ဖြစ်တာကြောင့် ပါးစပ်ခြောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ချင်းပြုတ်ရည် သောက်သုံးပေးခြင်း

ချင်းပြုတ်ရည်၊ ချင်းလက်ဘက်ရည်စတဲ့ ချင်းပါဝင်တဲ့ စားသောက်ကုန်တွေကို စားသုံးပေးခြင်းဖြင့်လည်း တံတွေးဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ခံတွင်းခြောက်ခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း/ အရက်ဖြတ်ခြင်း

ဆေးလိပ်သောက်သုံး၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်းတို့ကြောင့်လည်း ခံတွင်းခြောက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ဆေးလိပ်၊ ကွမ်း၊ အရက် သုံးစွဲခြင်းကိုလည်း တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် ကဖိန်းဓာတ် ပါဝင်တဲ့ ကော်ဖီတွေ၊ လက်ဘက်ရည်တွေ၊ အားဖြည့်အချိုရည်တွေ သောက်သုံးခြင်းကြောင့်လည်း ခံတွင်းခြောက်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ကဖိန်းဓာတ် ပါဝင်တဲ့ စားသောက်ကုန်တွေ အလွန်အကျွံ စားသုံးခြင်းကိုလည်း တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။

  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း

ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ပါကင်ဆန်ရေဂါ၊ အတက်ရောဂါ၊ ဆီးမထိန်းနိုင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတဲ့ အခါမှာ သောက်သုံးရလေ့ရှိတဲ့ ဆေးဝါးတွေကြောင့်လည်း ခံတွင်းခြောက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆေးဝါးများ သောက်သုံးခြင်းကြောင့် ခံတွင်းခြောက်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့ ဆေးဝါးများ ပြောင်းလဲ သုံးစွဲနိုင်ရန် အတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.