စအိုပြည်တည်ခြင်း အကြောင်း သိကောင်းစရာများ
- 10 Dec, 2019
- မျိုးဆက်ပွားကျန်းမာရေး
စအိုပြည်တည်ခြင်း ဆိုတာကတော့ သေးငယ်တဲ့ စအိုဂလင်းတွေမှာ ရောဂါပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စအိုပြည်တည်ခြင်းကို ခံစားရတဲ့ အခါမှာ စအိုတစ်ဝိုက် ပြည်တည်အိတ်များ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ စအိုပြည်တည်ခြင်းကြောင့် ဂရင်ဂျီနာ ဖြစ်ပွားခြင်းကို ခံစားရမှာ ဖြစ်တာကြောင့် စအိုပြည်တည်ခြင်း အကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
စအိုပြည်တည်ခြင်း ဆိုတာကတော့ သေးငယ်တဲ့ စအိုဂလင်းတွေမှာ ရောဂါပိုး
ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စအိုပြည်တည်ခြင်းကို
ခံစားရတဲ့ အခါမှာ စအိုတစ်ဝိုက် ပြည်တည်အိတ်များ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ
စအိုပြည်တည်ခြင်းကြောင့် ဂရင်ဂျီနာ ဖြစ်ပွားခြင်းကို ခံစားရမှာ ဖြစ်တာကြောင့် စအိုပြည်တည်ခြင်း
အကြောင်း သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
စအိုပြည်တည်ခြင်းကို များသောအားဖြင့် လိင်ဆက်ဆံရာကနေ တစ်ဆင့်
ကူးစက်လေ့ရှိတဲ့ ရောဂါများ ဖြစ်ပွားတဲ့ အခါမှာ ဒါမှမဟုတ် စအိုဝကို ရောဂါပိုး ကူးစက်ခံရတဲ့
အခါမျိုးတွေမှာ ခံစားရလေ့ ရှိကြပါတယ်။ စအိုပြည်တည်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော
အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
- အစာချေလမ်းကြောင်းမှာ အနာဖြစ်ခြင်း
- အူရောင်ရမ်းခြင်း
- ဆီးချိုရောဂါဖြစ်ပွားခြင်း
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရခြင်း
- စအိုဖြင့် လိင်ဆက်ဆံခြင်း
- ကီမိုဆေးသွင်းကုသမှု ခံယူဖူးခြင်း
- ဝမ်းချုပ်ခြင်း
- စအိုဝအကျိတ်ဖြစ်ခြင်း
- ဝမ်းပျက်ခြင်း
- အချို့သော ဆေးဝါးများ သောက်သုံးနေရခြင်း
စအိုပြည်တည်ခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် စအိုတစ်ဝိုက်
ရောင်ရမ်းခြင်း၊ စအိုဝ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို -
- ဝမ်းချုပ်ခြင်း
- စအိုမှ ပြည်ယိုခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဖျားနာခြင်း
- ချွေးထွက်လွန်ခြင်း
- ချမ်းတုန်ခြင်း
- စအိုမှ သွေးယိုခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ စအိုမှာ ပြည်တည်ခြင်းကို ခံစားနေရတဲ့ အပြင်
အထက်မှာ ဖော်ပြထားတဲ့ ရောဂါ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်ဖြင့်
အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
စအိုပြည်တည်ခြင်းကို အလွယ်တကူ ကုသနိုင်မယ့် နည်းလမ်းကတော့ ခွဲစိတ်ကုသခြင်းပဲ
ဖြစ်ပါတယ်။ ပြည်တည်နာကို ခွဲစိတ်ပြီး ပြည်များကို စုပ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု
ခံယူပြီးတဲ့ အခါမှာလည်း စအိုတစ်ဝိုက် ရောင်ရမ်းခြင်း၊ စအိုနာခြင်းစတဲ့ ဝေဒနာတွေကို
သက်သာ ပျောက်ကင်းစေဖို့ အတွက် ရေနွေးစိမ်ခြင်းကို ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပြီး
ဆရာဝန် ညွှန်ကြားချက်အတိုင်း အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ သောက်သုံးပေးဖို့
လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်ကုသမှုကို ခံယူအပြီး အနာမကျက်ခင် အချိန်အထိ အစာပျော့များ
စားသုံးပေးခြင်း၊ အရည်များများ သောက်သုံးပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပေးဖို့
လိုအပ်မှာ ဖြစ်ပါတယ်။
စအိုပြည်တည်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်းကို ရှောင်ကြဥ်ခြင်း
- အကာအကွယ်ဖြင့် ဆက်ဆံခြင်း
- စအိုကို သန့်ရှင်းရေး လုပ်ပေးခြင်း
- အမျှင်ဓာတ် ကြွယ်ဝသော အသီးအနှံများ စားသုံးပေးခြင်း
REF: WebMD