ဖိုအင်္ဂါ တောင့်တင်းထောင်မတ်ခြင်းကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရင်းများ

  • 10 Dec, 2019
  • မျိုးဆက်ပွားကျန်းမာ‌ရေး

ဖိုအင်္ဂါ တောင့်တင်းထောင်မတ်ခြင်း ဖြစ်စေဖို့ အတွက် ဟော်မုန်းတွေ၊ အာရုံကြောတွေ၊ သွေးကြောတွေ ကျန်းမာ သန်စွမ်းနေဖို့ လိုအပ်သလို ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်မျိုးလုံးလည်း ကျန်းမာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ စိတ်ကျန်းမာရေးမှာ ဒါမှမဟုတ် ကိုယ်ကျန်းမာရေးမှာ ဝေဒနာတွေ တစ်ခုခု ခံစားနေရမယ်ဆိုရင် ဖိုအင်္ဂါ တောင့်တင်းထောင်မတ်ခြင်းကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖိုအင်္ဂါ တောင့်တင်းထောင်မတ်ခြင်းကို ထိခိုက်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • အာဟာရဓာတ် ချို့တဲ့ခြင်း

အာဟာရဓာတ် ချို့တဲ့တဲ့ အခါမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေမှာ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာနဲ့အညီ ဖိုအင်္ဂါ တောင့်တင်းထောင်မတ်ရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အသီးအနှံတွေ၊ အသား ငါးတွေကို နေ့စဥ် ပုံမှန် စားသုံးပေးသင့်ပြီး ကယ်လိုရီ အလွန်အကျွံ ပါဝင်တဲ့ အစားအစာများ စားသုံးခြင်းကိုတော့ တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။

  • အဝလွန်ခြင်း

အဝလွန်ခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ကျားဟော်မုန်း ထုတ်လွှတ်မှုကိုလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်။ ကျားဟော်မုန်း ထုတ်လွှတ်မှု နည်းပါးသွားတဲ့ အခါမှာ ဖိုအင်္ဂါ ထောင်မတ်နိုင်စွမ်း မရှိခြင်း၊ သုက်လွှတ်မြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • လေ့ကျင့်ခန်း ပြုလုပ်မှု မရှိခြင်း

လေ့လာတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်း မရှိဘူး ဆိုရင်လည်း ဖိုအင်္ဂါ‌ ထောင်မတ်နိုင်စွမ်းကို ကျဆင်းစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် ပန်းသေပန်းညှိုး ဝေဒနာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အရက်အလွန်အကျွံ သောက်သုံးခြင်း

အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းနဲ့ ဦးနှောက်ကို ထိခိုက်စေမှာ ဖြစ်သလို ကျားဟော်မုန်းကို အဓိက ထုတ်လွှတ်ပေးနဲ့တဲ့ ဝှေးစေ့ကိုလည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။ အရက်ကို နေ့စဥ် ပုံမှန် အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် အသက်အရွယ် ကြီးမြင့်လာတဲ့ အခါမှာ ပန်းသေပန်းညှိုး ဝေဒနာ ဖြစ်ပွားမှုကို ခံစားရမှာ ဖြစ်ပါတယ်။

  • စိတ်ကျခြင်း

စိတ်ကျခြင်းကို ခံစားရတဲ့ အခါမှာလည်း ဖိုအင်္ဂါ ထောင်မတ်နိုင်စွမ်း ကျဆင်းခြင်း၊ သုက်လွှတ်မြန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာကို ကုသရာမှာ သောက်သုံးရလေ့ရှိတဲ့ ဆေးဝါးတွေကြောင့်လည်း ဖိုအင်္ဂါ ထောင်မတ်နိုင်စွမ်းကို ကျဆင်းစေမှာ ဖြစ်ပါတယ်။

  • အိပ်မပျော်ခြင်း

အမျိုးသားတွေ အနေနဲ့ ညအခါမှာ အိပ်မပျော်ခြင်းကို အမြဲတမ်းနီးပါး ခံစားရတဲ့ အခါမှာ အသက်အရွယ် ကြီးမြင့်လာတဲ့ အခါမှာ ပန်းသေပန်းညှိုးဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ညအိပ်မပျော်ခြင်းကို အမြဲတမ်း ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှုတွေ ခံယူသင့်ပါတယ်။

REF: WebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.