ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်တဲ့ ကလေးငယ် မွေးဖွားစေဖို့ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ လုပ်ဆောင်သင့်တဲ့ အချက်များ
- 05 Dec, 2019
- ကလေးကျန်းမာရေး
မွေးဖွားလာတဲ့ ကလေးငယ် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေချင်တာ ကိုယ်ဝန်ဆောင် မိခင်တိုင်းရဲ့ ဆန္ဒတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဦးနှောက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ကလေးငယ်တွေ မွေးဖွားစေဖို့ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
မွေးဖွားလာတဲ့ ကလေးငယ် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဉာဏ်သွေး
ထက်မြက်စေချင်တာ ကိုယ်ဝန်ဆောင် မိခင်တိုင်းရဲ့ ဆန္ဒတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့်
ဦးနှောက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ကလေးငယ်တွေ မွေးဖွားစေဖို့ ကိုယ်ဝန်ဆောင်နေစဥ်
ကာလမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးပေးခြင်း
ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အတွက်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အထူးသဖြင့် အသီးအနှံတွေ စားသုံးပေးဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် မွေးလာမယ့် ကလေးငယ် ဦးနှောက် ဖွံ့ဖြိုးစေဖို့ အတွက် အိုမီဂါ (၃) ဖက်တီးအက်စစ်
(Omega-3
Fatty Acid) လိုအပ်ပါတယ်။ ဒါကြောင့် အိုမီဂါ (၃) ဖက်တီးအက်စစ် ပါဝင်တဲ့
ငါးတွေ၊ အစေ့အဆံတွေ၊ ပဲတွေကိုလည်း စားသုံးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
- နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်း
နေရောင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင် D ဓာတ် အနေနဲ့ ကလေးငယ်ရဲ့ အရိုးနဲ့ နှလုံး ကျန်းမာ သန်စွမ်းစေဖို့ အတွက် များစွာသော
အထောက်အကူကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ တစ်နေ့ကို မိနစ်
(၂၀) ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဖြင့် မွေးဖွားလာမယ့် ကလေးငယ်ရဲ့ ကျန်းမာရေးကို
ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- ကလေးငယ်နဲ့ စကားပြောပေးခြင်း
ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် (၂၀) ကျော် နောက်ပိုင်းမှာ ဗိုက်ထဲမှာ
ရှိနေတဲ့ ကလေးငယ် အနေနဲ့ အပြင် လောကမှ အသံတွေကို စတင် ကြားနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်
ကလေးငယ်ကို စကားပြောပေးခြင်း၊ ပုံပြင်တွေ ဖတ်ပြခြင်း၊ သီချင်းဆိုပြခြင်းဖြင့် ကလေးငယ်ရဲ့
ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မျာ ဖြစ်ပါတယ်။
- အရက်၊ ဆေးလိပ်များ သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ အရက်၊ ဆေးလိပ်စတဲ့ မူးယစ်ဆေးဝါးတွေ
သုံးစွဲခြင်းကြောင်း မွေးဖွားလာမယ့် ကလေးငယ်ရဲ့ မှတ်ဥာဏ် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလို၊
ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အပိုင်းမှာလည်း နှောင့်နှေးမှုများနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ အရက်၊ ဆေးလိပ် သုံးစွဲခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။
- လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း
ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ
ပြုလုပ်ပေးခြင်းဖြင့် မွေးဖွားလာမယ့် ကလေးငယ်ရဲ့ ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မှာ
ဖြစ်ပါတယ်။ လေ့ကျင့်ခန်းများ ပြုလုပ်နေစဥ် ကာလမှာ Endorphin လို့ အမည်ရတဲ့
ဟော်မုန်းတစ်မျိုး ခန္ဓာကိုယ် အတွင်းမှာ ထွက်လာလေ့ရှိပြီး အဆိုပါ ဟော်မုန်းအနေနဲ့ ကလေးငယ်ရဲ့
ဦးနှောက် ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းနိုင်ပါတယ်။
- ကြက်ဥ/ ဘဲဥများ စားသုံးပေးခြင်း
ကြက်ဥ/ ဘဲဥတွေမှာ Choline လို့ အမည်ရတဲ့ ဗီတာမင် (B) တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ Choline ဓာတ် အနေနဲ့ မွေးဖွားလာမယ့်
ကလေးငယ် ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းနိုင်ရဲ့ ကလေးငယ်ရဲ့
မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်တက်စေဖို့ အတွက်လည်း အထောက်အပံ့ များစွာ ပေးစွမ်းနိုင်တာကြောင့်
ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ကြက်ဥ/ ဘဲဥတွေကို နေ့စဥ် ပုံမှန် စားသုံးပေးသင့်ပါတယ်။
REF: Parenting