အာသီးကင်ဆာ (Tonsil Cancer) အကြောင်း သိကောင်းစရာများ
- 05 Dec, 2019
- သွားနှင့်ခံတွင်း
အာသီးဆိုတာကတော့ လည်ချောင်းရဲ့ အနောက်ဘက် အခြမ်း တစ်ဖက်စီမှာ တည်ရှိနေတဲ့ ပြန်ရည်ကျိတ် နှစ်ခုပဲ ဖြစ်ပါတယ်။ အာသီးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်အတွင်း ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အာသီးကင်ဆာကို အသက်အရွယ်မရွေး ခံစားရလေ့ ရှိကြသလို အာသီးဖြတ်ထားရင်တောင် အာသီးကင်ဆာကို ခံစားရနိုင်တာကြောင့် အာသီးကင်ဆာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အာသီးဆိုတာကတော့ လည်ချောင်းရဲ့ အနောက်ဘက် အခြမ်း တစ်ဖက်စီမှာ တည်ရှိနေတဲ့ ပြန်ရည်ကျိတ် နှစ်ခုပဲ ဖြစ်ပါတယ်။ အာသီးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်အတွင်း ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ အာသီးကင်ဆာကို အသက်အရွယ်မရွေး ခံစားရလေ့ ရှိကြသလို အာသီးဖြတ်ထားရင်တောင် အာသီးကင်ဆာကို ခံစားရနိုင်တာကြောင့် အာသီးကင်ဆာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
အာသီးကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်တွေ အာသီးမှာ အများအပြား
ထွက်ပေါ်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အာသီးကင်ဆာကို
ခံစားရတဲ့ အခါမှာ -
- အသံပြောင်းသွားခြင်း
- လည်ချောင်းနာခြင်း
- အစာစားရခက်ခဲခြင်း
- လည်ချောင်းနာခြင်း
- အာသီးမှာ အဖြူဖတ်များ ထွက်ပေါ်လာခြင်း
- နားကိုက်ခြင်း
- လည်ပင်းအကျိတ်ထွက်ခြင်း
- ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း
- တံတွေးမှာ သွေးပါခြင်း
- ပါးစပ်မှသွေးထွက်ခြင်း
- မောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ရက်သတ္တပတ် အနည်းငယ်ခန့် ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး
ကုသမှု ခံယူသင့်ပါတယ်။
အာသီးကင်ဆာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရခြင်း
- HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
- ခံတွင်းသန့်ရှင်းမှု မရှိခြင်း
- အသက်အရွယ်ကြီးမြင့်ခြင်း
- အမျိုးသားဖြစ်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ဆေးရွက်ကြီး သုံးစွဲခြင်း
- အရက်အလွန်အကျွံ သောက်သုံးခြင်း
အာသီးကင်ဆာကို ကုသနိုင်မယ့် နည်းလမ်းကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
အာသီးမှာ ပျံ့နှံ့နေတဲ့ ကင်ဆာဆဲလ်တွေကို အမြစ်ပြတ်
ချေမှုန်းပစ်နိုင်မယ့် နည်းလမ်းတစ်ခုကတော့ အာသီးနဲ့ အာသီး ဘေးပတ်လည်
တစ်သျှူးတွေကို ခွဲစိတ် ဖယ်ရှားပစ်ခြင်းပဲ ဖြစ်ပါတယ်။
- ဓာတ်ကင်ကုသခြင်း
အာသီးအတွင်းမှာ ကင်ဆာဆဲလ်တွေ အများအပြား ပျံ့နှံ့နေခဲ့ခြင်း
မရှိဘူး ဆိုရင်တော့ ဓာတ်ကင်ကုသခြင်း နည်းလမ်းဖြင့် အာသီးကင်ဆာကို သက်သာ
ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။
- ကီမိုဆေးသွင်းကုသခြင်း
အာသီးအတွင်းမှာ ကင်ဆာဆဲလ်တွေ အလွန်အမင်း များပြားနေခဲ့မယ်
ဆိုရင်တော့ ကင်ဆာဆဲလ် ပျံ့ပွားနှုန်းကို ထိန်းချုပ်နိုင်ဖို့ အတွက် ကီမိုဆေးသွင်း
ကုသခြင်းကို ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကီမိုဆေးသွင်း ကုသခြင်းဖြင့်
ကင်ဆာဆဲလ်တွေကို သေဆုံးစေမှာ ဖြစ်ပေမယ့်လည်း ခန္ဓာကိုယ်အတွင်းမှ အခြားသော
ဆဲလ်တွေကိုလည်း သေဆုံးစေမှာ ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
အာသီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- ကွမ်းစားခြင်းကို ရှောင်ကြဥ်ခြင်း
- အရက်ဖြတ်ခြင်း
- တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မှုကို ရှောင်ကြဥ်ခြင်း
- ခံတွင်း သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း
- အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
REF: HealthLine, MedicalNewsToday