အစာအိမ်မာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 05 Dec, 2019
- အဖြစ်များသောရောဂါများ
အစာအိမ်မာခြင်း/ အစာအိမ်ရောင်ရမ်းခြင်းကို များသောအားဖြင့် အစားအစာတွေ အလွန်အကျွံ စားသုံးလိုက်တဲ့ အခါမှာ ဒါမှမဟုတ် ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ အချိုရည်တွေ သောက်သုံးတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် တစ်ခါတရံမှာ အချို့သော ဝေဒနာတွေ ခံစားနေရခြင်းကြောင့်လည်း အစာအိမ်မာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
အစာအိမ်မာခြင်း/ အစာအိမ်ရောင်ရမ်းခြင်းကို များသောအားဖြင့် အစားအစာတွေ
အလွန်အကျွံ စားသုံးလိုက်တဲ့ အခါမှာ ဒါမှမဟုတ် ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ အချိုရည်တွေ
သောက်သုံးတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် တစ်ခါတရံမှာ အချို့သော ဝေဒနာတွေ
ခံစားနေရခြင်းကြောင့်လည်း အစာအိမ်မာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
အစာအိမ်မာခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ အချိုရည်များ သောက်သုံးခြင်း
ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ အချိုရည်တွေ အလွန်အကျွံ သောက်သုံးတဲ့
အခါမှာ ဗိုက်ထဲမှာ တောင့်တောင့်ကြီး ဖြစ်နေတဲ့ ခံစားချက်မျိုးကို ခံစားရမှာ ဖြစ်သလို
ဗိုက်အောင့်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- အစာအစားများ အလွန်အကျွံ စားသုံးခြင်း
အစားအစာတွေ အလွန်အကျွံ စားသုံးတဲ့ အခါမှာ ဒါမှမဟုတ် အလျင်အမြန်
စားသုံးတဲ့ အခါမှာလည်း အစာအိမ်မာခြင်း၊ ဗိုက်အောင့်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့်
အစာအိမ် အတွင်းကို ဝင်ရောက်လာတဲ့ အစားအစာတွေကို အစာချေစနစ်က ချေဖျက်ပြီးသွားတဲ့ အခါမှာတော့
ခံစားနေရတဲ့ ဝေဒနာတွေလည်း သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
- ဝမ်းချုပ်ခြင်း
အူသိမ်အူမ လှုပ်ရှားမှု အပိုင်းမှာ အနှောင့်အယှက်တွေ ရှိနေတဲ့
အခါမှာ ဝမ်းချုပ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ဝမ်းချုပ်ခြင်းကို ခံစားရတဲ့ အခါမှာလည်း
လေပွခြင်း၊ အစာအိမ်မာခြင်း၊ ဗိုက်တင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- အစားအစာနဲ့ ဓာတ်မတည့်ခြင်း
အချို့သော အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့ အခါမျိုးတွေမှာလည်း လေပွခြင်း၊
အစာအိမ်ရောင်ခြင်း၊ အစာအိမ်မာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရခြင်း (Irritable
Bowel Syndrome)
အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရတဲ့ အခါမှာ အစာအိမ်မာခြင်းကို
ခံစားရမှာ ဖြစ်တဲ့အပြင် ဗိုက်အောင့်ခြင်း၊ လေချဥ်တက်ခြင်း၊ လေပွခြင်း၊ အစာအိမ်နာခြင်းစတဲ့
ဝေဒနာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- အူရောင်ရောဂါများ ခံစားနေရခြင်း (Inflammatory
Bowel Disease)
အူရောင်ရောဂါတွေဖြစ်တဲ့ အစာချေလမ်းကြောင်းမှာ အနာပေါက်ခြင်း
(Ulcerative Colitis) ၊ ခရုန်းရောဂါ (Crohn’s Disease) စတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း အစာအိမ်အောင့်ခြင်း၊ အစာအိမ်နာခြင်း၊ အစာအိမ်မာခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ သားအိမ်ကြီးလာတာနဲ့အမျှ အစာအိမ်အပေါ်ကို
ဖိထားသလို ဖြစ်တာကြောင့် အစာအိမ်မာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
သင့်အနေနဲ့ အစာအိမ်မာခြင်း၊ အစာအိမ်ရောင်ခြင်းကို ရက်သတ္တပတ်
အနည်းငယ်ခန့် ခံစားနေရတဲ့အပြင် -
- သွေးဝမ်းသွားခြင်း
- အသက်ရှူမဝခြင်း
- အစာအိမ်နာခြင်း
- မူးဝေခြင်း
- အော့အန်ခြင်း
- ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း
- အသားဝါခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ်ဆိုရင်တော့ သက်ဆိုင်ရာ
ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။
REF: HealthLine
