ငှက်ပျောသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 04 Dec, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ငှက်ပျောသီး ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး အသီးအနှံတွေထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးကို စားသုံးရတာ အရသာရှိတဲ့အပြင် ငှက်ပျောသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် တစ်လုံး၊ နှစ်လုံးခန့် စားလိုက်ရုံနဲ့ ဗိုက်ပြည့်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ငှက်ပျောသီး ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး အသီးအနှံတွေထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးကို စားသုံးရတာ အရသာရှိတဲ့အပြင် ငှက်ပျောသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် တစ်လုံး၊ နှစ်လုံးခန့် စားလိုက်ရုံနဲ့ ဗိုက်ပြည့်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးကို စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • သွေးတွင်း သကြားဓာတ်ကို ိန်းညှိပေးခြင်း

ငှက်ပျောသီးမှာ ပက်တင်း (Pectin) လို့ အမည်ရတဲ့ အမျှင်ဓာတ် တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ ပက်တင်း အမျှင်ဓာတ် အနေနဲ့ သွေးတွင်း သကြားဓာတ် မြင့်တက်လာခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် မကြာခဏ အစာစားချင်စိတ် ဖြစ်ပေါ်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် ငှက်ပျောသီးကို နေ့စဥ် ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ငှက်ပျောသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို အထောက်အပံ့ ပေးနိုင်မှာ ဖြစ်သလို အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးခြင်း

ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် တစ်လုံး၊ နှစ်လုံးခန့် စားလိုက်တာနဲ့ ဗိုက်ပြည့်စေမှာ ဖြစ်သလို ငှက်ပျောသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတာကြောင့် ခန္ဓာကိုယ် အလေးချိန် မြင့်တက်မှုကိုလည်း ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။

  • နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပိုတက်ဆီယမ်ဆိုတာကတော့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ သဘာဝ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ငှက်ပျော်သီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် မဂ္ဂနီဆီယမ်ဓာတ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း

ငှက်ပျောသီးမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အန်တီအောက်ဆီဒန့်ပေါင်း များစွာ ပါဝင်တဲ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ (Dopamin) ဓာတ်လည်း ပါဝင်တာကြောင့် နေ့စဥ်ပုံမှန် စားသုံး‌ပေးသင့်ပါတယ်။

  • ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း

လေ့လာတွေ့ရှိချက်တွေအရ တစ်ပတ်ကို ငှက်ပျောသီး (၃) ကြိမ်ခန့် စားသုံးပေးခြင်းဖြင့် ကျောက်ကပ် ဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • အားကစားပြုလုပ်ရာမှာ အထောက်အကူ ဖြစ်စေခြင်း

ငှက်ပျောသီးမှာ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေ မြောက်များစွာ ပါဝင်တာကြောင့် အားကစား ပြုလုပ်လိုက်လို့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို အလျင်အမြန် ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်တဲ့အပြင် အားကစား ပြုလုပ်ရာကနေ တစ်ဆင့် ခံစားရလေ့ရှိတဲ့ အသေးစား ထိခိုက်ဒဏ်ရာ ရရှိမှုတွေကိုလည်း သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

REF: HealthLine

 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.