နှလုံးကြီးခြင်း (Cardiomegaly) အကြောင်း သိထားသင့်တဲ့ အချက်များ
- 04 Dec, 2019
- အဖြစ်များသောရောဂါများ
နှလုံးကြီးခြင်း (Cardiomegaly) ဆိုတာကတော့ ပုံမှန် ရှိနေသင့်တဲ့ နှလုံး အရွယ်အစားထက် ပိုမို ကြီးနေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နှလုံးကြီးခြင်းဆိုတာ ရောဂါ တစ်ခု မဟုတ်ပေမယ့် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ ရှိနေတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ လက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးကြီးခြင်းကို ခံစားရတဲ့ အခါမှာ ပုံမှန် အရွယ်အစားရှိ နှလုံးတွေလောက် သွေးထုတ်လွှတ်ခြင်းကို လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။
နှလုံးကြီးခြင်း (Cardiomegaly) ဆိုတာကတော့ ပုံမှန် ရှိနေသင့်တဲ့ နှလုံး အရွယ်အစားထက် ပိုမို ကြီးနေခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ နှလုံးကြီးခြင်းဆိုတာ ရောဂါ တစ်ခု မဟုတ်ပေမယ့် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ ရှိနေတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ လက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးကြီးခြင်းကို ခံစားရတဲ့ အခါမှာ ပုံမှန် အရွယ်အစားရှိ နှလုံးတွေလောက် သွေးထုတ်လွှတ်ခြင်းကို လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။
နှလုံးကြီးခြင်းကို ခံစားရတဲ့ အခါမှာ အသက်ရှူမဝခြင်း၊ နှလုံးခုန်နှုန်း
မူမမှန်ခြင်း၊ ချောင်းဆိုးခြင်း၊ ခြေလက်များ ရောင်ရမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊
လေပွခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မေရိုးနာခြင်း၊ ခြေလက်များ နာကျင်ကိုက်ခဲခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာ ပျောက်ကင်းခဲ့ခြင်း မရှိဘူးဆိုရင် သက်ဆိုင်ရာ
ဆရာဝန်နဲ့ သွားရောက် ပြသပြီး အမြန်ဆုံး စမ်းသပ် စစ်ဆေးမှုတွေကို ခံယူသင့်ပါတယ်။
နှလုံးကြီးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- နှလုံးအဆို့ရှင် မလုံခြင်း
- မျိုးရိုးလိုက်ခြင်း
- သွေးအားနည်းခြင်း
- နှလုံးခုန်စည်းချက် မမှန်ခြင်း (Arrhythmia)
- နှလုံးကြွက်သားအားနည်းခြင်း (Cardiomyopathy)
- ဆီးချိုရောဂါ ဖြစ်ပွားခြင်း
- မွေးရာပါ သံဓာတ်များသောရောဂါ ခံစားနေရခြင်း (Hemochromatosis)
- သွေးပေါင်ချိန် မြင့်တက်ခြင်း
- သွိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း
- သွိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း
- အဝလွန်ခြင်း
- အိပ်ပျော်နေစဥ် အသက်ရှူကြပ်ခြင်း (Obstructive Sleep
Apnea)
- နှလုံးခုန်မြန်ခြင်း
ဒါ့အပြင် တစ်ခါတရံမှာ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါး
သုံးစွဲခြင်း၊ စိတ်ဖိစီးမှူ များပြားခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ နှလုံးတွင်း ပိုးဝင်ခြင်းစတဲ့
အကြောင်းအရင်းတွေကြောင့်လည်း နှလုံးကြီးခြင်းကို ခံစားရလေ့ ရှိကြပါတယ်။
နှလုံးကြီးခြင်းကြောင့် ခံစားရနိုင်တဲ့ ရောဂါ ဝေဒနာတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- သွေးခဲခြင်း
နှလုံးကြီးခြင်းကို ခံစားရတဲ့အခါမှာ နှလုံးအနေနဲ့ သွေးထုတ်လွှတ်မှုကို
ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် သွေးခဲခြင်း၊ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ရုတ်တရက် နှလုံးရပ်ခြင်း
နှလုံးကြီးခြင်းကို ခံစားရခြင်းကြောင့် နှလုံး လျှပ်စစ်စီးကြောင်းစနစ်မှာ
ပြဿနာတွေကို ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အပြင် တစ်ခါတရံမှာ ရုတ်တရက် နှလုံးရပ်ခြင်း၊ အသက်သေဆုံးခြင်းစတဲ့
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
- နှလုံး အလုပ်မလုပ်ခြင်း
နှလုံးကြီးခြင်းကို ခံစားရခြင်းကြောင့် နှလုံး ကြွက်သားများ အားနည်းခြင်းကို
ဖြစ်ပွားစေနိုင်တဲ့အပြင် နှလုံး အလုပ် မလုပ်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
နှလုံးကြီးခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို
လိုက်နာဆောင်ရွက်သင့်ပါတယ်။
- ဆေးလိပ်ဖြတ်ခြင်း
- အရက်ဖြတ်ခြင်း
- ကိုယ်အလေးချိန် ထိန်းညှိခြင်း
- နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်း
- ကဖိန်းဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
- အသီးအနှံများ စားသုံးပေးခြင်း
- အချိုဓာတ်/ အဆီဓာတ် လွန်ကဲသော အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
REF: MedicalNewsToday, HealthLine
