အူသိမ်ကင်ဆာ အကြောင်း သိကောင်းစရာများ
- 04 Dec, 2019
- ကင်ဆာရောဂါများ
အူအိမ်ဆိုတာကတော့ အူမကြီးနဲ့ အစာအိမ်ကို ချိတ်ဆက်ပေးလျက်ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အူသိမ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာတဲ့ အစားအစာများကို ချေဖျက်ခြင်းနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ကို စုပ်ယူပေးခြင်းပဲ ဖြစ်ပါတယ်။
အူအိမ်ဆိုတာကတော့ အူမကြီးနဲ့ အစာအိမ်ကို
ချိတ်ဆက်ပေးလျက်ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ အူသိမ်ရဲ့ အဓိက
လုပ်ငန်းဆောင်တာကတော့ ခန္ဓာကိုယ် အတွင်း ဝင်ရောက်လာတဲ့ အစားအစာများကို
ချေဖျက်ခြင်းနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ကို
စုပ်ယူပေးခြင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ အူသိမ်ကင်ဆာကို ခံစားခဲ့ရမယ်ဆိုရင် ကင်ဆာကျိတ်တွေ
အူသိမ်မှာ ပိတ်ဆို့သွားမှာ ဖြစ်တာကြောင့် အူသိမ် အနေနဲ့ လုပ်ဆောင်ရမယ့်
လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။
အူသိမ်ကင်ဆာဆိုတာ အဖြစ်နည်းတဲ့ ကင်ဆာရောဂါ တစ်မျိုးပဲ
ဖြစ်ပါတယ်။ အူသိမ်အတွင်းမှာ တည်ရှိနေတဲ့ တစ်သျှူးတွေ အထိန်းအချုပ်မဲ့ အလွန်အမင်း
များပြားလာတဲ့ အခါမျိုးတွေမှာ အူသိမ်ကင်ဆာကို ခံစားရလေ့ ရှိကြပါတယ်။
အူသိမ်ကင်ဆာကို အမျိုးအစားအားဖြင့်
ငါးမျိုး ခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- Adenocarcinoma
- Sarcoma
- Carcinoid Tumors
- Lymphoma
- Gastrointestinal Stromal Tumors
အူသိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်တဲ့ အဓိက
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးမြင့်ခြင်း
- အမျိုးသားဖြစ်ခြင်း
- အူမကြီးကင်ဆာ ဖြစ်ပွားဖူးခြင်း
- မျိုးရိုးလိုက်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ
ဖြစ်ပွားဖူးခြင်း
- အနီရောင် အသားများ အလွန်အကျွံ စားသုံးခြင်း
- ဓာတုဗေဒပစ္စည်းများနဲ့ အမြဲတမ်း ထိတွေ့နေရခြင်း
- ဆေးလိပ်သောက်ခြင်း
- အရက်သောက်ခြင်း
- အဝလွန်ခြင်း
အူသိမ်ကင်ဆာကို စတင် ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊
ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ အစာစားချင်စိတ် မရှိခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာဖြစ်ပြီး အချိန် ကြာလာတာနဲ့အမျှ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်
အလွန်အမင်း ကျဆင်းခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်တွင်း
ဗီတာမင်ဓာတ် လုံလောက်မှု မရှိခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းပျက်ခြင်း၊
သွေးဝမ်းသွားခြင်း၊ အသားဝါခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အူသိမ်ကင်ဆာကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းကတော့ အူသိမ်ကင်ဆာကို ကုသရာမှာ အထိရောက်ဆုံး
နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ အူသိမ်အတွင်း ပျံ့နှံ့နေတဲ့ ကင်ဆာကျိတ်တွေကို ဖယ်ရှား
ရှင်းလင်းပစ်ခြင်းဖြင့် အူသိမ်ကင်ဆာကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ဓာတ်ကင်ကုသခြင်း (Radiotherapy)
ဓာတ်ကင်ကုသခြင်း ဆိုတာကတော့ X-Ray ရောင်ခြည်ကို
အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖယ်ထုတ် ရှင်းလင်းပစ်ခြင်းပဲ ဖြစ်ပါတယ်။
- ကီမိုဆေးသွင်းကုသခြင်း (Chemotherapy)
ကီမိုဆေးသွင်း ကုသခြင်း နည်းလမ်းဖြင့်လည်း အူသိမ်အတွင်းမှာ
ပျံ့နှံ့နေတဲ့ ကင်ဆာဆဲလ်တွေကို ရှင်းလင်းပစ်နိုင်မှာ ဖြစ်သလို ကင်ဆာဆဲလ်များ ထပ်မံ
ထွက်ပေါ်လာခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: WebMD, HealthLine, MedicalNewsToday
