လည်ပင်းပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း အကြောင်း သိကောင်းစရာများ
- 04 Dec, 2019
- သွားနှင့်ခံတွင်း
ပြန်ရည်စနစ်ဆိုတာကတော့ ခန္ဓကိုယ် အစိတ်အပိုင်းတွေ၊ တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို အထောက်အကူ ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ပြန်ရည်ကျိတ်တွေ ရာပေါင်းများစွာ တည်ရှိနေပြီး ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ မြင်တွေ့နိုင်ပါတယ်။ ပြန်ရည်ကျိတ် ဆိုတာကတော့ အရွယ်အစား သေးငယ်တဲ့ ကျောက်ကပ် ပုံသဏ္ဍန် တစ်သျှူး အစုအဖွဲ့လေးပဲ ဖြစ်ပါတယ်။
ပြန်ရည်စနစ်ဆိုတာကတော့ ခန္ဓကိုယ် အစိတ်အပိုင်းတွေ၊ တစ်သျှူးတွေနဲ့
ဖွဲ့စည်းထားပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို အထောက်အကူ ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုပဲ
ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ပြန်ရည်ကျိတ်တွေ ရာပေါင်းများစွာ တည်ရှိနေပြီး ခန္ဓာကိုယ်ရဲ့
နေရာ အနှံ့မှာ မြင်တွေ့နိုင်ပါတယ်။ ပြန်ရည်ကျိတ် ဆိုတာကတော့ အရွယ်အစား သေးငယ်တဲ့ ကျောက်ကပ်
ပုံသဏ္ဍန် တစ်သျှူး အစုအဖွဲ့လေးပဲ ဖြစ်ပါတယ်။
ပြန်ရည်ကျိတ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ သွေးဖြူဥတွေကို ပြန်ရည်ကြောတွေကနေ
တစ်ဆင့် ခန္ဓာကိုယ် နေရာအနှံ့အပြားကို ပို့ဆောင်ပေးခြင်းနဲ့ ရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်း
ဝင်ရောက်မှုကို ခုခံ ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ
တည်ရှိနေတဲ့ ပြန်ရည်ကျိတ်များ နည်းတူ လည်ပင်း ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းကို ခံစားရတဲ့
အခါမှာလည်း ခန္ဓာကိုယ် ခုခံအားစနစ်ကို ကျဆင်းစေမှာဖြစ်ပြီး သွေးဖြူဥများ ပို့ဆောင်ရာမှာ
အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
လည်ပင်းပြန်ရည်ကျိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လေပြွန်ရောင်ခြင်း (Bronchitis)
- အအေးမိဖျားနာခြင်း
- နားလမ်းကြောင်း ပိုးဝင်ခြင်း (Ear Infections)
- ဦးရေခွံ ပိုးဝင်ခြင်း (Scalp Infections)
- အာသီးရောင်ခြင်း
- စထရပ်ရောဂါပိုးကြောင့် လည်ချောင်းနာခြင်း (Strep Throat)
တစ်ခါတရံမှာ လည်ချောင်းမှာ ထိခိုက်ဒဏ်ရာရခြင်း၊ လည်ပင်းကင်ဆာ၊
ကာလသားရောဂါ၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ သွေးကင်ဆာစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း
လည်ပင်း ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
လည်ပင်း ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းကို ခံစားရတဲ့အခါမှာ များသောအားဖြင့်
ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာ နားကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊
ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
လည်ပင်းပြန်ရည်ကျိတ် ရောင်ရမ်းခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေနိုင်မယ့်
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- ကောင်းမွန်စွာ အနားယူခြင်း
- ရေနွေးအိတ် ကပ်ပေးခြင်း
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့်
လည်ပင်း ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းကို ဆက်လက် ခံစားနေရတဲ့ အပြင် ခန္ဓာကိုယ်အလေးချိန်
ရုတ်တရက် ကျဆင်းခြင်း၊ အလွန်အမင်း ဖျားနာခြင်း၊ လည်ပင်း အနီးတဝိုက် အလွန်အမင်း နာကျင်ခြင်း၊
ရက်သတ္တပတ် အနည်းငယ်ခန့် ပြန်ရည်ကျိတ် ရောင်ရမ်းခြင်း၊ ပြန်ရည်ကျိတ်များ ကြီးထွားလာခြင်း၊
ကြွက်သားများ ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး ကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine