လူ့ဘီလူးရောဂါ (Acromegaly) အကြောင်း သိကောင်းစရာများ

  • 03 Dec, 2019
  • အဖြစ်များသောရောဂါများ

လူ့ဘီလူးရောဂါ ဆိုတာကတော့ ခန္ဓာကိုယ်အတွင်း ကြီးထွားဟော်မုန်းများ အလွန်အမင်း များပြားလာခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ကြီးထွားဟော်မုန်းတွေ အလွန်အမင်း များပြားလာတဲ့ အခါမှာ အရိုးများ အလွန်အကျွံ ကြီးထွားခြင်း၊ ခန္ဓာကိုယ် တစ်သျှူးများ အလွန်အမင်း ကြီးထွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ လူ့ဘီလူးရောဂါကို အသက်အရွယ် ကြီးငယ်မရွေး ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့် သက်လတ်ပိုင်း လူပုဂ္ဂိုလ်တွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြပါတယ်။

ဦးနှောက်အောက်ခြေရှိ အဆီကျိတ် (Pituitary Gland) မှာ ကျူမာရောဂါ (Tumor) ခံစားရခြင်းကြောင့် လူ့ဘီလူးရောဂါကို ခံစားရလေ့ ရှိကြပါတယ်။ ဦးနှောက် အောက်ခြေရှိ အဆီကျိတ် အနေနဲ့ ခန္ဓာကိုယ်ရဲ့ ကြီးထွားမှု လုပ်ငန်းစဥ်ကို အထောက်အပံ့ ပေးလျက်ရှိတဲ့ ကြီးထွားဟော်မုန်းတွေကို ထုတ်လွှတ်ပေးလျက်ရှိပြီး ဦးနှောက်အောက်ခြေရှိ အဆီကျိတ်မှာ ပြဿနာ တစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ကြီးထွားဟော်မုန်းတွေ အလွန်အမင်း ထွက်ရှိလာမှာဖြစ်ပြီး လူ့ဘီလူးရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အဆုတ်၊ ပန်ကရိယ၊ အရည်ထုတ်ဂလင်းတွေမှာ အကျိတ်ဖြစ်ပွားခြင်းကြောင့်လည်း ခန္ဓာကိုယ်တွင်း ကြီးထွားဟော်မုန်းတွေ များပြားလာမှာဖြစ်ပြီး လူ့ဘီလူးရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။

လူ့ဘီလူးရောဂါကို ခံစားရတဲ့ အခါမှာ မေးရိုးများ ကြီးထွားလာခြင်း၊ ခြေချောင်း၊ လက်ချောင်းများ ကြီးထွားလာခြင်း၊ နဖူးကျယ်ခြင်း၊ ကိုယ်အလေးချိန် မြင့်တက်ခြင်း၊ သွားကျဲခြင်း၊ ခြေချောင်း၊ လက်ချောင်းများ ထုံကျဥ် ကိုက်ခဲခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ အသံသြခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ချွေးထွက်လွန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

လူ့ဘီလူးရောဂါကို ကုသနိုင်မယ့်နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခွဲစိတ်ကုသခြင်း
  • ဓာတ်ကင်ကုသခြင်း
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း

တကယ်လို့ လူ့ဘီလူးရောဂါကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အမြင်အာရုံ ကွယ်ပျောက်ခြင်း၊ အာရုံကြောမကြီး ဒဏ်ရာရခြင်း၊ သားအိမ်အလုံးတည်ခြင်း၊ ခန္ဓာကိုယ်တွင်း (Pituitary) ဟော်မုန်း ထုတ်လွှတ်မှု နည်းပါးခြင်း၊ အိပ်ပျော်နေစဥ် အသက်ရှူကြပ်ခြင်း၊ ခန္ဓာကိုယ်တွင်း ကင်ဆာကျိတ်များ ထွက်ပေါ်ခြင်း၊ လည်ပင်းကြီးခြင်း၊ ဆီးချိုရောဂါဖြစ်ပွားခြင်း၊ နှလုံးကြီးခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ အဆစ်ရောင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.