ကျောက်ကပ်ရောင်ခြင်း (Glomerulonephritis) အကြောင်း သိကောင်းစရာများ

  • 03 Dec, 2019
  • အဖြစ်များသောရောဂါများ

ကျောက်ကပ်ရောင်ခြင်း ဆိုတာကတော့ ကျောက်ကပ်အတွင်းမှ သွေးကြောမျှင်များ အစုအဖွဲ့ (Glomeruli) ရောင်ရမ်းခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ ကျောက်ကပ်အတွင်းမှ သွေးကြောမျှင်များမှာ ဒဏ်ရာအနာတရ ဖြစ်ပွားခဲ့မယ်ဆိုရင် ကျောက်ကပ် အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပဲ ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ခြင်း ဆိုတာကတော့ ကျောက်ကပ်အတွင်းမှ သွေးကြောမျှင်များ အစုအဖွဲ့ (Glomeruli) ရောင်ရမ်းခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ ကျောက်ကပ်အတွင်းမှ သွေးကြောမျှင်များမှာ ဒဏ်ရာအနာတရ ဖြစ်ပွားခဲ့မယ်ဆိုရင် ကျောက်ကပ် အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပဲ ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • ရုတ်တရက် ကျောက်ကပ်ရောင်ခြင်း (Acute Glomerulonephritis)

ရုတ်တရက် ကျောက်ကပ်ရောင်ခြင်းကို များသောအားဖြင့် စထရပ်ရောဂါပိုးကြောင့် လည်ချောင်းနာခြင်း (Strep Throat) ကို ခံစားရတဲ့ အခါမှာ ဒါမှမဟုတ် သွားပြည်တည်ခြင်းကို ခံစားရတဲ့ အခါမှာ မြင်တွေ့ရလေ့ ရှိပါတယ်။

  • နာတာရှည် ကျောက်ကပ်ရောင်ခြင်း (Chronic Glomerulonephritis)

နာတာရှည် ကျောက်ကပ်ရောင်ခြင်းကို စတင် ခံစားရစဥ် ကာလမှာ ရောဂါလက္ခဏာတွေကို ပြသလေ့ မရှိတာကြောင့် အချိန်တစ်ခု ကြာမြင့်မှသာ နာတာရှည် ကျောက်ကပ်ရောင်ခြင်းကို ခံစားရနေကြောင်း သိရှိကြလေ့ ရှိကြပါတယ်။ နာတာရှည် ကျောက်ကပ်ရောင်ခြင်းကို များသောအားဖြင့် အမြင်အာရုံ၊ အကြားအာရုံ အားနည်းတဲ့ လူပုဂ္ဂိုလ်တွေ အနေနဲ့ ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါစတဲ့ ဝေဒနာတွေ ခံစားရခြင်းကြောင့်လည်း နာတာရှည် ကျောက်ကပ်ရောင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းကို ခံစားရတဲ့ အခါမှာ မျက်နှာ‌‌ဖောရောင်လာခြင်း၊ ဆီးသွားနှုန်း နည်းပါးသွားခြင်း၊ ဆီးသွားရာမှာ သွေးပါခြင်း၊ အဆုတ်ထဲရေဝင်ခြင်း၊ ချောင်းဆိုးခြင်း၊ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ခြေချင်းဝတ် ရောင်ရမ်းခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ခါးနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ဝေဒနာတွေကို မကြာခဏ ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ကျောက်ကပ်ရောင်ခြင်း ဝေဒနာကို ခံစားနေရခြင်း ရှိမရှိ အမြန်ဆုံး စမ်းသပ် စစ်ဆေးသင့်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ကျောက်ကပ်ရောင်ခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ကျောက်ကပ် ပျက်စီးခြင်းကို ဖြစ်ပွားစေမှာ ဖြစ်တဲ့အပြင် မောပန်းနွမ်းနယ်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အိပ်မပျော်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း၊ အရေပြား ယားယံခြင်း၊ ကြွက်သားများ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ကျောက်ကပ်ရောင်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိခြင်း
  • အငံဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ပရိုတိန်း ပါဝင်တဲ့ အစားအစာများ အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အကာအကွယ်ဖြင့် လိင်ဆက်ဆံခြင်း
  • မူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
  • အရက်ဖြတ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.