ငရုတ်သီးစားခြင်းရဲ့ ကောင်းကျိုးများ
- 29 Nov, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
အရှေ့တောင်အာရှဒေသတွင်း နေထိုင်သူတွေ အနေနဲ့ အခြားသော ဒေသမှာ နေထိုင်သူများထက် ငရုတ်သီး အသုံးပြုထားတဲ့ ဟင်းလျာတွေကို စားသုံးရတာကို ပိုမို ကြိုက်နှစ်သက်လေ့ ရှိကြပါတယ်။ လူအများစုကတော့ ငရုတ်သီးကို စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုသာ ခံစားရမှာ ဖြစ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ငရုတ်သီး စားသုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။
အာရှတိုက်တွင်း နေထိုင်သူ အများစု အနေနဲ့ အခြားသော ဒေသမှာ
နေထိုင်သူများထက် ငရုတ်သီး အသုံးပြုထားတဲ့ ဟင်းလျာတွေကို စားသုံးရတာ ပိုမို ကြိုက်နှစ်သက်လေ့
ရှိကြပါတယ်။ လူအများစုကတော့ ငရုတ်သီးကို စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုသာ
ခံစားရမှာ ဖြစ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ငရုတ်သီး စားသုံးခြင်းဖြင့်
ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။
ငရုတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
ငရုတ်သီးမှာ ဗီတာမင် (C) ၊ ဗီတာမင် (B6) ၊ ဗီတာမင်
(K1) ၊ ဗီတာမင် (A) စတဲ့ ဗီတာမင်ဓာတ်တွေ
ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြင့်တင်ပေးခြင်း၊ အနာကျက်မြန်စေခြင်း၊
ခန္ဓာကိုယ် ဇီဝဗေဒဖြစ်စဥ်ကို အထောက်အကူပြုခြင်း၊ သွေးခဲခြင်းကို ကာကွယ်ပေးခြင်း၊ အရိုးနဲ့
ကျောက်ကပ်ကို ကျန်းမာ သန်စွမ်းစေခြင်းစတဲ့ ကောင်းကျိုးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ငရုတ်သီးမှာ ပိုတက်ဆီယမ်၊ ကြေးနီ (Copper) စတဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အာရုံကြော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ငရုတ်သီး စားသုံးခြင်းဖြင့် ရရှိစေမှာ ဖြစ်ပါတယ်။ ငရုတ်သီး စားသုံးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- နာကျင်မှုတွေကို သက်သာပျောက်ကင်းစေခြင်း
ငရုတ်သီးမှာ (Capsaicin) လို့ အမည်ရတဲ့ ဒြပ်ပေါင်း တစ်မျိုး
ပါဝင်ပါတယ်။ အဆိုပါ ဒြပ်ပေါင်း အနေနဲ့ ထိခိုက်ဒဏ်ရာကြောင့် ခံစားရလေ့ရှိတဲ့ နာကျင်မှုတွေကို
သက်သာ ပျောက်ကင်းစေသလို အစာအိမ်နာခြင်း၊ နှလုံးအောင့်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း သက်သာ
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
အဝလွန်ခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေးဆိုင်ရာ
ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ငရုတ်သီးမှာ ပါဝင်တဲ့
(Capsaicin) ဒြပ်ပေါင်း အနေနဲ့ ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းညှိပေးသလို အစာစားချင်စိတ်ကိုလည်း
လျော့ချပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
- နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
ငရုတ်သီးစားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှု စနစ်ကို ကောင်းမွန်စေမှာ
ဖြစ်သလို နှလုံးရောဂါကို ဖြစ်ပွားစေနိုင်တဲ့ ကိုလက်စထရော (Cholesterol)
ပမာဏ မြင့်တက်မှုကိုလည်း ထိန်းညှိပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငရုတ်သီး
စားသုံးခြင်းဖြင့် သွေးခဲခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်ပေးခြင်း
တကယ်လို့ သင့်အနေနဲ့ ကိစ္စတစ်ခုခုကို အာရုံစူးစိုက် လုပ်ဆောင်နေတဲ့
အခါမျိုးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရလေ့ရှိတယ် ဆိုရင်တော့ ငရုတ်သီးကို
စားသုံးပေးသင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ငရုတ်သီးမှာ ပါဝင်တဲ့ (Capsaicin) ဒြပ်ပေါင်း အနေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေ
ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
- ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျော့ချပေးခြင်း
ငရုတ်သီးမှာ ပါဝင်တဲ့ (Capsaicin) ဒြပ်ပေါင်းနဲ့
အန်တီအောက်ဆီဒန့်တွေ (Antioxidants) အနေနဲ့ သွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့
ဝေဒနာတွေ ခံစားရမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
ငရုတ်သီးမှာ ဗီတာမင် (A) ပါဝင်တာကြောင့် အမြင်အာရုံဝေဝါးခြင်း၊
အမြင်နှစ်ထပ်ဖြစ်ခြင်းစတဲ့ မျက်လုံးဆိုင်ရာ ဝေဒနာတွေ ခံစားရခြင်းကို ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
- အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေခြင်း
ငရုတ်သီးမှာ ဗီတာမင် (C) ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို
ကောင်းမွန်စေမှာ ဖြစ်တဲ့အပြင် (Collagen) ပရိုတိန်း ပါဝင်တာကြောင့်
ဆံပင်နဲ့ အသားအရေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
ငရုတ်သီးကို စားသုံးခြင်းဖြင့် အထက်မှာ ဖော်ပြထားတဲ့ ကျန်းမာရေးဆိုင်ရာ
ကောင်းကျိုးတွေကို ခံစားရရှိစေမှာ ဖြစ်ပေမယ့်လည်း အလွန်အကျွံ စားသုံးခဲ့မယ်ဆိုရင် အစာအိမ်အောင့်ခြင်း၊
အစာအိမ်နာခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်တာကြောင့်
အလွန်အကျွံ စားသုံးခြင်းကိုတော့ တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။
REF: HealthLine