အမြင်နှစ်ထပ်ဖြစ်ခြင်း (Double Vision) အကြောင်း သိကောင်းစရာများ

  • 29 Nov, 2019
  • အဖြစ်များသောရောဂါများ

အမြင်နှစ်ထပ်ဖြစ်ခြင်း ဆိုတာကတော့ အရာဝတ္ထုတစ်ခုကို ကြည့်ရှုလိုက်တဲ့ အခါမှာ မျက်လုံးထဲမှာ ပုံရိပ်နှစ်ခု မြင်တွေ့နေရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အမြင်နှစ်ထပ်ဖြစ်ခြင်းကြောင့် လှုပ်ရှားသွားလာရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မညီခြင်း၊ စာဖတ်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းစတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အမြင်နှစ်ထပ်ဖြစ်ခြင်း ဆိုတာကတော့ အရာဝတ္ထုတစ်ခုကို ကြည့်ရှုလိုက်တဲ့ အခါမှာ မျက်လုံးထဲမှာ ပုံရိပ်နှစ်ခု မြင်တွေ့နေရခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ အမြင်နှစ်ထပ်ဖြစ်ခြင်းကြောင့် လှုပ်ရှားသွားလာရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း၊ ခန္ဓာကိုယ်ဟန်ချက်မညီခြင်း၊ စာဖတ်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းစတဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မျက်လုံးကြွက်သားတွေ၊ အာရုံကြောတွေမှာ ပြဿနာတွေ ရှိလာတဲ့ အခါမှာ အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ မျက်လုံးကို ရွေ့လျားစေဖို့အတွက် အထောက်အကူပေးနေတဲ့ ကြွက်သားတွေမှာ ဒဏ်ရာရသွားခဲ့မယ် ဒါမှမဟုတ် မျက်လုံးရွေ့လျားခြင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ ထိခိုက်ဒဏ်ရာ တစ်ခုခု ဖြစ်ပွားခဲ့မယ်ဆိုရင် အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

အမြင်နှစ်ထပ်ဖြစ်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • မျက်လုံးနှစ်ဖက်လုံး အမြင်နှစ်ထပ်ဖြစ်ခြင်း (Binocular Double Vision)

မျက်လုံးနှစ်ဖက်လုံး အမြင်နှစ်ထပ်ဖြစ်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ မျက်စိစွေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မျက်စိစွေခြင်းကို ကလေးငယ် အများစု အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ မျက်စိစွေခြင်းကြောင့် မျက်လုံး နှစ်ဖက်လုံးကို အသုံးပြုပြီး ဦးတည်ရာ တစ်ခုတည်းကို ကြည့်ရှုရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ မျက်လုံးကြွက်သားတွေ အားနည်းလာမှာ ဖြစ်တာကြောင့် အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

မျက်လုံးနှစ်ဖက်လုံး အမြင်နှစ်ထပ်ဖြစ်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

  • သွိုင်းရွိုက်ဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း

သွိုင်းရွိုက်ဂလင်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း သွိုင်းရွိုက်ဟော်မုန်းတွေ နည်းပါးသွားမှာာ ဖြစ်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်း နည်းပါးသွားခြင်းကြောင့် မျက်လုံး ရွေ့လျားမှုကို အထောက်အကူပေးနေတဲ့ ကြွက်သားတွေ အားနည်းသွားမှာဖြစ်ပြီး အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • လေဖြတ်ခြင်း

ဦးနှောက်ကို ပို့ဆောင်ပေးနေတဲ့ သွေးကြောတွေ ပိတ်သွားခြင်း၊ သွေးကြောပေါက်ခြင်းတို့ကို ခံစားရတဲ့ အခါမှာ ဦးနှောက်အတွင်း ‌အောက်စီဂျင်ဓါတ် ပြတ်တောက်သွားကာ ခန္ဓာကိုယ်ကို စေခိုင်းနေတဲ့ ဦးနှောက်ဆဲလ်များ သေဆုံးသွားမှာ ဖြစ်ပါတယ် အခုလို ခန္ဓာကိုယ်ကို စေခိုင်းနေတဲ့ ဦးနှောက်ဆဲလ်တွေ သေဆုံးသွားခြင်းတဲ့ အခါမှာ လေဖြတ်ဝေဒနာကို ခံစားရမှာ ဖြစ်ပါတယ်။ လေဖြတ်ဝေဒနာကို ခံစားရတဲ့ အခါမှာ မျက်လုံးကြွက်သားတွေကို ထိန်းချုပ်နေတဲ့ အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း ရှိတော့မှာ မဟုတ်တာကြောင့် အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • မျက်လုံးသွေးကြောများ ဖောင်းလာခြင်း (Aneurysm)

မျက်လုံးသွေးကြောများ ဖောင်းလာခြင်းကြောင့် မျက်လုံးအတွင်းမှာ တည်ရှိနေတဲ့ အာရုံကြောတွေကို ဖိထားမိသလို ဖြစ်သွားပြီး မျက်လုံး အာရုံကြော ထိခိုက်ဒဏ်ရာရခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အခုလို မျက်လုံး အာရုံကြော ထိခိုက်ဒဏ်ရာရခြင်းကြောင့် အမြင်နှစ်ထပ်ဖြစ်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

  • ဆီးချိုရောဂါဖြစ်ပွားခြင်း

ဆီးချိုရောဂါ ဖြစ်ပွားခြင်းကြောင့် မျက်လုံး ရွေ့လျားမှုကို ထိန်းချုပ်နေတဲ့ အာရုံကြောတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှု မရှိခြင်းကို ဖြစ်ပွားစေနိုင်ပြီး အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်ကင်ဆာဖြစ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း၊ မျက်လုံးပတ်လည် ညိုမဲစွဲခြင်း (Black Eye) စတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း မျက်လုံးနှစ်ဖက်လုံး အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • မျက်လုံးတစ်ဖက်တည်း အမြင်နှစ်ထပ်ဖြစ်ခြင်း (Monocular Double Vision)

မျက်လုံးတစ်ဖက်တည်း အမြင်နှစ်ထပ်ဖြစ်ခြင်း ဆိုတာကတော့ မျက်လုံးနှစ်ဖက်လုံး အမြင်နှစ်ထပ်ဖြစ်ခြင်းနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အဖြစ်နည်းတဲ့ ဝေဒနာတစ်မျိုးပဲ ဖြစ်ပါတယ်။ မျက်ကြည်လွှာ မညီညာခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ တိမ်စွဲခြင်းစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာ မျက်လုံးတစ်ဖက်တည်း အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အမြင်နှစ်ထပ်ဖြစ်ခြင်းကို ခံစားနေရတဲ့အပြင် မျက်လုံး ရွေ့လျားလိုက်တိုင်း နာကျင်ခြင်း၊ မျက်လုံးပတ်လည် နာကျင်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်ခွံတွဲကျခြင်း၊ ရင်တုန်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းစတဲ့ ဝေဒနာတွေ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ စစ်ဆေး ကုသမှုတွေကို အမြန်ဆုံး ခံယူသင့်ပါတယ်။

REF: HealthLine, MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.