ဝဲရောဂါ (Scabies) အကြောင်း သိကောင်းစရာများ

  • 28 Nov, 2019
  • အဖြစ်များသောရောဂါများ

ဝဲ‌ရောဂါ ဆိုတာကတော့ Sarcoptes Scabiei လို့ အမည်ရတဲ့ ပိုးမွှားလေးတွေ စွဲကပ်ခြင်းကြောင့် ခံစားရ‌လေ့ရှိတဲ့ ဝဲရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ Sarcoptes Scabiei ပိုးမွှားတွေ အနေနဲ့ ခန္ဓာကိုယ် အပေါ်မှာ လပေါင်း များစွာခန့် စွဲကပ်နေနိုင်ပြီး အရေပြားပေါ်မှာ မျိုးပွားလေ့ ရှိကြပါတယ်။ အခုလို မျိုးပွားခြင်းကြောင့် အရေပြား ယားယံခြင်း၊ အနီရောင် အကွက်များ ပေါ်လာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ဝဲ‌ရောဂါ ဆိုတာကတော့ Sarcoptes Scabiei လို့ အမည်ရတဲ့ ပိုးမွှားလေးတွေ စွဲကပ်ခြင်းကြောင့် ခံစားရ‌လေ့ရှိတဲ့ ဝဲရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ Sarcoptes Scabiei ပိုးမွှားတွေ အနေနဲ့ ခန္ဓာကိုယ် အပေါ်မှာ လပေါင်း များစွာခန့် စွဲကပ်နေနိုင်ပြီး အရေပြားပေါ်မှာ မျိုးပွားလေ့ ရှိကြပါတယ်။ အခုလို မျိုးပွားခြင်းကြောင့် အရေပြား ယားယံခြင်း၊ အနီရောင် အကွက်များ ပေါ်လာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ဝဲရောဂါဆိုတာ လူကြီးလူငယ်မရွေး ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုး ဖြစ်တာကြောင့် ဝဲစွဲခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။ ဝဲစွဲခြင်းကို များသောအားဖြင့် လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ချိုင်း၊ နို့သီးခေါင်း၊ ဖိုအင်္ဂါ၊ ခါး၊ တင်ပါး၊ ဒူးခေါင်း၊ လက်ချောင်းကြားတွေမှာ ခံစားရလေ့ရှိပြီး တစ်ခါတရံမှာ မျက်နှာ၊ ဦးခေါင်း၊ လည်ပင်း၊ ခြေဖဝါး၊ လက်ဖဝါးစတဲ့ နေရာတွေမှာ ခံစားရလေ့ ရှိကြပါတယ်။

ဝဲစွဲခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဝဲစွဲနေသူများနဲ့ အတူတကွ နေထိုင်ခြင်း
  • ဝဲစွဲနေသူများနဲ့ ထိတွေ့ ဆက်ဆံမိခြင်း
  • တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း
  • လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
  • အသက်အရွယ် ကြီးမြင့်ခြင်း
  • ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းနေခြင်း
  • ဓါတုကုထုံးများ ခံယူဖူးခြင်း

ဝဲစွဲခြင်းကို ခံစားရတဲ့ အခါမှာ အောက်ပါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ယားယံခြင်း
  • အဖုအပိမ့်များထွက်ခြင်း
  • အရည်ကြည်ဖုများထခြင်း
  • အနီရောင် အကွက်များ ပေါ်လာခြင်း
  • အနာများဖြစ်ခြင်း
  • အရေပြား ကွဲအက်ခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။ ဝဲစွဲခြင်းကို ကုသချင်တယ် ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက် အတိုင်း ဆေးဝါးများ သောက်သုံးခြင်း၊ အရေပြား လိမ်းဆေးများ လိမ်းကျံပေးခြင်း၊ ရေခဲကပ်ပေးခြင်းစတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဝဲစွဲခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အဝတ်အစားများ၊ မျက်နှာသုတ်ပုဝါများကို စင်ကြယ်အောင် လျှော်ဖွပ်ခြင်း
  • လျှော်ဖွပ်ပြီးသော အဝတ်အထည်များကို ခြောက်သွေ့အောင် နေလှန်းခြင်း
  • အိမ်သန့်ရှင်းရေကို ဂရုတစိုက် လုပ်ဆောင်ခြင်း
  • တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.