ပါးစပ်တွင်း အဖြူရောင် အဖတ်များဖြစ်ခြင်း (Leukoplakia) အကြောင်း သိကောင်းစရာများ

  • 28 Nov, 2019
  • သွားနှင့်ခံတွင်း

ပါးစပ်တွင်း အဖြူရောင် အဖတ်များဖြစ်ခြင်း (Leukoplakia) ဆိုတာကတော့ အာခေါင်နဲ့ လျှာတို့မှာ အဖြူရောင် အဖတ်များကို ဖြစ်ပွားစေတဲ့ တစ်မျိုးပဲ ဖြစ်ပါတယ်။ ပါးစပ်ကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းစတဲ့ အပြုအမူတွေကြောင့် ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

ပါးစပ်တွင်း အဖြူရောင် အဖတ်များဖြစ်ခြင်း (Leukoplakia) ဆိုတာကတော့ အာခေါင်နဲ့ လျှာတို့မှာ အဖြူရောင် အဖတ်များကို ဖြစ်ပွားစေတဲ့ ‌မှိုရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ပါးစပ်ကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းစတဲ့ အပြုအမူတွေကြောင့် ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ခံစားရတဲ့ အခါမှာ နာကျင်ခြင်းမရှိတဲ့ အဖြူရောင် အဖတ်တွေ ပါးစပ်တွင်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ ခံတွင်းကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဝေဒနာတွေ ခံစားနေရသူတွေ အနေနဲ့ ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့ နာကျင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို များသောအားဖြင့် ပါးစောင်၊ သွားဖုံး၊ လျှာ၊ ခံတွင်းအောက်အခင်း၊ အာခေါင်တို့မှာ မြင်တွေ့ရလေ့ ရှိပါတယ်။ တစ်ခါတရံမှာ ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ခံတွင်း ပြင်ပနေရာတွေဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေမှာပါ ခံစားရမှာဖြစ်ပါတယ်။

ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • ကွမ်းစားခြင်း
  • သွားမညီခြင်း
  • ပါးစောင်မှာဒဏ်ရာရခြင်း
  • ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်ရမ်းခြင်း
  • သွားထိန်းတပ်ဆင်ရာမှာ အံဝင်ခွင်ကျမှု မရှိခြင်း
  • အရက် အလွန်အကျွံ သောက်သုံးခြင်း
  • ခံတွင်းသန့်ရှင်းမှုမရှိခြင်း

ပါးစပ်တွင်း အဖြူရောင် အဖတ်များ ဖြစ်ပေါ်ခြင်းကို ခံစားရတဲ့အခါမှာ အဖြူရောင်၊ မီးခိုးရောင် အဖတ်များ ထွက်ပေါ်ခြင်း၊ ထူထပ်မာကျောသော အဖတ်များ ဖြစ်ပွားခြင်း၊ အစာမြိုချစဥ် နာကျင်ခြင်း၊ အစာစားစဥ် နာကျင်ခြင်း၊ မေးရိုးလှုပ်လိုက်တိုင်း နာကျင်ခြင်း၊ နားနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ပါးစပ်တွင်း အဖြူဖတ်များ ဖြစ်ပေါ်ခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့် တစ်ခါတရံမှာ ခံတွင်းကင်ဆာ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါတို့ ဖြစ်ပွားတဲ့ အခါမှာလည်း ပါးစပ်တွင်း အဖြူဖတ်များ ဖြစ်ပေါ်ခြင်းကို ခံစားရလေ့ ရှိတာကြောင့် ပေါ့ဆလို့ မနေသင့်ဘဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

ပါးစပ်တွင်း အဖြူဖတ်များ ဖြစ်ပေါ်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
  • အန်တီအောက်ဆီဒန့် (Antioxidant) ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများ စားသုံးပေးခြင်း
  • ပါးစပ်ဖြင့် ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း
  • ပါးစပ်နာများကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်း
  • အချိုဓာတ် လွန်ကဲသော အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.