ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက်ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 28 Nov, 2019
  • အဖြစ်များသောရောဂါများ

ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းကို များသောအားဖြင့် နှာခေါင်းရိုးကျိုးခြင်း၊ နှာခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ နှာခေါင်းတွင်း သွေးကြောများ ပေါက်ထွက်ခြင်းတို့ကြောင့်ခံစားရလေ့ ရှိပါတယ်။ ခေါင်းကိုက်ခြင်းကို များသောအားဖြင့် စိတ်ဖိစီးမှုများခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အစာစားချိန်မမှန်ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့် ခံစားရလေ့ ရှိကြပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းဆိုတာ အဖြစ်များတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းကို များသောအားဖြင့် နှာခေါင်းရိုးကျိုးခြင်း၊ နှာခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ နှာခေါင်းတွင်း သွေးကြောများ ပေါက်ထွက်ခြင်းတို့ကြောင့်ခံစားရလေ့ ရှိပါတယ်။ ခေါင်းကိုက်ခြင်းကို များသောအားဖြင့် စိတ်ဖိစီးမှုများခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အစာစားချိန်မမှန်ခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့် ခံစားရလေ့ ရှိကြပါတယ်။

ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို အများအားဖြင့် တွဲလျက်ခံစားရလေ့ မရှိကြပါဘူး။ ဒါပေမယ့် အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုတွေကြောင့် ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တစ်ခါတရံမှာ တွဲလျက်ခံစားရလေ့ ရှိကြပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက်ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အအေးမိဖျားနာခြင်း
  • ဓာတ်မတည့်ခြင်း
  • ရောဂါပိုးကူးစက်ခံရခြင်း
  • နှာခေါင်းသန့်ဆေးရည်များ အလွန်အကျွံ သုံးစွဲခြင်း
  • ရာသီဥတုခြောက်သွေ့ခြင်း
  • သွေးအားနည်းခြင်း

တစ်ခါတရံမှာ အောက်ပါဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက်ခံစားရနိုင်ပါတယ်။

  • နှာနုရိုးနေရာလွဲခြင်း (Deviated Septum)

နှာနုရိုးနေရာလွဲခြင်း ဆိုတာကတော့ ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက်ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။ နှာနုရိုးနေရာလွဲခြင်းကို ခံစားရတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်တဲ့အပြင် မျက်နှာနာကျင်ခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းပိတ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

  • ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် နှာခေါင်းသွေးလျှံခြင်းကိုလည်း တွဲလျက် ခံစားရမှာ ဖြစ်ပါတယ်။

  • ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာလည်း ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက် ခံစားရလေ့ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်ပေါ်လေ့ ရှိတာကြောင့် နှာခေါင်းသွေးလျှံခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို မကြာခဏ ခံစားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သွေးကင်ဆာ၊ မွေးရာပါနှလုံးရောဂါ၊ ဦးနှောက်ကျူမာ (Brain Tumor) ၊ သွေးခဲခြင်းစတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက် ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ခေါင်းကိုက်ခြင်းနဲ့ နှာခေါင်းသွေးလျှံခြင်းကို တွဲလျက် ခံစားနေရတဲ့အပြင်၊ စိတ်ရှုပ်ထွေးခြင်း၊ ကိုယ်တစ်ခြမ်း လှုပ်ရှားရ ခက်ခဲခြင်း၊ အဖျားကြီးခြင်း၊ စကားပြောရခက်ခဲခြင်း၊ လှုပ်ရှားရခက်ခဲခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အချိန်ကြာမြင့်စွာ နှာခေါင်းသွေးလျှံခြင်း၊ အသက်ရှူမဝခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.