ပါးစပ်နာ (Cold Sores) ကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 28 Nov, 2019
- သွားနှင့်ခံတွင်း
ပါးစပ်နာဆိုတာကတော့ နှုတ်ခမ်းမှာ ဖြစ်ပွားလေ့ရှိတဲ့ အပူနာ တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ပါးစပ်နာ ဖြစ်ပွားခြင်းကို မေးစေ့၊ ပါး၊ နှာခေါင်းပေါက်၊ သွားဖုံးတို့မှာလည်း မြင်တွေ့ရလေ့ ရှိပါတဘ်။ ပါးစပ်နာကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ရေယုန်ဗိုင်းရပ်စ် အမျိုးအစား (၁) (HSV-1) ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ရေယုန်ဗိုင်းရပ်စ် အမျိုးအစား (၂) (HSV-2) ကူးစက်ခြင်းကြောင့်လည်း ပါးစပ်နာကို ခံစားရလေ့ ရှိကြပါတယ်။
ပါးစပ်နာဆိုတာကတော့ နှုတ်ခမ်းမှာ ဖြစ်ပွားလေ့ရှိတဲ့ အပူနာ
တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ပါးစပ်နာ ဖြစ်ပွားခြင်းကို မေးစေ့၊ ပါး၊
နှာခေါင်းပေါက်၊ သွားဖုံးတို့မှာလည်း မြင်တွေ့ရလေ့ ရှိပါတဘ်။ ပါးစပ်နာကို
ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ရေယုန်ဗိုင်းရပ်စ် အမျိုးအစား (၁) (HSV-1) ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ရေယုန်ဗိုင်းရပ်စ်
အမျိုးအစား (၂) (HSV-2) ကူးစက်ခြင်းကြောင့်လည်း ပါးစပ်နာကို
ခံစားရလေ့ ရှိကြပါတယ်။
ပါးစပ်နာကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရောဂါပိုး ကူးစက်ခြင်း
- ဖျားနာခြင်း
- အအေးမိခြင်း
- နေရောင်ခြည်နဲ့ ထိတွေ့မှု လွန်ကဲခြင်း
- ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ခံစားရခြင်း
- ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း
- နှင်းခူနာဖြစ်ခြင်း
ဒါ့အပြင် ပါးစပ်နာဆိုတာ အလွယ်တကူ ကူးစက်နိုင်တဲ့
ရောဂါဖြစ်တာကြောင့် ပါးစပ်နာ ဖြစ်ပွားနေသူနဲ့ နမ်းရှုံ့ခြင်း၊ အစားအစာများ အတူတကွ
စားသုံးခြင်း၊ တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းများကို မျှဝေသုံးစွဲခြင်းစတဲ့
အကြောင်းအရင်းတွေကြောင့်လည်း ပါးစပ်နာကို ဖြစ်ပွားစေနိုင်ပါတယ်။
ပါးစပ်နာခြင်းကို ခံစားရတဲ့ အခါမှာ အနာတစ်ဝိုက် ယားယံခြင်း၊
နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို အဓိက အနေနဲ့ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ဖျားနာခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ လျှာနာခြင်း၊ လည်ချောင်းနာခြင်း၊ အရည်အိတ်ဂလင်းများ
ရောင်ရမ်းခြင်း၊ နှုတ်ခမ်းသား ကွဲအက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ မူးဝေခြင်း၊ ကိုယ်အပူချိန်
မြင့်တက်ခြင်း၊ နှုတ်ခမ်းသား ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ပါးစပ်နာခြင်းကို ခံစားနေရတဲ့အပြင်
အမြင်အာရုံဝေဝါးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်းစတဲ့ မျက်စိဝေဒနာတွေကိုပါ ခံစားလာရမယ်
ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
ပါးစပ်နာဖြစ်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါ
နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ပါးစပ်နာဖြစ်ပွားနေသူနဲ့ အသားအရေခြင်း ထိတွေ့မှုကို
ရှောင်ကြဥ်ခြင်း
- တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းများ ဝေမျှသုံးစွဲမှုကို
ရှောင်ကြဥ်ခြင်း
- တစ်ကိုယ်ရည် သန့်ရှင်းမှုကို ဂရုတစိုက် လုပ်ဆောင်ခြင်း
- ပါးစပ်နာနဲ့ ထိတွေ့မိတာနဲ့ ဆပ်ပြာဖြင့် ဂရုတစိုက်
ဆေးကြောခြင်း
REF: MedicalNewsToday, HealthLine