စကာဗီ (Scurvy) ရောဂါအကြောင်း သိကောင်းစရာများ

  • 27 Nov, 2019
  • အဖြစ်များသောရောဂါများ

စကာဗီ (Scurvy) ဆိုတာကတော့ ဗီတာမင် (C) ချို့တဲ့ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စကာဗီရောဂါကို ခံစားရခြင်းကြောင့် သွေးအားနည်းခြင်း၊ ကြွက်သားများအားနည်းခြင်း၊ သွားဖုံးဝေဒနာများ ခံစားရခြင်း၊ အရေပြားရောဂါများ ခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

စကာဗီ (Scurvy) ဆိုတာကတော့ ဗီတာမင် (C) ချို့တဲ့ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စကာဗီရောဂါကို ခံစားရခြင်းကြောင့် သွေးအားနည်းခြင်း၊ ကြွက်သားများအားနည်းခြင်း၊ သွားဖုံးဝေဒနာများ ခံစားရခြင်း၊ အရေပြားရောဂါများ ခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင်းမှာ တည်ရှိနေတဲ့ တွယ်ဆက်တစ်သျှူးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ ကော်လဂျင် (Collagen) ပရိုတင်းကို လိုအပ်ပါတယ်။ ဒါ့အပြင် ကော်လဂျင် (Collagen) ပရိုတင်းကို ဗီတာမင် (C) ကနေ ရရှိနိုင်မှာ ဖြစ်တာကြောင့် ဗီတာမင် (C) ချို့တဲ့ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် အတွက် ဘေးထွက် ဆိုးကျိုးပေါင်း များစွာကို ခံစားရမှာ ဖြစ်ပါတယ်။

 စကာဗီရောဂါကို ခံစားရတဲ့ အခါမှာ သွေးအားနည်းခြင်း၊ အားအင်နည်းပါးခြင်း၊ ခြေလက်များ နာကျင်ခြင်း၊ ဖျားနာခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အရိုးများ နာကျင်ခြင်း၊ ဖောရောင်ခြင်း၊ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်ခြင်း၊ သွားဖုံးရောင်ရမ်းခြင်း၊ သွားကျိုးခြင်း၊ အသက်ရှူမဝခြင်း ၊ စိတ်ကျလွယ်ခြင်း၊ အသားအရေကွဲအက်ခြင်း၊ ထိခိုက်ဒဏ်ရာရလွယ်ခြင်း၊ သွားပိုးစားခြင်း၊ အရိုးအဆစ်များ ရောင်ရမ်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်လုံးယားခြင်း၊ အနာကျက်ဖို့ခက်ခဲခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ စကာဗီရောဂါကို ကာလရှည် ခံစားနေခဲ့မယ် ဆိုရင်တော့ အောက်ပါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အသားဝါ‌‌ရောဂါဖြစ်ပွားခြင်း
  • အဖျားကြီးခြင်း
  • အရေပြားမှာ အညိုအမဲစွဲခြင်း
  • လက်ချောင်း၊ ခြေချောင်းများ ထုံကျဥ်ခြင်း
  • ဦးနှောက်တွင်းသွေးယိုခြင်း
  • ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
  • စိတ်ဂနာမငြိမ်ဖြစ်ခြင်း
  • ကိုမာဝင်ခြင်း
  • သေဆုံးခြင်း

 စကာဗီရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသက်အရွယ် ကြီးမြင့်ခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • မူးယစ်ဆေးဝါးများသုံးစွဲခြင်း
  • အာဟာရဓာတ်ချို့တဲ့ခြင်း
  • လတ်ဆတ်တဲ့ အသီးအနှံများ စားသုံးမှု မရှိခြင်း
  • ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • ဝမ်းပျက်ခြင်း
  • ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း
  • ကီမိုရောဂါကုထုံး ခံယူဖူးခြင်း

မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ စကာဗီရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို နှောင့်နှေးစေမှာဖြစ်ပြီး ခြေလက်များ ထုံကျဉ်ခြင်း၊ အရိုးအားနည်းခြင်း၊ သွေးထွက်လွယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

မွေးကင်းစ ကလေးငယ်တွေမှာ စကာဗီရောဂါကို ဖြစ်ပွားစေတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • နို့တိုက်မိခင် အာဟာရဓာတ်ချို့တဲ့ခြင်း
  • မိခင်နို့ မဟုတ်ပဲ နို့မှုန့်တိုက်ကျွေးခြင်း
  • အာဟာရဓာတ် ပြည့်ဝအောင် ကျွေးမွေးနိုင်မှု မရှိခြင်း
  • အစာချေစနစ်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း

စကာဗီရောဂါ ခံစားနေရခြင်းကို အလွယ်တကူ သက်သာ ပျောက်ကင်းခြင်တယ်ဆိုရင် ဗီတာမင် (C) ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအနှံများ စားသုံးပေးခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဗီတာမင် (C) ဖြည့်စွက်အားဆေးများ သောက်သုံးပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.