စကားလက် အဖျားရောဂါ (Scarlet Fever) အကြောင်း သိကောင်းစရာများ
- 27 Nov, 2019
- အဖြစ်များသောရောဂါများ
စကားလက် အဖျားရောဂါ ဆိုတာကတော့ စထရပ် (Strep) ရောဂါပိုးကြောင့် ဖြစ်ပွားလေ့ရှိတဲ့ လည်ချောင်းနာခြင်းကို ခံစားနေရတဲ့ ဝေဒနာသည်တွေမှာ မြင်တွေ့ရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စကားလက် အဖျားရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အနှံ့ အနီရောင် အဖုအပိမ့်များ ထွက်ပေါ်လာမှာဖြစ်ပြီး အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
စကားလက် အဖျားရောဂါ ဆိုတာကတော့ စထရပ် (Strep) ရောဂါပိုးကြောင့် ဖြစ်ပွားလေ့ရှိတဲ့ လည်ချောင်းနာခြင်းကို ခံစားနေရတဲ့
ဝေဒနာသည်တွေမှာ မြင်တွေ့ရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စကားလက်
အဖျားရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အနှံ့ အနီရောင် အဖုအပိမ့်များ
ထွက်ပေါ်လာမှာဖြစ်ပြီး အဖျားကြီးခြင်း၊ လည်ချောင်းနာခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
စကားလက် အဖျားရောဂါကို များသောအားဖြင့် အသက် (၅) နှစ်ကနေ
(၁၅) နှစ်အကြား ကလေးငယ်တွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။ စကားလက် အဖျားရောဂါကြောင့်
ရှေးယခင် အချိန်တွေတုန်းက အသက် သေဆုံးရတဲ့ အထိ ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်ပွားစေခဲ့ပေမယ့်
ယနေ့ခေတ်မှာတော့ စကားလက် အဖျားရောဂါကို ကုသနိုင်မယ့် ဆေးဝါးတွေ ပေါ်ထွက်လို့
လာခဲ့ပြီ ဖြစ်ပါတယ်။
စကားလက် အဖျားရောဂါကို ခံစားနေရပြီဖြစ်ကြောင်း အလွယ်တကူ
သိရှိနိုင်တဲ့ အချက်ကတော့ ခန္ဓာကိုယ်အနှံ့ အနီရောင် အဖုအပိမ့်များ
ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လျှာနီရဲခြင်း၊ လျှာဖြူခြင်း၊ လည်ချောင်းနာခြင်း၊
အာသီးရောင်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အစာစားရခက်ခဲခြင်း၊
ယားယံခြင်း၊ ဗိုက်အောင့်ခြင်း၊ နှုတ်ခမ်းပတ်လည် အသားအရောင် ဖျော့တော့လာခြင်းစတဲ့
ဝေဒနာတွေကိုလည်း စကားလက် အဖျားရောဂါကြောင့် ခံစားရမှာ ဖြစ်ပါတယ်။
စကားလက် အဖျားရောဂါကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားကတော့ Streptococcus
Pyogenes ဘက်တီရီးယားပဲ ဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယား အနေနဲ့
ပါးစပ်နဲ့ အသက်ရှူလမ်းကြောင်း အတွင်း ဝင်ရောက်သွားတဲ့ အခါမှာ စကားလက်
အဖျားရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ Streptococcus Pyogenes ဘက်တီရီးယား
စတင် ကူးစက်ခြင်း ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အနှံ့ အနီရောင် အဖုအပိမ့်များ
ထွက်ပေါ်လာခြင်းကို စတင် ခံစားရမှာဖြစ်ပြီး (၂) ရက်ခန့် အကြာမျာတော့
ဖျားနာခြင်းကို စတင် ခံစားလာရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စကားလက် အဖျားရောဂါဆိုတာ အလွယ်တကူ ကူးစက်နိုင်တဲ့
ရောဂါတစ်မျိုး ဖြစ်တာကြောင့် အတူနေ မိသားစုဝင်တွေကိုလည်း ကူးစက်နိုင်ပါတယ်။
စကားလက် အဖျားရောဂါကို ခံစားနေရမယ်ဆိုရင် ဆရာဝန် ညွှန်ကြားချက် အတိုင်း
ပိုးသတ်ဆေးတွေ သောက်သုံးပေးခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာ
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
တကယ်လို့ စကားလက် အဖျားရောဂါကို သက်သာ ပျောက်ကင်းအောင်
ကုသခဲ့ခြင်း မရှိဘူးဆိုရင် အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- လေးဘက်နာအဖျားရောဂါ (Rheumatic Fever)
- ကျောက်ကပ်ရောင်ရမ်းခြင်း
- ထိပ်ကပ်နာရောဂါ (Sinusitis)
- အဆုတ်ရောင် နမိုးနီးယားရောဂါ (Pneumonia)
- နားအတွင်း ပိုးဝင်ရောင်ရမ်းခြင်း
- အရေပြား ကူးစက်ရောဂါများ ဖြစ်ပွားခြင်း
ဒါကြောင့် စကားလက် အဖျားရောဂါကို ခံစားရတဲ့ အခါမှာ
ပေါ့ဆလို့ မနေသင့်ပဲ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်
ပြသသင့်ပါတယ်။
REF: HealthLine, MedicalNewsToday
