အေရိုးဘစ် ကစားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 27 Nov, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

အေရိုးဘစ် ကစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း များစွာကို ခံစားရရှိနိုင်မှာ ဖြစ်သလို စိတ်ပျော်ရွှင်စေခြင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းစေခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ အေရိုးဘစ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းက အခြားသော ကိုယ်လက်လှုပ်ရှား အားကစားတွေ လုပ်ဆောင်ခြင်းထက်လည်း အကျိုးကျေးဇူးပေါင်း များစွာကို ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အေရိုးဘစ် ကစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးပေါင်း များစွာကို ခံစားရရှိနိုင်မှာ ဖြစ်သလို စိတ်ပျော်ရွှင်စေခြင်း၊ စိတ်ဖိစီးမှုတွေကို လျော့နည်းစေခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်တွေအရ အေရိုးဘစ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းက အခြားသော ကိုယ်လက်လှုပ်ရှား အားကစားတွေ လုပ်ဆောင်ခြင်းထက်လည်း အကျိုးကျေးဇူးပေါင်း များစွာကို ရရှိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အေရိုးဘစ် ကစားခြင်းဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

အေရိုးဘစ် ကစားခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေမှာ ဖြစ်သလို နှလုံး၊ အဆုတ်စတဲ့ အစိတ်အပိုင်းတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက်လည်း များစွာသော အထောက်အပံ့တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အေရိုးဘစ် လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန် လုပ်ဆောင်ခဲ့မယ်ဆိုရင် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

အေရိုးဘစ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာ ဖြစ်တာကြောင့် ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေမှာ ဖြစ်ပါတယ်။

  • သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

သွေးတွင်းသကြားဓာတ် မြင့်တက်လာခဲ့မယ်ဆိုရင် ဆီးချိုရောဂါကို ဖြစ်ပွားစေမှာ ဖြစ်သလို ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ သွေတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့ အတွက် အင်ဆူလင်ဆိုတဲ့ ဓာတ်တစ်မျိုးကို လိုအပ်ပါတယ်။ အေရိုးဘစ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အင်ဆူလင်ဓာတ် ထုတ်လွှတ်မှုကို အားကောင်းစေမှာ ဖြစ်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်လာခြင်းကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • လေဖြတ်ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

လေဖြတ်ခြင်းဝေဒနာ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ဉီးနှောက်ကို ပို့ဆောင်ပေးနေတဲ့ သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ ဖြစ်ပေါ်ပြီး ဦးနှောက်အတွင်း ‌အောက်စီဂျင်ဓာတ် ပြတ်တောက်သွားကာ ခန္ဓာကိုယ်ကို စေခိုင်းနေတဲ့ ဦးနှောက်ဆဲလ်များ သေဆုံးသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ နေ့စဥ်ပုံမှန် အေရိုးဘစ် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေမှာ ဖြစ်သလို နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်တာကြောင့် လေဖြတ်ဝေဒနာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

နေ့စဉ်ပုံမှန် အေရိုးဘစ် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းရဲ့ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အေရိုးဘစ် ကစားခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်၊ မှတ်ဉာဏ်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.