စအိုရောင်ခြင်း (Proctitis) ဆိုတာဘာလဲ
- 27 Nov, 2019
- မျိုးဆက်ပွားကျန်းမာရေး
စအိုရောင်ရမ်းခြင်း ဆိုတာတော့ စအိုဝနဲ့ စအိုအတွင်းသား နံရံတွေ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ စအိုဆိုတာကတော့ ခန္ဓာကိုယ် အစာချေစနစ်ရဲ့ အောက်ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အူမကြီးနဲ့ စအိုဝတို့ကို ချိတ်ဆက်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။
စအိုရောင်ရမ်းခြင်း ဆိုတာတော့ စအိုဝနဲ့ စအိုအတွင်းသား
နံရံတွေ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ စအိုဆိုတာကတော့ ခန္ဓာကိုယ်
အစာချေစနစ်ရဲ့ အောက်ဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အူမကြီးနဲ့ စအိုဝတို့ကို
ချိတ်ဆက်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။
စအိုရောင်ခြင်းကို ခံစားရတဲ့ အခါမှာ နာကျင်ခြင်း၊
နေမထိထိုင်မသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို မကြာခဏ
ဝမ်းသွားလိုစိတ်ကိုလည်း ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ စအိုရောင်ခြင်းကို အပြင်းအထန်
ခံစားခဲ့ရခြင်း မရှိဘူးဆိုရင် ဆေးသောက်ခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းစတဲ့
နည်းလမ်းတွေကို လုပ်ဆောင်ခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်
စအိုရောင်ခြင်းကို အပြင်းအထန် ခံစားနေရမယ် ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့
လိုအပ်မှာ ဖြစ်ပါတယ်။
စအိုရောင်ခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် မကြာခဏ
ဝမ်းသွားလိုစိတ် ဖြစ်ပေါ်ခြင်းကို ခံစားရလေ့ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ဝမ်းသွားရာမှာ သွေးပါခြင်း၊ စအိုတစ်ဝိုက် နာကျင်ခြင်း၊ စအိုဝမှ
သွေးများယိုစီးခြင်း၊ ဗိုက်အောင့်ခြင်း၊ စအိုမှ အကျိအချွဲများ စိမ့်ထွက်ခြင်း၊
ဝမ်းအရည်များသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ ပေါင်ခြံတစ်ဝိုက် ပြန်ရည်ကျိတ်များ
ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
စအိုရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေက
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်လေ့ရှိတဲ့ ရောဂါများ
ခံစားနေရခြင်း
- လိင်အင်္ဂါရေယုန်ရောဂါ ခံစားနေရခြင်း
- အူရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါများ (Inflammatory
Bowel Disease) ခံစားနေရခြင်း
- စအိုဝမှာ ဒဏ်ရာရခြင်း
- ဘက်တီရီးယား ကူးစက်ရောဂါ ခံစားရခြင်း
- စအိုဝ၊ အစာဟောင်းအိမ်၊ သားဥအိမ်တစ်ဝိုက် ဓာတ်ကင်ကုသမှု
ခံယူဖူးခြင်း
စအိုရောင်ခြင်းကို ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ
ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ သောက်သုံးခြင်း
- လိင်ဆက်ဆံစဥ် အကာအကွယ်များ အသုံးပြုခြင်း
- ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
- အရက်ဖြတ်ခြင်း
- အစပ်အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
- ကဖိန်းဓာတ်လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
- စအိုဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ခြင်း
တကယ်လို့ သင့်အနေနဲ့ စအိုရောင်ခြင်းကို အပြင်းအထန် ခံစားနေရမယ်ဆိုရင်
အစာချေလမ်းကြောင်း အတွင်း နာကျင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးယိုစိမ့်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်တဲ့အပြင် ကိုယ်အလေးချိန် ကျဆင်းခြင်းကိုလည်း ခံစားရမှာ
ဖြစ်တာကြောင့် ခွဲစိတ်ကုသမှုကို ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine