အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 26 Nov, 2019
- အဖြစ်များသောရောဂါများ
အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို များသောအားဖြင့် ခံစားရမှာ မဟုတ်ပေမယ့် အရေပြားကွဲအက်ခြင်း၊ အရေပြား ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းစတဲ့ ဆိုးကျိုးတွေကိုတော့ ခံစားရမှာ ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အများစုမှာ ခံစားရလေ့ရှိပြီး များသောအားဖြင့် လက်၊ ခြေထောက်၊ လက်မောင်းနဲ့ မျက်နှာတို့မှာ ခံစားရလေ့ ရှိကြပါတယ်။
အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးတွေကို များသောအားဖြင့် ခံစားရမှာ မဟုတ်ပေမယ့် အရေပြားကွဲအက်ခြင်း၊ အရေပြား ယားယံခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းစတဲ့ ဆိုးကျိုးတွေကိုတော့ ခံစားရမှာ ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းကို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အများစုမှာ ခံစားရလေ့ရှိပြီး များသောအားဖြင့် လက်၊ ခြေထောက်၊ လက်မောင်းနဲ့ မျက်နှာတို့မှာ ခံစားရလေ့ ရှိကြပါတယ်။
ဆောင်းရာသီမှာ တိုက်ခတ်လေ့ရှိတဲ့ လေထုထဲမှာ စိုစွတ်မှု ပါဝင်ခြင်း
နည်းပါးတာကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ဆောင်းရာသီမှာ များသောအားဖြင့် ခံစားရတာ
ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော ဝေဒနာတွေ ခံစားနေရတဲ့ အခါမှာလည်း အသားအရေ ခြောက်သွေ့ခြင်းကို
ခံစားရမှာ ဖြစ်ပါတယ်။
အသားအရေ ခြောက်သွေ့ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ရေနွေးဖြင့် ရေချိုးခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း
- မကြာခဏ လက်ဆေးခြင်း
- အာဟာရဓာတ် ချို့တဲ့ခြင်း
- လေအေးများနဲ့ မကြာခဏ ထိတွေ့ခြင်း
တစ်ခါတရံ အချို့သော အရေပြားဆိုင်ရာ ဝေဒနာတွေကို ခံစားရခြင်းကြောင့်လည်း
အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (Contact
Dermatitis)
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းကို များသောအားဖြင့်
အရက်ပြန်၊ ဆပ်ပြာမှုန့်၊ တိရစ္ဆာန်အမွေးစတဲ့ အရာတွေနဲ့ မကြာခဏ ထိတွေ့မှုကြောင့် ခံစားရလေ့
ရှိကြပါတယ်။ ဓါတ်မတည့်ခြင်းကြောင့် အရေပြား ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ အရေပြား
နီရဲလာခြင်း၊ အင်ပျဥ်များ ထွက်ပေါ်လာခြင်း၊ အရေပြား ယားယံခြင်း၊ အသားအရေ ကွဲအက်ခြင်း၊
အရေပြား ခြောက်သွေ့ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- နှင်းခူရောဂါ (Atopic Dermatitis)
နှင်းခူရောဂါကို များသောအားဖြင့် ကလေးငယ်တွေမှာ မြင်တွေ့ရလေ့
ရှိပါတယ်။ နှင်းခူရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို လက်ရှိအချိန်အထိ တိတိကျကျ
သိရှိကြခြင်း မရှိသေးပေမယ့် မျိုးရိုး၊ ပတ်ဝန်းကျင် အခြေအနေတို့ကြောင့် ခံစားရတာ ဖြစ်နိုင်တယ်လို့
ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။ နှင်းခူရောဂါကို ခံစားရတဲ့ အခါမှာ အရေပြားခြောက်သွေ့ခြင်း၊
ယားယံခြင်း၊ အရေပြား ကွဲအက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဆိုရီရေးဆစ်အရေပြားရောဂါ (Psoriasis)
ဆိုရီရေးဆစ် အရေပြားရောဂါ ဆိုတာကတော့ အဖြစ်များတဲ့ အရေပြားရောဂါ
တစ်မျိုးဖြစ်ပြီး လက်ရှိအချိန်မှာ ဆိုရီရေးဆစ် အရေပြားရောဂါကို ခံစားနေရသူ လူဦးရေ
၁၂၅ သန်းခန့် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဆိုရီရေးဆစ် အရေပြားရောဂါကို ခံစားရတဲ့ အခါမှာ
မျက်နှာ၊ လက်ဖမိုး၊ ခြေဖမိုး၊ ဒူးခေါင်း၊ တံတောင်ဆစ်၊ နောက်ကျော၊ ဝှေးစေ့စတဲ့ နေရာတွေမှာ
အကြေးခွံကဲ့သို့ အကွက်များ ထွက်ပေါ်လာခြင်း၊ အရေပြားကွဲအက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊
အရေပြားယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို
ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသသင့်ပါတယ်။
REF: MedicalNewsToday