လေဖြန်းခြင်း (Transient Ischemic Attack) အကြောင်း သိထားသင့်တဲ့ အချက်များ

  • 25 Nov, 2019
  • အဖြစ်များသောရောဂါများ

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခေါင်းအစ ခြေအဆုံး အစိတ်အပိုင်း အားလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတွက် သွေးကြောတွေကနေ တစ်ဆင့် အောက်ဆီဂျင်တွေ ပို့လွှတ်ပေးလျက် ရှိပါတယ်။ ဒါကြောင့် သွေးကြောတွေ ပိတ်ဆို့သွားတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် များစွာသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးကြောတွေ ပိတ်ဆို့သွားတဲ့ အခါမှာ အဓိကအားဖြင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးကတော့ လေဖြန်းခြင်း (Transient Ischemic Attack) ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခေါင်းအစ ခြေအဆုံး အစိတ်အပိုင်း အားလုံး ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတွက် သွေးကြောတွေကနေ တစ်ဆင့် အောက်ဆီဂျင်တွေ ပို့လွှတ်ပေးလျက် ရှိပါတယ်။ ဒါကြောင့် သွေးကြောတွေ ပိတ်ဆို့သွားတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် များစွာသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးကြောတွေ ပိတ်ဆို့သွားတဲ့ အခါမှာ အဓိကအားဖြင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးကတော့ လေဖြန်းခြင်း (Transient Ischemic Attack) ပဲ ဖြစ်ပါတယ်။

လေဖြန်းခြင်းကို ခံစားရတဲ့ အခါမှာ လေဖြတ်ဝေဒနာ ဖြစ်ပွားရလေ့ရှိတဲ့ ဝေဒနာ အများစုကို ခံစားရလေ့ရှိပေမယ့် အချိန် ခဏတာသာ ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လေဖြန်းခြင်းကို အသေးစား လေဖြတ်ခြင်းလို့ ခေါ်ဆိုလေ့ ရှိကြပါတယ်။

ဦးနှောက်တွင်း ခဏတာ သွေးခဲခြင်းကို ခံစားရတဲ့ အခါမှာ လုံလောက်တဲ့ အောက်ဆီဂျင် ပမာဏ ရရှိနိုင်တော့မှာ မဟုတ်တာကြောင့် လေဖြန်းခြင်းကို ခံစားရလေ့ ရှိကြပြီး သွေးခဲခြင်း ပြန်လည် ပျောက်ကင်းသွားတဲ့ အခါမှာတော့ လေဖြန်းခြင်းကြောင့် ခံစားရတာတွေ သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။

လေဖြန်းခြင်းကို ခံစားရတဲ့ အခါမှာ မျက်နှာတစ်ခြမ်း ထုံနေခြင်း၊ မူးဝေခြင်း၊ စကားပြောရခက်ခဲခြင်း၊ အစာမျိုရခက်ခဲခြင်း၊ ခေါင်းအပြင်းအထန် ကိုက်ခဲခြင်း၊ ကိုယ်တစ်ခြမ်း ထုံနေခြင်း၊ ခဏတာ သတိလစ်ခြင်း၊ ယားယံခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း၊ အရသာ အာရုံခံနိုင်စွမ်း မရှိခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

လေဖြန်းခြင်းကို များသောအားဖြင့် နာရီပိုင်းခန့်သာ ခံစားရလေ့ရှိပြီး လေဖြန်း ဝေဒနာသည် အများစု အနေနဲ့ ဆရာဝန်ဆီ ရောက်ရှိသွားတဲ့ အချိန်မှာ ရောဂါ ဝေဒနာတွေကို ခံစားရမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း ဆရာဝန်ကို မိမိ ခံစားခဲ့ရတဲ့ ဝေဒနာတွေကို သေသေချာချာ ပြောပြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုမှသာ နောက်တစ်ကြိမ် လေဖြန်းခြင်း ဝေဒနာ ခံစားရမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လေဖြန်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးတွင်း ကိုလက်စထရော (Cholesterol) ပမာဏ မြင့်တက်ခြင်း
  • ဆီးချိုရောဂါ ဖြစ်ပွားခြင်း
  • သွေးခဲခြင်း
  • ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်ခြင်း
  • နှလုံးရောဂါ ခံစားနေရခြင်း
  • အဝလွန်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အမျိုးသမီးဖြစ်ခြင်း
  • ခန္ဓာကိုယ်တွင်း သွေးကြောများ ပိတ်ဆို့ခြင်း
  • အရက် အလွန်အကျွံ သောက်သုံးခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်မှု မရှိခြင်း
  • မူးယစ်ဆေးဝါးများ သုံးစွဲခြင်း

ဒါ့အပြင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ ကိုယ်ဝန်တားဆေးများ သောက်သုံးခြင်း၊ ဟော်မုန်းအစားထိုး ကုသမှု ခံယူဖူးခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း လေဖြန်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

လေဖြန်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မှုကို ရှောင်ကြဉ်ခြင်း
  • ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • အသီးအနှံများ စားသုံး‌ပေးခြင်း
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း
  • အရက်ဖြတ်ခြင်း
  • ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း
REF: HealthLineMedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.