အစာမျိုရခက်ခဲခြင်း (Dysphagia) အကြောင်း သိကောင်းစရာများ
- 25 Nov, 2019
- သွားနှင့်ခံတွင်း
ပါးစပ်အတွင်း ဝင်လာတဲ့ အစားအစာတွေ၊ အရည်တွေကို အစာရေမျိုပြွန်ကနေ တစ်ဆင့် အစာအိမ် အတွင်းကို ပို့ဆောင်ပေးလျက် ရှိပါတယ်။ တကယ်လို့ အစာရေမျိုပြွန်မှာ ထိခိုက်ဒဏ်ရာ တစ်ခုခု ရရှိတဲ့ အခါမျိုးတွေမှာ အစာမျိုရခက်ခဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အစာမျိုရခက်ခဲခြင်းကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားနေရသူတွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။
ပါးစပ်အတွင်း ဝင်လာတဲ့ အစားအစာတွေ၊ အရည်တွေကို အစာရေမျိုပြွန်ကနေ
တစ်ဆင့် အစာအိမ် အတွင်းကို ပို့ဆောင်ပေးလျက် ရှိပါတယ်။ တကယ်လို့ အစာရေမျိုပြွန်မှာ
ထိခိုက်ဒဏ်ရာ တစ်ခုခု ရရှိတဲ့ အခါမျိုးတွေမှာ အစာမျိုရခက်ခဲခြင်းကို ခံစားရမှာ
ဖြစ်ပါတယ်။ အစာမျိုရခက်ခဲခြင်းကို များသောအားဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊
ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားနေရသူတွေမှာ မြင်တွေ့ရလေ့ ရှိပါတယ်။
အစာရေမျိုရခက်ခဲခြင်းကို အမျိုးအစားအားဖြင့် သုံးမျိုး
ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- ခံတွင်းကြောင့် အစာမျိုရခက်ခဲခြင်း (Oral
Dysphagia)
ပါးစပ်အတွင်းမှာ တည်ရှိနေတဲ့ အစိတ်အပိုင်းတွေ ကောင်းမွန်စွာ
အလုပ်လုပ်နိုင်ခြင်း မရှိတဲ့ အခါမျိုးတွေမှာ အစာဝါးရ ခက်ခဲခြင်း၊ အစာမျိုရခက်ခဲခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- လည်ချောင်းကြောင့် အစာမျိုရခက်ခဲခြင်း (Pharyngeal
Dysphagia)
တစ်ခါတရံမှာ ပါကင်ဆန်ရောဂါ (Parkinson’s Disease) ၊ လေဖြတ်ခြင်း၊ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရခြင်းစတဲ့
ဝေဒနာတွေ ခံစားရတဲ့ အခါမှာ လည်ချောင်းရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားမှာ
ဖြစ်တာကြောင့် အစာမျိုရခက်ခဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- အစာရေမျိုပြွန်ကြောင့် အစာမျိုရခက်ခဲခြင်း (Esophageal
Dysphagia)
အစာမျိုရခက်ခဲခြင်းကို အဓိက ဖြစ်ပွားစေတဲ့
အကြောင်းအရင်းကတော့ အစာအရေမျိုပြွန်မှာ ပြဿနာ တစ်ခုခု ရှိနေခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ အစာရေမျိုပြွန် ရောင်ရမ်းခြင်း၊ အစာရေမျိုပြွန် ပိတ်ဆို့ခြင်းစတဲ့
ဝေဒနာတွေ ခံစားရတဲ့ အခါမှာ အစာမျိုရခက်ခဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အစာမျိုရခက်ခဲခြင်းကို ခံစားရတဲ့ အခါမှာ အစာနင်ခြင်း၊ အစာမျိုချတိုင်း ချောင်းဆိုးခြင်း၊ နှလုံးအောင့်ခြင်း၊ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း၊ သွားရည်ကျခြင်း၊ အသံဝင်ခြင်း၊ အစာအိမ်အတွင်းမှ အက်စစ်အရည်များ အစာရေမျိုတစ်လျှောက် လျှံတက်ခြင်း၊ အစာစားစဥ် အသက်ရှူမဝခြင်း၊ အစာမျိုချစဥ် နာကျင်ခြင်း၊ အမောမခံနိုင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အစာမျိုရ ခက်ခဲခြင်းကို သက်ဆိုင်ရာ ဆရာဝန်နဲ့ ကုသခဲ့ခြင်း မရှိဘူးဆိုရင် အဆုတ်ရောင်ရောဂါ၊ ခန္ဓာကိုယ်တွင်း အာဟာရဓာတ် မပြည့်ဝခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အစာမျိုရခက်ခဲခြင်းကို အဓိက ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အသက်အရွယ်ကြီးမြင့်ခြင်း
- အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရခြင်း
- အစာမျိုရခက်ရောဂါ (Achalasia) ခံစားနေရခြင်း
- လေဖြတ်ဝေဒနာ ခံစားနေရခြင်း
- ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း
- အစာရေမျိုပြွန်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
- ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း
- ခံတွင်းခြောက်ခြင်း
- အစာအိမ်ကင်ဆာ ခံစားနေရခြင်း
- သွိုင်းရွိုက်ဝေဒနာ ခံစားနေရခြင်း
အစာမျိုရခက်ခဲခြင်းကို သက်သာ ပျောက်ကင်းချင်တယ် ဆိုရင်တော့
အစာမျိုပြွန် ချဲ့ပေးခြင်း၊ အစာမျိုပြွန် ခွဲစိတ်ကုသမှု ခံယူခြင်း၊ မျိုချရ
လွယ်ကူတဲ့ အစားအစာများ စားသုံးခြင်း၊ အစာမျိုပြွန် ကြွက်သားများ သန်မာလာစေမယ့်
လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း၊ အစာပိုက်ထည့်ခြင်းစတဲ့ ကုသမှုတွေကို သက်ဆိုင်ရာ
ဆရာဝန်ဆီမှာ သွားရောက် ခံယူသင့်ပါတယ်။
REF: MedicalNewsToday, HealthLine