အစေ့အဆံများနဲ့ ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာများ

  • 22 Nov, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

အစေ့အဆံများနဲ့ ဓာတ်မတည့်ခြင်း ဆိုတာကတော့ ခန္ဓာကိုယ် အနေနဲ့ အစေ့အဆံတွေမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်ကို လက်ခံနိုင်စွမ်း မရှိခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ဝေဒနာ တစ်မျိုးပဲ ဖြစ်ပါတယ်။ အစေ့အဆံများနဲ့ ဓာတ်မတည့်ခြင်း ဆိုတာကတော့ အစားအစာနဲ့ ဓာတ်မတည့်ခြင်း ဝေဒနာတွေ အထဲမှာ အဖြစ်အများဆုံး ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ အစေ့အဆံများနဲ့ ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်း၊ မျက်ရည်ပူများ ကျဆင်းခြင်း၊ လည်ချောင်းယားယံခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အစေ့အဆံနဲ့ ဓာတ်မတည့်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့ အောက်ပါ အစေ့အဆံများ စားသုံးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။

  • ဗာဒံစေ့
  • သစ်ကြားသီး
  • ပန်းညိုရောင် အခွံရှိသော သစ်စေ့ (Pecan)
  • သစ်အယ်သီး
  • ထင်းရှူးအခွံမာသီးစေ့
  • လိုင်ချီးစေ့
  • သီဟိုဠ်စေ့
  • ဝက်သစ်ချသီးစေ့

ဒါ့အပြင် အစေ့အဆံများကနေ တစ်ဆင့် ထုတ်လုပ်တဲ့ ဆီတွေ၊ ထောပတ်တွေ၊ ချောကလက်တွေ၊ ကွတ်ကီးတွေ၊ သကြားလုံးတွေ၊ ကွေကာအုပ်တွေ စားသုံးခြင်း၊ အစေ့အဆံများနဲ့ ပြုလုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်းကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

အစေ့အဆံများနဲ့ ဓာတ်မတည့်ခြင်းကို ခံစားရတဲ့ အခါမှာ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီစက်များ ထွက်လာခြင်း၊ လည်ချောင်းနာခြင်း၊ မျက်ရည်ပူများ ကျဆင်းခြင်း၊ ဝမ်းပျက်ခြင်း၊ အစာမြိုရ ခက်ခဲခြင်း၊ လည်ချောင်းယားယံခြင်း၊ အရေပြားယားယံခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အစေ့အဆံ တစ်ခုခု စားသုံးမိလိုက်တိုင်း ဒါမှမဟုတ် အစေ့အဆံနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင် ပစ္စည်း တစ်ခုခု အသုံးပြုမိလိုက်တိုင်း အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ အစေ့အဆံနဲ့ ဓာတ်မတည့်ခြင်း ဝေဒနာ ခံစားနေရခြင်း ရှိမရှိကို သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် စစ်ဆေးသင့်ပါတယ်။ 

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.