အူကျခြင်း (Hernia) အကြောင်း သိထားသင့်တဲ့ အချက်များ

  • 22 Nov, 2019
  • အဖြစ်များသောရောဂါများ

အူကျခြင်း ဆိုတာကတော့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ အထူးသဖြင့် အူခွေတွေ အနေနဲ့ ရှိနေသင့်တဲ့ နေရာမှာ တည်ရှိနေခြင်း မရှိပဲ ကြွက်သားအပေါက်တွေ၊ တစ်သျှူးနံရံတွေကနေ တစ်ဆင့် တိုးထွက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အူကျခြင်းကြောင့် များသောအားဖြင့် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့်လည်း ဆေးဝါကုသမှု ခံယူဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

အူကျခြင်း ဆိုတာကတော့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ အထူးသဖြင့် အူခွေတွေ အနေနဲ့ ရှိနေသင့်တဲ့ နေရာမှာ တည်ရှိနေခြင်း မရှိဘဲ ကြွက်သားအပေါက်တွေ၊ တစ်သျှူးနံရံတွေကနေ တစ်ဆင့် တိုးထွက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အူကျခြင်းကြောင့် များသောအားဖြင့် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့်လည်း ဆေးဝါကုသမှု ခံယူဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

အူကျခြင်းကို အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ ကြွက်သားများ သန်စွမ်းမှု မရှိခြင်း၊ ကြွက်သားများ ကျုံ့နိုင်စွမ်း ကျဆင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အချို့သော ကလေးငယ်တွေ အနေနဲ့လည်း မွေးရာပါ အူကျခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

ဒါ့အပြင် နာတာရှည် ဝမ်းချုပ်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း၊ အချွဲအကျိဂလင်းများ ပျက်စီးခြင်း (Cystic Fibrosis) ၊ အသက်အရွယ် ကြီးမြင့်ခြင်း၊ အမျိုးသားဖြစ်ခြင်း၊ ခွဲစိတ်ကုသမှု ခံယူဖူးခြင်း၊ အလေးအပင်များ မကြာခဏမခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အဝလွန်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ဆေးလိပ်‌သောက်ခြင်း၊ သတ်မှတ်ချိန်မတိုင်ခင် မွေးဖွားခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း အူကျခြင်းကို ခံစားရနိင်ပါတယ်။

အူကျခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် ရောဂါဝေဒနာတွေကို ခံစားရလေ့ မရှိပေမယ့် တစ်ခါတရံမှာ နေမထိထိုင်မသာဖြစ်ခြင်း၊ အလေးအပင်များ မရာမှာ နာကျင်ခြင်း၊ လမ်းလျှောက်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အူကျခြင်းကို ခံစားနေရတဲ့အပြင် အလွန်အမင်း နာကျင်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းချုပ်ခြင်း၊ ဖိုအင်္ဂါ၊ မအင်္ဂါများ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွား‌ရောက် ပြသပြီး ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အူကျခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
  • အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း
  • ဝမ်းဗိုက်ကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းများ လုပ်ဆောင်ပေးခြင်း
  • အလေးအပင်များ မခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.