ဆီးအိမ်ကင်ဆာအကြောင်း သိထားသင့်တဲ့ အချက်များ

  • 22 Nov, 2019
  • ကင်ဆာရောဂါများ

ဆီးအိမ်ရဲ့ အဓိက လုပ်ငန်းဆောင်တာကတော့ ကျောက်ကပ်ကနေ စွန့်ထုတ်လိုက်တဲ့ ဆီးအရည်တွေကို အပြင်ကို စွန့်မထုတ်ခင် အချိန်မှာ ဆီးအိမ် အတွင်းမှာ သိမ်းဆည်း ပေးထားခြင်းပဲ ဖြစ်ပါတယ်။ ဆီးအိမ်မှာ တည်ရှိနေတဲ့ ဆဲလ်တွေ အထိန်းအချုပ်မဲ့ တိုးပွားလာတဲ့ အခါမှာ ဆီးအိမ်ကင်ဆာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးအိမ်ကင်ဆာဆိုတာ အမျိုးသားတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေမှာ တစ်ခု အပါအဝင်ဖြစ်တာကြောင့် ဆီးအိမ်ကင်ဆာအကြောင်း သင့်ထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဆီးအိမ်ကင်ဆာကို အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • Transitional Cell Carcinoma

Transitional Cell Carcinoma ဆိုတာကတော့ ဆီးအိမ်ကင်ဆာ အမျိုးအစားတွေ အထဲမှာ အဖြစ်အများဆုံး အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ ဆီးအိမ်အတွင်းပိုင်းရှိ ဆဲလ်များ အထိန်းအချုပ်မဲ့ တိုးပွားလာတဲ့ အခါမှာ Transitional Cell Carcinoma ကို ခံစားရမှာ ဖြစ်ပါတယ်။

  • Squamous Cell Carcinoma

Squamous Cell Carcinoma ဆိုတာကတော့ ဆီးအိမ်မှာ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရှားပါး ဆီးအိမ်ကင်ဆာ အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

  • Adenocarcinoma

Adenocarcinoma ဆိုတာကတော့ နာတာရှည် ဆီးအိမ်ရောင်ရမ်းခြင်းကြောင့် ဆီးအိမ်အတွင်း အကျိတ်ဆဲလ်တွေ (Glandular Cells) ပေါ်ထွက်လာပြီး ခံစားရလေ့ရှိတဲ့ ဆီးအိမ်ကင်ဆာ အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

ဆီးအိမ်ကင်ဆာ‌ရောဂါကို ခံစားရတဲ့ အခါမှာ -

  • ဆီးသွားရမှာ သွေးပါခြင်း
  • ဆီးသွားတိုင်း နာကျင်ခြင်း
  • မကြာခဏ ဆီးသွားခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • ဗိုက်အောင့်ခြင်း
  • ကျောနာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ဆီးအိမ်ကင်ဆာကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဆေးလိပ်သောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ ဓာတ်ရောင်ခြည်များနဲ့ ထိတွေ့ခြင်း၊ ဆီးအိတ်ရောဂါပိုးဝင်ခြင်း၊ ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းပါးခြင်း၊ အမျိုးသားဖြစ်ခြင်း၊ လူဖြူဖြစ်ခြင်း၊ အသက်အရွယ်ကြီးမြင့်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ကီမိုရောဂါကုထုံးခံယူဖူးခြင်း၊ ဓာတ်ကင်ခြင်းခံယူဖူးခြင်းတို့ကြောင့်လည်း ဆီးအိမ်ကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။

ဆီးအိမ်ကင်ဆာ ဖြစ်ပွားခြင်းကို ရှောင်ကြဉ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ဓာတုဗေဒပစ္စည်းများနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မှုကို ရှောင်ကြဉ်ခြင်း
  • ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း
 REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.