အရက်အဆိပ်သင့်ခြင်းအကြောင်း သိကောင်းစရာများ

  • 22 Nov, 2019
  • အဖြစ်များသောရောဂါများ

အရက်ကို အလွန်အကျွံ သောက်သုံးသင့်တဲ့ အခါမျိုးမှာ သွေးတွင်း အရက် (Alcohol) ပမာဏ မြင့်တက်လာခြင်းကြောင့် အရက်အဆိပ်သင့်ခြင်းကို ခံစားရနိုင်ပါတယ်။ အရက်အဆိပ်သင့်ခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် အရက် အဆိပ်သင့်ခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

အရက်ကို အလွန်အကျွံ သောက်သုံးသင့်တဲ့ အခါမျိုးမှာ သွေးတွင်း အရက် (Alcohol) ပမာဏ မြင့်တက်လာခြင်းကြောင့် အရက်အဆိပ်သင့်ခြင်းကို ခံစားရနိုင်ပါတယ်။ အရက်အဆိပ်သင့်ခြင်းကြောင့် တစ်ခါတရံမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် အရက် အဆိပ်သင့်ခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

အရက်သောက်လိုက်တဲ့ အခါမှာ အသည်းအနေနဲ့ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်လာတဲ့ အယ်လ်ကိုဟော နဲ့ အဆိပ်ဓာတ်တွေ သွေးတွင်း စီးဆင်းနေမှုကို ဖယ်ရှားပေးဖို့ လိုအပ်လာပါတယ်။ တကယ်လို့သာ အချိန်တို အတွင်း အရက်ကို အလွန်အကျွံ သောက်သုံးခဲ့မယ် ဆိုရင် အသည်းအနေနဲ့ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ အယ်လ်ကိုဟောနဲ့ အဆိပ်ဓာတ်တွေကို ဖယ်ရှားပစ်နိုင်ခြင်း မရှိတာကြောင့် အရက် အဆိပ်သင့်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

အရက်အဆိပ်သင့်ခြင်းကို ခံစားရတဲ့ အခါမှာ -

  • စိတ်ရှုပ်ထွေးခြင်း
  • ခန္ဓာကိုယ် အပူချိန် ကျဆင်းခြင်း
  • အရေပြားအရောင် ဖျော့ခြင်း
  • သတိလစ်ခြင်း
  • အသက်ရှူနှုန်း မူမမှန်ခြင်း
  • အသက်ရှူမဝခြင်း
  • အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

အရက် အဆိပ်သင့်ခြင်းကို အပြင်းအထန် ခံစားရတဲ့ အခါမှာတော့ အောက်ပါ‌ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။  

  • အသက်ရှူ ရပ်တန့်သွားခြင်း
  • နှလုံးဖောက်ခြင်း
  • အန်ဖတ်ဆို့ခြင်း
  • ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း
  • သွေးတွင်း သကြားပမာဏ ကျဆင်းခြင်း

အရက်အဆိပ်သင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • လူနာကို အိပ်ပျော်သွားခြင်း မရှိအောင် ဂရုတစိုက် စောင့်ကြည့်ခြင်း
  • လူနာရဲ့ ဦးခေါင်း ငိုက်စိုက်ကျသွားခြင်း မရှိအောင် ဂရုတစိုက် စောင့်ကြည့်ခြင်း
  • ရေပုံမှန် တိုက်ပေးခြင်း
  • ကဖိန်းဓာတ် ပါဝင်တဲ့ အစားအစာများ ကျွေးမွေးမှုကို ရှောင်ကြဉ်ခြင်း

ဒါပေမယ့် အရက် အဆိပ်အသင့်ခြင်းကို အပြင်းအထန် ခံစားရခြင်းကြောင့် တစ်ခါတရံမှာ ကိုမာဝင်ခြင်း၊ အသက်သေဆုံးခြင်းစတဲ့ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် သက်သာခဲ့ခြင်း မရှိဘူးဆိုရင် ပေါ့ဆလို့ မနေသင့်ပဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ အရက်အဆိပ်သင့်ခြင်းကနေ ပြန်လည် သက်သာလာတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊ တုန်ယင်ခြင်းစတဲ့ ဝေဒနာတွေကို အချိန် အနည်းငယ် ကြာမြင်တဲ့ အထိ ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.