ဦးခေါင်းခွံချိုင့်ဝင်ခြင်းအကြောင်း သိကောင်းစရာများ
- 20 Nov, 2019
- အဖြစ်များသောရောဂါများ
ဦးခေါင်းခွံ ချိုင့်ဝင်ခြင်းကို တစ်ခါတရံမှာ မွေးရာပါ ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့် ရောဂါများ ခံစားရခြင်း၊ ဦးခေါင်းခွံ ထိခိုက်ခြင်းတို့ကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် ဦးခေါင်းခွံ ချိုင့်ဝင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ဦးခေါင်းခွံ ချိုင့်ဝင်ခြင်းကို တစ်ခါတရံမှာ မွေးရာပါ
ခံစားရလေ့ ရှိပေမယ့် များသောအားဖြင့် ရောဂါများ ခံစားရခြင်း၊ ဦးခေါင်းခွံ
ထိခိုက်ခြင်းတို့ကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် ဦးခေါင်းခွံ
ချိုင့်ဝင်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
- ဦးခေါင်းခွံအက်ကွဲခြင်း
ဦးခေါင်းခွံအက်ကွဲခြင်းကို မတော်တဆမှုဖြစ်ခြင်း၊
အမြင့်တစ်နေရာရာမှ ပြုတ်ကျခြင်းတို့ကြောင့် များသောအားဖြင့် ခံစားရလေ့ ရှိကြပါတယ်။
တစ်ခါတလေမှာ ဦးနှောက်မှာ အပြင်းအထန် ဒဏ်ရာရခြင်း (Traumatic Brain Injury) ကြောင့်လည်း ဦးခေါင်းခွံ အက်ကွဲခြင်းကို ခံစားရနိုင်ပါတယ်။
ဦးခေါင်းခွံအက်ကွဲခြင်းကို ခံစားရတဲ့ အခါမှာ ဦးခေါင်းခွံ ချိုင့်ဝင်ခြင်းအပြင် -
- ခေါင်းကိုက်ခြင်း
- အမြင်အာရုံဝေဝါးခြင်း
- ခန္ဓာကိုယ် ဟန်ချက်မညီခြင်း
- မူးဝေခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဦးနှောက် ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
ဦးနှောက် ခွဲစိတ်ကုသမှုကို ပြုလုပ်တဲ့ အခါမှာ
ဦးခေါင်းခွံအရိုး အနည်းငယ်ကို ဖယ်ရှားပစ်ဖို့ လိုအပ်တာကြောင့်
ဦးခေါင်းခွံချိုင့်ဝင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- မွေးရာပါ ဦးခေါင်းခွံချိုင့်ဝင်ခြင်း (Congenital
Skull Depression)
မွေးရာပါ ဦးခေါင်ခွံ ချိုင့်ဝင်ခြင်း ဆိုတာကတော့
အဖြစ်နည်းတဲ့ ဖြစ်ရပ်ဆိုးကြီးပဲ ဖြစ်ပါတယ်။ မွေးရာပါ ဦးခေါင်ခွံ
ချိုင့်ဝင်ခြင်းကို များသောအားဖြင့် ညှပ်ဆွဲမွေးခြင်း ခံယူခဲ့ရတဲ့ ကလေးငယ်တွေ
အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ညှပ်ဆွဲမွေးခြင်းကြောင့် ဦးခေါင်းခွံ
ချိုင့်ဝင်ခြင်းအပြင် ဦးနှောက်မှာဒဏ်ရာရခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မူးဝေခြင်းစတဲ့
ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- အရိုးကျူမာဖြစ်ခြင်း (Bone Tumor)
အရိုးအတွင်းမှာ အရိုးဆဲလ်တွေ အလွန်အမင်း များပြားလာပြီး
တစ်သျှူးအစုအဖွဲ့ကြီး ဖြစ်သွားတဲ့ အခါမှာ အရိုးကျူမာရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။
ဦးခေါင်းမှာ အရိုးကျူမာဖြစ်ခြင်းကို ခံစားရမယ်ဆိုရင် ဦးခေါင်းခွံ
ချိုင့်ဝင်ခြင်းအပြင် ဦးခေါင်းရိုး နာကျင်ခြင်း၊ ဦးခေါင်းရိုး ရောင်ရမ်းခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဗီတာမင် (A) အဆိပ်သင့်ခြင်း
ဗီတာမင် (A) ဆိုတာကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
အာဟာရဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေဖြစ်တဲ့ အဆုတ်၊
နှလုံးစတဲ့ အစိတ်အပိုင်းတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အတွက် ဗီတာမင် (A)
ဓာတ်ကို လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်တွင်း ဗီတာမင် (A)
ဓာတ် လွန်ကဲခဲ့မယ်ဆိုရင် ဗီတာမင် (A) အဆိပ်သင့်ခြင်းကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဗီတာမင် (A) အဆိပ်သင့်ခြင်းကြောင့်
အရိုးပျော့ခြင်း၊ ဦးခေါင်းခွံ ချိုင့်ဝင်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday