လျှာအဖုပေါက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 20 Nov, 2019
  • သွားနှင့်ခံတွင်း

လျှာအဖုပေါက်ခြင်းဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လျှာအဖုပေါက်ခြင်းကို များသောအားဖြင့် ဒဏ်ရာရခြင်း၊ အလာ့ဂျစ်ဖြစ်ခြင်း (Allergic) ၊ ရောဂါပိုးကူးစက်ခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ လျှာအဖုပေါက်ခြင်းကြောင့် နေမထိထိုင်မသာဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပေမယ့်လည်း များသောအားဖြင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပါဘူး။

လျှာအဖုပေါက်ခြင်းဆိုတာကတော့ အဖြစ်များတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လျှာအဖုပေါက်ခြင်းကို များသောအားဖြင့် ဒဏ်ရာရခြင်း၊ အလာ့ဂျစ်ဖြစ်ခြင်း (Allergic) ၊ ရောဂါပိုးကူးစက်ခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ လျှာအဖုပေါက်ခြင်းကြောင့် နေမထိထိုင်မသာဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပေမယ့်လည်း များသောအားဖြင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပါဘူး။

ဒါကြောင့် လျှာအဖုပေါက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • လျှာဒဏ်ရာရခြင်း

အကြောင်းအမျိုးမျိုးကြောင့် လျှာမှာထိခိုက်ဒဏ်ရာ တစ်ခုခု ရရှိတဲ့ အခါမှာ လျှာအဖုပေါက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အစာစားရင်း လျှာကိုက်မိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိကာ လျှာအဖုပေါက်ခြင်း၊ လျှာရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ပါးစပ်ရေယုန်ပေါက်ခြင်း

ပါးစပ် ရေယုန်ပေါက်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ Herpes Simplex Virus (HSV) ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပါးစပ်ရေယုန်ပေါက်ခြင်းကို ခံစားရတဲ့အခါမှာ ပါးစပ်၊ သွားဖုံး၊ နှုတ်ခမ်းနဲ့ လျှာတို့မှာ အနာများ၊ အဖုများ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ပါးစပ်ရေယုန်ပေါက်ခြင်းကြောင့် လျှာမှာအဖုတွေ ထွက်လာတဲ့ အခါမှာ အလွန်အမင်း နာကျင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • အပူနာဖြစ်ခြင်း (Canker Sores)

အပူနာဖြစ်ခြင်း ဆိုတာကတော့ ခံတွင်းမှာ အနာပေါက်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။ အပူနာဖြစ်ခြင်းကြောင့် များ‌သောအားဖြင့် နှုတ်ခမ်းအတွင်းပိုင်း အဖုပေါက်ခြင်းကို ခံစားရလေ့ရှိပြီး တစ်ခါတရံမှာ လျှာအဖုပေါက်ခြင်းကို ခံစားရလေ့ ရှိပါတယ်။

  • အလာ့ဂျစ်ဖြစ်ခြင်း

အစားအစာနဲ့ ဓာတ်မတည့်ခြင်းကြောင့် လျှာအဖုပေါက်ခြင်း၊ လျှာရောင်ရမ်းခြင်း၊ ပါးစောင်နာခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အစားအစာနဲ့ ဓာတ်မတည့်ခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

  • ကင်ဆာရောဂါဖြစ်ပွားခြင်း

ခံတွင်းကင်ဆာ ရောဂါကို ခံစားရတဲ့ အခါမှာလည်း လျှာအဖုပေါက်ခြင်းကို ခံစားရနိုင်ပါတယ်။ လျှာကင်ဆာဆိုတာ တကယ်ကို အဖြစ်နည်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပေမယ့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် နာကျင်မှုမရှိတဲ့ အဖုအပိန့်တွေ လျှာမှာထွက်ပေါ်ခြင်းကို ခံစားရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

  • ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း

ပါးစပ်တွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ခံစားရတဲ့ အခါမှာလည်း လျှာမှာအဖုအပိန့်များပေါက်ခြင်း၊ ပါးစောင်ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ကာလသားရောဂါ ဖြစ်ပွားခြင်း (Syphilis)

ကာလသားရောဂါကို လက်ရှိအချိန်မှာ အလွယ်တကူ ကုသဖို့အတွက် ဆေးဝါးတွေ ပေါ်ထွက်နေပြီ ဖြစ်ပေမယ့်လည်း စောစီးစွာ ကုသမှု ခံယူခဲ့ခြင်း မရှိဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ကာလသားရောဂါကို လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့်ဆက်ဆံခြင်းတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။

ကာလသားရောဂါကို ခံစားရတဲ့ အခါမှာ လျှာအဖုပေါက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီစက်များပေါ်လာခြင်းအနာများထွက်လာခြင်းကြွက်သားများ နာကျင်ခြင်းဖျားနာခြင်း၊ ပြန်ရည်ကျိတ် ရောင်ရမ်းခြင်းလည်ချောင်းနာခြင်းဆံပင်ကျွတ်ခြင်းခေါင်းကိုက်ခြင်းနှာရေယိုခြင်းကိုယ်အလေးချိန် ကျဆင်းခြင်းအမြင်အာရုံ ဝေဝါခြင်းမောပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • တီဘီရောဂါ (Tuberculosis)

တီဘီရောဂါ ဆိုတာကတော့ Mycobacterium Tuberculosis ဘက်တီရီးယားကြောင့် အဆုတ်တစ်သျှူးများ ပျက်စီးပြီး ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ တီဘီရောဂါကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်နေရာအနှံ့မှာ အဖုအပိန့်များ ထွက်ပေါ်လာမှာ ဖြစ်တာကြောင့် လျှာအဖုပေါက်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.