မျက်လုံး အသွင်အပြင် မတူညီခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 20 Nov, 2019
- အဖြစ်များသောရောဂါများ
မျက်လုံး အသွင်အပြင် မတူညီခြင်း ဆိုတာကတော့ မျက်လုံး အရွယ်အစား မတူညီခြင်း၊ မျက်လုံး ပုံစံ မတူညီခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒ့ါအပြင် မျက်လုံး အသွင်အပြင် မတူညီခြင်းဆိုတာ အဖြစ်များတဲ့ ဝေဒနာတစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် မျက်လုံး အသွင်အပြင် မတူညီခြင်းကြောင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို ခံစားရလေ့ မရှိကြပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ ရောဂါတစ်ခုခု ခံစားနေရခြင်းကြောင့် မျက်လုံးအသွင်အပြင် မတူညီခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
မျက်လုံး အသွင်အပြင် မတူညီခြင်း ဆိုတာကတော့ မျက်လုံး
အရွယ်အစား မတူညီခြင်း၊ မျက်လုံး ပုံစံ မတူညီခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒ့ါအပြင် မျက်လုံး အသွင်အပြင် မတူညီခြင်းဆိုတာ အဖြစ်များတဲ့ ဝေဒနာတစ်မျိုးပဲ
ဖြစ်ပါတယ်။ များသောအားဖြင့် မျက်လုံး အသွင်အပြင် မတူညီခြင်းကြောင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရလေ့ မရှိကြပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ ရောဂါတစ်ခုခု ခံစားနေရခြင်းကြောင့်
မျက်လုံးအသွင်အပြင် မတူညီခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
မျက်လုံးအသွင်အပြင် မတူညီခြင်းကို ဖြစ်ပွားစေတဲ့
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
မျက်လုံးအသွင်အပြင် မတူညီခြင်းကို အဓိကဖြစ်ပွားစေတဲ့
အကြောင်းအရင်းကတော့ မျိုးရိုးလိုက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ မိသားစုဝင်တွေထဲမှာ
မျက်လုံး အသွင်အပြင် မတူညီခြင်းကို ခံစားရနေသူ ရှိခဲ့မယ်ဆိုရင် နောက်ထပ်
မွေးဖွားလာမယ့် ကလေးငယ် အနေနဲ့ မျက်လုံး အသွင်အပြင် မတူညီခြင်းကို
ခံစားရနိုင်ပါတယ်။
- အသက်အရွယ်ကြီးမြင့်လာခြင်း
အသက်ကြီးလာတဲ့ အခါမှာ မျက်နှာပေါ်က အစိတ်အပိုင်းတွေ
အသွင်အပြင် ပြောင်းလဲလာခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ
မျက်နှာပေါ်က တစ်သျှူးတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတော့ကြောင့်
မျက်လုံး အသွင်အပြင် ပြောင်းလဲခြင်း၊ အရေပြားတွန့်ခြင်းစတဲ့
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- နေရောင်ခြည်နဲ့ မကြာခဏ ထိတွေ့ခြင်း
နေရောင်ခြည်နဲ့ မကြာခဏ ထိတွေ့ခြင်းကြောင့်
မျက်လုံးဘေးပတ်လည်က အသားအရေတွေမှာ နေလောင်ဒဏ်တွေ စွဲကပ်လာမှာ ဖြစ်တာကြောင့်
မျက်လုံးအသွင်အပြင် မတူညီခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- ထိခိုက်ဒဏ်ရာခြင်း
မျက်လုံးမှာ ထိခိုက်ဒဏ်ရာရခြင်း၊
မျက်စိတိမ်စွဲခြင်းတို့ကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး နောက်ပိုင်းမှာလည်း
မျက်လုံးအတွင်းဝင်ခြင်း (Enophthalmos) ကို ခံစားရနိုင်ပါတယ်။
- သိုင်းရွိုက်ရောဂါ (Graves’ Disease)
သိုင်းရွိုက်ရောဂါ ဆိုတာကတော့ ခန္ဓာကိုယ်တွင်း
သိုင်းရွိုက်ဟော်မုန်းတွေ မြင့်တက်လာခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ သိုင်းရွိုက်ရောဂါကို ခံစားရတဲ့ အခါမှာ မျက်ခွံဖောခြင်း၊
မျက်လုံးရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင်
သိုင်းရွိုက်ရောဂါကို ခံစားရခြင်းကြောင့် လိင်စိတ်နည်းပါးခြင်း၊
သိုင်းရွိုက်ဂလင်းများ ကြီးထွားလာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးတုန်ခြင်း၊
အပူဒဏ်မခံနိုင်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကို
ခံစားရနိုင်ပါတယ်။
- လေဖြတ်ခြင်း
ဦးနှောက်တွင်းကို သွေးပို့လွှတ်မှု နည်းပါးသွားတဲ့ အခါမှာ
လေဖြတ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ လေဖြတ်ခြင်းကြောင့် မျက်နှာအသွင်အပြင်
ပြောင်းလဲခြင်းကို ခံစားရမှာဖြစ်တဲ့အပြင် အမြင်အာရုံဝေဝါးခြင်း၊
မျက်လုံးအသွင်အပြင် ပြောင်းလဲခြင်း၊ စကားပြောရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း၊
ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်းစတဲ့ ဝေဒနာများကို ခံစားရမှာ ဖြစ်ပါတယ်။
REF: HealthLine, MedicalNewsToday
