ချွေးထွက်လွန်ခြင်းအကြောင်း သိကောင်းစရာများ
- 19 Nov, 2019
- အဖြစ်များသောရောဂါများ
အကြောင်းပြချက်မရှိ ချွေးထွက်လွန်ခြင်းကို အချို့သော လူဂ္ဂိုလ်တွေ အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။ ချွေးက်လွန်ခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ မဟုတ်ပေမယ့်လည်း နေမထိထိုင်မသာဖြစ်ခြင်း၊ သက်တောင့်သက်သာမရှိခြင်း၊ ဒေါသထွက်လွယ်ခြင်းစတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
အကြောင်းပြချက်မရှိ ချွေးထွက်လွန်ခြင်းကို အချို့သော
လူဂ္ဂိုလ်တွေ အနေနဲ့ ခံစားဖူးကြမယ် ထင်ပါတယ်။ ချွေးက်လွန်ခြင်းကြောင့်
အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ
မဟုတ်ပေမယ့်လည်း နေမထိထိုင်မသာဖြစ်ခြင်း၊ သက်တောင့်သက်သာမရှိခြင်း၊ ဒေါသထွက်လွယ်ခြင်းစတဲ့
ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ချွေးထွက်လွန်ခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
- အကြောင်းပြချက်မရှိ ချွေးထွက်လွန်ခြင်း (Primary
Idiopathic Hyperhidrosis)
အကြောင်းပြချက်မရှိ ချွေးထွက်လွန်ခြင်းကို ခြေဖဝါး၊
လက်ဖဝါး၊ မျက်နှာ၊ ချိုင်း (ဂျိုင်း) နဲ့ ဦးခေါင်းတို့မှာ ခံစားရလေ့ ရှိပါတယ်။
အကြောင်းပြချက်မရှိ ချွေးထွက်လွန်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့
မျိုးရိုးလိုက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါတရံမှာ အကြောင်းပြချက်မရှိ
ချွေးထွက်လွန်ခြင်းကို မွေးဖွားစဉ် အချိန်ကတည်းက စတင်ကာ ခံစားရလေ့ ရှိကြပါတယ်။
- ရောဂါကြောင့် ချွေးထွက်လွန်ခြင်း (Secondary
Hyperhidrosis)
အချို့သော အခြေအနေတွေမှာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ
သက်သာပျောက်ကင်းစေဖို့ အတွက် ဆေးဝါးတွေ သောက်သုံးရခြင်းကြောင့်လည်း
ချွေးထွက်လွန်ခြင်းကို ခံစားရနိုင်ပါတယ်။ ရောဂါကြောင့် ချွေးထွက်လွန်ခြင်းကို
များသောအားဖြင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ခြင်း၊ သွေးဆုံးခြင်း၊ ကျောရိုးမဒဏ်ရာရခြင်း၊
အဆုတ်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါစတဲ့
ရောဂါတွေ ဖြစ်ပွားတွေ အခါမှာ ခံစားရလေ့ ရှိပါတယ်။
တကယ်လို့ သင့်အနေနဲ့ အကြောင်းပြချက်မရှိ ချွေးထွက်ခြင်း၊
မကြာခဏ ချွေးထွက်ခြင်း၊ ခြေလက်တွေမှာ ချွေးများဖြင့် စိုရွှဲနေခြင်း၊
အိပ်ပျော်နေစဉ် ချွေးထွက်ခြင်းစတဲ့ အချက်တွေကို ခံစားနေရပြီဆိုရင်
ချွေးထွက်လွန်ကဲခြင်းကို ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ချွေးထွက်လွန်ခြင်းကို ခံစားရခြင်းကြောင့် အရေပြား
ယားယံခြင်း၊ အရေပြား နာကျင်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း၊
စိတ်ဓာတ်ကျခြင်းစတဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးဆိုင်ရာ
ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ချွေးထွက်လွန်ခြင်းကို အလွယ်တကူ သက်သာပျောက်ကင်းစေမယ့်
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ဆရာဝန် ညွှန်ကြားချက်အတိုင်း ချွေးတိတ်ဆေးများ
သောက်သုံးခြင်း
- ရေပုံမှန်ချိုးပေးခြင်း
- ချည်ထည်များ ဝတ်ဆင်ခြင်း
- ခြေအိတ်များကို မကြာခဏ လဲလှယ်ပေးခြင်း
- သားရေဖြင့် ပြုလုပ်ထားတဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ
ဝတ်ဆင်မှုကို ရှောင်ကြဉ်ခြင်း
တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကို
လုပ်ဆောင်ပေမယ့် ချွေးထွက်လွန်ခြင်းကို ဆက်လက် ခံစားနေရတဲ့ အပြင် ကိုယ်အလေးချိန်
ရုတ်တရက် ကျဆင်းခြင်း၊ အိပ်ပျော်နေစဉ် အလွန်အမင်း ချွေးထွက်ခြင်း၊ အဖျားကြီးခြင်း၊
ရင်ဘတ်အောင့်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊
အသက်ရှူမဝခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အချိန်ကာလ ကြာမြင့်စွာ
ချွေးထွက်လွန်ခြင်းကို ခံစားရခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရပြီ ဆိုတာကြောင့်
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး ဆေးဝါး ကုသမှုတွေ ခံယူသင့်ပါတယ်။
REF: MedicalNewsToday, HealthLine