ဦးနှောက်ရောင်ရောဂါ (Encephalitis) ဆိုတာဘာလဲ

  • 19 Nov, 2019
  • အဖြစ်များသောရောဂါများ

ဦးနှောက်ရောင်ရောဂါ ဆိုတာကတော့ ဦးနှောက်တွင်း တစ်သျှူးများ ‌ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်ရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုပိုးကူးစက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ရောင်ရောဂါကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

ဦးနှောက်ရောင်ရောဂါ ဆိုတာကတော့ ဦးနှောက်တွင်း တစ်သျှူးများ ‌ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်ရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုပိုးကူးစက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဦးနှောက်ရောင်ရောဂါကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

  • ပင်မဦးနှောက်ရောင်ခြင်း (Primary Encephalitis)

ပင်မဦးနှောက်ရောင်ခြင်း ဆိုတာကတော့ ဦးနှောက်တိုက်ရိုက် ရောဂါပိုး ကူးစက်ခြင်းကြောင့် ဦးနှောက်တွင်း တစ်သျှူးများ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။

  • သွယ်ဝိုက်ဦးနှောက်ရောင်ခြင်း (Secondary Encephalitis)

သွယ်ဝိုက်ဦးနှောက်ရောင်ခြင်း ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်း တစ်ခုခုမှာ ရောဂါပိုး ကူးစက်ရာကနေ တစ်ဆင့် ဦးနှောက်ကို ရောဂါပိုး ပျံ့နှံ့သွားခြင်းကြောင့် ဦးနှောက်တွင်း တစ်သျှူးများ ရောင်ရမ်းခြင်းကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဦးနှောက်ရောင်ရောဂါကို သက်ကြီးရွယ်အိုတွေ၊ အသက် (၁) နှစ်အောက် ကလေးငယ်တွေ၊ ခန္ဓာကိုယ် ခုခံအား ကျဆင်းနေသူတွေ အနေနဲ့ များသောအားဖြင့် ခံစားရလေ့ရှိပြီး ဦးနှောက်ရောင်ပိုးကို သယ်ဆောင်လာတဲ့ ခြင်ကိုက်ခြင်းကို ခံရတဲ့ အခါမှာလည်း ဦးနှောက်ရောင်ခြင်းကို ခံစားရနိုင်ပါတယ်။ 

ဦးနှောက်ရောင်ခြင်းကို အဓိက ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ ရေယုန် (Herpes) ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ ရေယုန် ဗိုင်းရပ်စပ်ပိုး ကူးစက်ခံရတဲ့ အခါမှာ ခန္ဓာကိုယ် နေရာအနှံ့မှာ ရေယုန်အနာတွေ ထွက်ပေါ်လာမှာ ဖြစ်တဲ့အပြင် တစ်ခါတရံမှာ ရေယုန် ဗိုင်းရပ်စ်ပိုး ဦးနှောက်တွင်း ကူးစက်သွားခြင်းကြောင့် ဦးနှောက်ရောင်ခြင်းကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။

ဦးနှောက်ရောင်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော ဗိုင်းရပ်စ်ပိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Mumps
  • Epstein – Barr Virus
  • HIV
  • Cytomegalovirus
  • Arboviruses

ဦးနှောက်ရောင်ရောဂါဆိုတာ အဖြစ်နည်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပေမယ့်လည်း အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ‌ဘေးထွက်ဆိုးကျိုးတွေကို ပေးစွမ်းနိုင်တာကြောင့် ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားနေတဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

  • အဖျားကြီးခြင်း
  • ခေါင်းကိုက်ခြင်း
  • မူးဝေခြင်း
  • ဇက်ကြောတက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • စိတ်ကစဥ့်ကလျားဖြစ်ခြင်း
  • နေရောင်ခြည်ဒဏ်မခံနိုင်ခြင်း
  • အော့အန်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကိုယ်လက် နာကျင်ကိုက်ခဲခြင်း

ဦးနှောက်ရောင်ခြင်းကို ကုသမှု ခံယူခဲ့ခြင်း မရှိဘူးဆိုရင် မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ကြွက်သားများ လျော့ရဲခြင်း၊ လှုပ်ရှားရခက်ခဲခြင်း၊ အသက်ရှူမဝခြင်း၊ နားမကြားခြင်း၊ ကိုမာဝင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် တစ်ခါတရံမှာ အသက်သေဆုံးတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ရောင်ရောဂါ ခံစားရတဲ့အခါမှာ ‌ပေါ့ဆလို့ မနေသင့်ပဲ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.