နှလုံးခုန်စည်းချက် မမှန်ခြင်းရောဂါ (Atrial Fibrillation) အကြောင်း သိကောင်းစရာများ

  • 19 Nov, 2019
  • အဖြစ်များသောရောဂါများ

နှလုံးခုန်စည်းချက် မမှန်ခြင်း (Atrial Fibrillation) ဆိုတာကတော့ နှလုံးခုန်နှုန်း မူမမှန်ခြင်းဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးခုန်စည်းချက် မမှန်ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွင်း သွေးခဲခြင်း၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

နှလုံးခုန်စည်းချက် မမှန်ခြင်း (Atrial Fibrillation) ဆိုတာကတော့ နှလုံးခုန်နှုန်း မူမမှန်ခြင်းဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးခုန်စည်းချက် မမှန်ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွင်း သွေးခဲခြင်း၊ လေဖြတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

နှလုံးခုန်စည်းချက် မမှန်ခြင်းဆိုတာကတော့ ခဏတာသာ ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုသမှု ခံယူခဲ့ခြင်း မရှိဘူး ဆိုရင်တော့ နာတာရှည် ရောဂါအဖြစ် ပြောင်းလဲသွားနိုင်သလို အသက် အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် နှလုံးခုန်စည်းချက် မမှန်ခြင်းရောဂါကို အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုတွေမှာ များသောအားဖြင့် မြင်တွေ့ရလေ့ ရှိပါတယ်။

နှလုံးခုန်စည်းချက် မမှန်ခြင်းရောဂါကို ခံစားရတဲ့ အခါမှာ -

  • နှလုံးခုန်မြန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အသက်ရှူမဝခြင်း
  • မိုက်ခနဲဖြစ်ခြင်း
  • မူးဝေခြင်း
  • အားနည်းခြင်း
  • စိတ်ရှုပ်ထွေးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တကယ်လို့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်ကုသမှု ခံယူသင့်ပါတယ်။ နှလုံးခုန်စည်းချက် မမှန်ခြင်းရောဂါကို ကုသခဲ့ခြင်းမရှိဘူးဆိုရင် အောက်ပါ ရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • သွေးခဲခြင်း

နှလုံးအပေါ်ဘက် အခန်းနှစ်ခန်းမှာ သွေးတွေ စုပုံနေခြင်းကြောင့် နှလုံးခုန်နှုန်းလည်း မူမှန်နိုင်မှာ မဟုတ်တဲ့အပြင် သွေးခဲခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ သွေးခဲခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ထိခိုက်စေမှာဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

  • လေဖြတ်ခြင်း

ဦးနှောက်တွင်း သွေးလည်ပတ်မှုမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လေဖြတ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ လေဖြတ်ခြင်းကို ခံစားရတဲ့အခါမှာ ခန္ဓာကိုယ်တစ်ခြမ်း လှုပ်ရှား၍မရခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ စကားပြောရခက်ခဲခြင်း၊ သွားလာရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း (Heart Failure)

နှလုံးခုန်စည်းချက် မမှန်ခြင်းကြောင့် နှလုံးစွမ်းဆောင်ရည်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဥ်တွေမှာ အနှောင့်အယှက်တွေကို ခံစားရမှာဖြစ်ပါတယ်။

နှလုံးခုန်စည်းချက် မမှန်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးပေါင်ချိန် မြင့်တက်ခြင်း
  • နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါများ ခံစားနေရခြင်း
  • နှလုံးခွဲစိတ်ကုသမှု ခံယူဖူးခြင်း
  • နှလုံးအမြှေးဖုံးရောင်ရမ်းခြင်း
  • နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ ခံစားဖူးခြင်း
  • အရက်အလွန်အကျွံသောက်သုံးခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အမျိုးသားဖြစ်ခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း

နှလုံးခုန်စည်းချက် မမှန်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အသီးအရွက်များ စားသုံးပေးခြင်း
  • အဆီပါတဲ့ အစားအစာများ စားသုံးမှုကို ရှောင်ကြဉ်ခြင်း
  • ‌လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အရက်ဖြတ်ခြင်း
  • ကိုယ်အလေးချိန်ထိန်းညှိခြင်း
REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.