အာသီးရောင်ခြင်းအကြောင်း သိထားသင့်တဲ့ အချက်များ
- 18 Nov, 2019
- အဖြစ်များသောရောဂါများ
အာသီးဆိုတာကတော့ လည်ချောင်းရဲ့ အနောက်ဘက် အခြမ်း တစ်ဖက်စီမှာ တည်ရှိနေတဲ့ ပြန်ရည်ကျိတ် နှစ်ခုပဲ ဖြစ်ပါတယ်။ အာသီးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်အတွင်း ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။ တကယ်လို့ အာသီးကို ဘက်တီးရီးယားပိုး ကူးစက်ခြင်း ခံစားနေရမယ် ဆိုရင်တော့ အာသီးရောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာသီးရောင်ခြင်းကို အသက်အရွယ်၊ လူကြီးလူငယ်မရွေး ခံစားရလေ့ ရှိကြပြီး များသောအားဖြင့် Streptococcal ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရတာ ဖြစ်ပါတယ်။
အာသီးဆိုတာကတော့ လည်ချောင်းရဲ့ အနောက်ဘက် အခြမ်း တစ်ဖက်စီမှာ
တည်ရှိနေတဲ့ ပြန်ရည်ကျိတ် နှစ်ခုပဲ ဖြစ်ပါတယ်။ အာသီးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့
ခန္ဓာကိုယ်အတွင်း ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ပေးခြင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ အာသီးကို ဘက်တီးရီးယားပိုး ကူးစက်ခြင်း ခံစားနေရမယ် ဆိုရင်တော့
အာသီးရောင်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာသီးရောင်ခြင်းကို အသက်အရွယ်၊
လူကြီးလူငယ်မရွေး ခံစားရလေ့ ရှိကြပြီး များသောအားဖြင့် Streptococcal ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရတာ ဖြစ်ပါတယ်။
လည်ချောင်းနာခြင်းကို အမျိုးအစားအားဖြင့် နှစ်မျိုးခွဲခြား သတ်မှတ်နိုင်မှာ
ဖြစ်ပါတယ်။
- ကာလတို အာသီးရောင်ခြင်း (Acute Tonsillitis)
ကာလတို အာသီးရောင်ခြင်းကို များသောအားဖြင့် ကလေးငယ်တွေမှာ
မြင်တွေ့ရလေ့ ရှိပါတယ်။ တကယ်လို့ အာသီးရောင်ခြင်းကို (၁၀) ရက်ခန့်သာ
ခံစားခဲ့ရမယ်ဆိုရင် ကာလတို အာသီးရောင်ခြင်းအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ကာလတို အာသီးရောင်ခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် ဆေးဝါးကုသမှု
ခံယူဖို့ လိုအပ်မှာ မဟုတ်ပေမယ့် တစ်ခါတရံမှာတော့ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်မှာ
ဖြစ်ပါတယ်။
- နာတာရှည် အာသီးရောင်ခြင်း (Chronic Tonsillitis)
နာတာရှည် အာသီးရောင်ခြင်းကို ခံစားရတဲ့ အခါမှာ
လည်ချောင်းနာခြင်း၊ ခံတွင်းအနံ့ဆိုးထွက်ခြင်း၊ လည်ပင်း ပြန်ရည်ကျိတ်များ
နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ နာတာရှည် အာသီးရောင်ခြင်းကို
ကာလရှည် ခံစားရခြင်းကြောင့် အာသီး ကျောက်တည်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
အာသီးရောင်ခြင်းကို ခံစားရတဲ့ အခါမှာ -
- လည်ချောင်းနာခြင်း
- အစာမြိုရခက်ခြင်း
- အသံအက်ခြင်း
- ခံတွင်းအနံ့ဆိုးထွက်ခြင်း
- ဖျားနာခြင်း
- ချမ်းတုန်ခြင်း
- နားကိုက်ခြင်း
- ဗိုက်အောင့်ခြင်း
- ခေါင်းကိုက်ခြင်း
- ဇက်ကြောတက်ခြင်း
- မေးရိုးကိုက်ခြင်း
- အာသီးများ ရောင်ရမ်ခြင်း
- အစာစားချင်စိတ်မရှိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အာသီးရောင်ခြင်းကို ခံစားနေရတဲ့အပြင်
ကိုယ်အပူချိန် အလွန်အမင်း မြင့်တက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊
ဇက်ကြောတက်ခြင်း၊ လည်ချောင်း နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
ဗိုင်းရပ်စ်ကြောင့် အာသီးရောင်ခြင်း၊ ဖျားနာခြင်းကြောင့်
အာသီးရောင်ခြင်းတို့ အတွက် ကုသမှု ခံယူနေစရာ လိုအပ်မှာ မဟုတ်ပေမယ့် နာတာရှည်
အာသီးရောင်ခြင်းကို ခံစားနေရမယ် ဆိုရင်တော့ အာသီး ဖြတ်ထုတ်ခြင်း၊ ပိုးသတ်ဆေးများ
သောက်သုံးခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကုသမှု ခံယူဖို့ လိုအပ်မှာ
ဖြစ်ပါတယ်။
ဒါ့အပြင် ရေများများ သောက်သုံးပေးခြင်း၊ ကောင်းမွန်စွာ
အနားယူခြင်း၊ ဆားငံရည်ဖြင့် ပလုတ်ကျင်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊
ခံတွင်းသန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်းစတဲ့ နည်းလမ်းတွေကို
လုပ်ဆောင်ပြီး အာသီးရောင်ခြင်း ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
REF: HealthLine