သားအိမ်ခေါင်း ရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာများ
- 18 Nov, 2019
- အမျိုးသမီးကျန်းမာရေး
သားအိမ်ခေါင်းဆိုတာကတော့ သားအိမ်နဲ့ မအင်္ဂါတို့ကို ချိတ်ဆက်ပေးထားတဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဓမ္မတာချိန်ရောက်တိုင်း သားအိမ်ကနေ ကျဆင်းလာတဲ့ ဓမ္မတာသွေးတွေကို မအင်္ဂါအတွင်းကို ပို့ဆောင်ပေးဖို့ အတွက် သားအိမ်ခေါင်း အနေနဲ့ လုပ်ဆောင်ပေးလျက် ရှိပါတယ်။
သားအိမ်ခေါင်းဆိုတာကတော့ သားအိမ်နဲ့ မအင်္ဂါတို့ကို ချိတ်ဆက်ပေးထားတဲ့
ကျဉ်းမြောင်းတဲ့ လမ်းကြောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဓမ္မတာချိန်ရောက်တိုင်း သားအိမ်ကနေ
ကျဆင်းလာတဲ့ ဓမ္မတာသွေးတွေကို မအင်္ဂါအတွင်းကို ပို့ဆောင်ပေးဖို့ အတွက် သားအိမ်ခေါင်း
အနေနဲ့ လုပ်ဆောင်ပေးလျက် ရှိပါတယ်။
သားအိမ်ခေါင်းကို နူးညံ့သော တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့်
အနည်းငယ် ထိခိုက်မိတာနဲ့ သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့်
သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ
ဖြစ်ပါတယ်။
သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ -
- မိန်းမကိုယ် ယားယံခြင်း
- ဓမ္မတာချိန်မဟုတ်ပဲ သွေးဆင်းခြင်း
- လိင်ဆက်ဆံရာမှာ နာကျင်ခြင်း
- လိင်ဆက်ဆံပြီးတိုင်း သွေးထွက်ခြင်း
- သားအိမ်ခေါင်း နာကျင်ခြင်း
- ဆီးသွားရာမှာ နာကျင်ခြင်း
- မကြာခဏ ဆီးသွားခြင်း
- အနံ့ဆိုးတဲ့ အရည်များ မိန်းမကိုယ်မှထွက်ခြင်း
- နောက်ကျော နာကျင်ခြင်း
- ဗိုက်အောင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- ကလမိုင်ဒီးယ ကူးစက်ရောဂါ (Chlamydia)
- ဆီးပူညောင်းကျရောဂါ (Gonorrhea)
- ထရိုင်ခိုမိုနီရေးစစ် (Trichomoniasis)
- လိင်အင်္ဂါ ရေယုန်ရောဂါ (Genital Herpes)
- Mycoplasma ကပ်ပါးပိုးကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ကူးစက်ရောဂါ
- ယူရီယာပလာစမာရောဂါ (Ureaplasma)
ဒါ့အပြင် ကွန်ဒုံးနှင့် ဓာတ်မတည့်ခြင်း၊ ဓမ္မတာလာချိန်မှာ မိန်းမကိုယ်လမ်းကြောင်းထဲ
ထည့်သွင်းပြီး အသုံးပြုရတဲ့ ဂွမ်းလိပ်ကို (Tampon) အသုံးပြုခြင်း၊ မိန်းမကိုယ် ဘက်တီးရီးယားပိုး
ကူးစက်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ကင်ဆာရောဂါ ခံစားနေရခြင်းစတဲ့ အကြောင်းအရင်းတွေကြောင့်လည်း
သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။
သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို
လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- ကြက်သွန်ဖြူစားသုံးပေးခြင်း
- လက်ဖက်စိမ်း ရေနွေးကြမ်း သောက်သုံးပေးခြင်း
- အနံ့၊ အဆီပါဝင်တဲ့ ကွန်ဒုံးများ အသုံးပြုမှုကို ရှောင်ကြဥ်ခြင်း
- ပါးလွှာတဲ့ အတွင်းခံများ ဝတ်ဆင်ခြင်း
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဥ်ခြင်း
REF: MedicalNewsToday, HealthLine