ကုံကုမံ (Saffron) ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
- 18 Nov, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ကုံကုမံ (Saffron) ဆိုတာကတော့ (Crocus Sativus) အပင်ရဲ့ ပန်းဝတ်ဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကုံကုမံကို ရှေးယခင် အချိန်ကတည်းက အစားအစာများတွင် ဆိုးဆေးအဖြစ် အသုံးပြုရာတွင်လည်းကောင်း၊ အမွှေးအကြိုင်ဖြစ်လည်းကောင်း၊ ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ မုန့်ဖုတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ ရှိကြပါတယ်။
ကုံကုမံ (Saffron) ဆိုတာကတော့ (Crocus Sativus) အပင်ရဲ့ ပန်းဝတ်ဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ကုံကုမံကို ရှေးယခင် အချိန်ကတည်းက
အစားအစာများတွင် ဆိုးဆေးအဖြစ် အသုံးပြုရာတွင်လည်းကောင်း၊ အမွှေးအကြိုင်ဖြစ်လည်းကောင်း၊
ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ မုန့်ဖုတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ ရှိကြပါတယ်။
ကုံကုမံကို အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့တွင် ဒံပေါက်ထမင်း
အရောင်အသွေး စုံလင်စေဖို့အတွက် အသုံးပြုလေ့ ရှိကြပါတယ်။ ဒါ့အပြင် ကုံကုမံကို စားသုံးခြင်းကြောင့်
ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်း များစွာကိုလည်း ခံစားရရှိနိုင်မှာ ဖြစ်တာကြောင့်
ကုံကုမံရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြ ပေးလိုက်ရတာ ဖြစ်ပါတယ်။
- အန်တီအောက်ဆီဒန့် (Antioxidants) ဒြပ်ပေါင်းများ ကြွယ်ဝစွာ ပါဝင်ခြင်း
ကုံကုမံမှာ အန်တီအောက်ဆီဒန့် (Antioxidants) ဒြပ်ပေါင်းတွေဖြစ်တဲ့ (Crocin, Picrocrocin, Safranal) စတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တဲ့ အပြင် အခြားသော ဒြပ်ပေါင်းတွေဖြစ်တဲ့ (Kaempferol,
Crocetin) စတဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။
အဆိုပါ အန်တီအောက်ဆီဒန့်တွေ အနေနဲ့ ခန္ဓာကိုယ်တွင်း (Oxidative Stress) တွေ မြင့်တက်လာမှုကို လျော့ချပေးနိုင်သလို ခန္ဓာကိုယ် အတွက် ဆိုးကျိုးတွေကို
ဖြစ်ပွားစေနိုင်တဲ့ (Free Radicals) တွေ ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးနိုင်မှာ
ဖြစ်ပါတယ်။
(Oxidative Stress) နဲ့ (Free Radicals) တို့ကြောင့်
ကင်ဆာရောဂါ၊ နှလုံးရောဂါတို့ကို ဖြစ်ပွားစေနိုင်တာကြောင့် ကုံကုမံပါဝင်တဲ့ အစားအစာတွေကို
စားသုံးပေးခြင်းဖြင့် အဆိုပါ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
- အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း
လေ့လာတွေ့ရှိချက်တွေအရ ကုံကုမံမှာ ပါဝင်တဲ့ (Crocin) အန်တီအောက်ဆီဒန့် ဒြပ်ပေါင်းအနေနဲ့ ဦးနှောက် ရောင်ရမ်းခြင်း၊ ဦးနှောက်ပျက်စီးခြင်းစတဲ့
ဝေဒနာတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုံကုမံ
ပါဝင်တဲ့ ဆေးဝါးတွေကို သောက်သုံးပေးခြင်းဖြင့် အယ်လ်ဇိုင်းမာရောဂါ ခံစားနေရမှုကို သက်သာ
ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- စိတ်ကျဝေဒနာ ခံစားရမှုကို ကာကွယ်ပေးခြင်း
တစ်နေ့ကို ကုံကုမံ (၃၀) မီလီဂရမ်ခန့် စားသုံးပေးခြင်းဖြင့် စိတ်ကျဝေဒနာ
ခံစားရမှုကို ကာကွယ်ပေးမှာ ဖြစ်တဲ့အပြင် စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- လိင်ဆက်ဆံလိုစိတ်ကို မြှင့်တင်ပေးခြင်း
ကုံကုမံကို စားသုံးပေးခြင်းရဲ့ နောက်ထပ် ကောင်းကျိုး တစ်ခုကတော့
အမျိုးသားတွေအပြင် အမျိုးသမီးတွေမှာပါ လိင်ဆက်ဆံလိုစိတ်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ရာသီမလာခင် ခံစားရလေ့ရှိတဲ့ ဝေဒနာများ
(Pre-Menstrual Syndrome) ကို သက်သာစေခြင်း
အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကို ကုံကုမံ (၃၀) မီလီဂရမ်ကို စားသုံးပေးခြင်းဖြင့်
ရာသီမလာခင် ခံစားရလေ့ရှိတဲ့ ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
ကုံကုမံကို မိနစ် (၂၀) ခန့် ရှူရှိုက်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြစ်ပွားစေတဲ့
(Cortisol) ဟော်မုန်း ထွက်ပေါ်မှုကို လျော့ကျစေမှာ ဖြစ်ပါတယ်။
- ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း
ကုံကုမံကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှာ ပိုလျှံနေတဲ့
အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်တဲ့အပြင် မကြာခဏ အစာစားချင်စိတ် ဖြစ်ပွားမှုကိုလည်း
လျော့ချနိုင်မှာ ဖြစ်ပါတယ်။
ကုံကုမကို စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာကို
ခံစားရရှိနိုင်မှာ ဖြစ်ပေမယ့်လည်း အလွန်အကျွံ စားသုံးခဲ့မယ် ဆိုရင်တော့ ခန္ဓာကိုယ်အတွက်
အဆိပ်အတောက်တွေကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ကုံကုမံ (၅) ဂရမ်ခဲ့ စားသုံးခဲ့မယ်ဆိုရင်
အမျိုးသမီးတွေမှာ သားအိမ်နဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေကို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
REF: MedicalNewsToday
